Author's Profile Photo

SarPhat Author

17/10/2024

?? ဂျပန်လူမျိုးတွေပေးတဲ့ ငွေကြေးဆိုင်ရာသင်ခန်းစာ ?? Financial Education from Japanese People and Culture

3 mins read
Life Style
Personal Development
Finance
?? ဂျပန်လူမျိုးတွေပေးတဲ့ ငွေကြေးဆိုင်ရာသင်ခန်းစာ ?? 
Financial Education from Japanese People and Culture's photo


အချက်အလက်များအရ
◾️ ဂျပန်လူမျိုးတွေရဲ့ ငွေစုဆောင်းနှုန်းဟာ ပျမ်းမျှအားဖြင့် တနှစ်ကို 39.3 ရာခိုင်နှုန်းရှိပါသတဲ့။

ဆိုလိုတဲ့သဘောက ငွေ ၁၀၀ ဝင်ရင် ၃၉ ကျပ်က စုငွေ အဖြစ် ပြောင်းလဲလေ့ရှိကြပါတယ်။

◾️ အမေရိကန်နိုင်ငံ သား များရဲ့ ငွေစုဆောင်းနှုန်််းက တော့ တနှစ်ကို ၃ ရာခိုင်နှုန်းရှိကြပါသတဲ့။


? သင်ခန်းစာအရတော့

• ရှာနိုင်တာကိုပိုများအောင် ရှာပြီး
• သုံးတာကို ရှာနိုင်တာထက်လျော့နိုင်သမျှလျော့အောင် သုံးစွဲခြင်း
(Financial Literacy ရှိခြင်း)

? ChoChiku ( 貯蓄)

• မြန်မာလိုပြန်ရင် စုဆောင်းခြင်းလို့အဓိပ္ပါယ်ရတဲ့ အဲ့ဒီစကားလုံးဟာ ဘာကိုပြောချင်တာလဲဆိုတော့တဲ့
ကိုယ့်ကိုကို ထိန်းချုပ်နိုင်ခြင်း (Self Dicipline) နှင့် တန်ဖိုးရှိအသုံးဝင်မူ့ကို အခြေခံသော သုံးစွဲခြင်း ( Frugality) ကို ပိုအလေးပေးကြပါသတဲ့။

• လိုချင်တာထက် လိုအပ်တာကိုသုံးမယ်။
• လိုအပ်တာထက် ပိုအသုံးဝင်တာကိုရွေးချယ်ဝယ်ယူမယ်။
• ဝယ်ယူထားတဲ့ အသုံးဝင်တဲ့ပစ္စည်းကို စည်းကမ်းတကျ သုံးစွဲမယ်။


? Kakeibo (家計簿)

◾️ The Art Of Budgeting (ငွေကို ကန့်သတ်သုံးစွဲခြင်းအနုပညာ) လို့ခေါ်တဲ့ ဒီနည်းစနစ်ကို သူတို့ဘယ်လိုသုံးကြသလဲဆိုရင်

၁. လတစ်လရဲ့အစမှာ ဝင်မယ့်ဝင်ငွေရယ်၊ အဲ့ဒီလအတွက်လိုအပ်နိုင်မယ့်အသုံးစရိတ်ရယ်ကို စာရွက်ပေါ်မှာချရေးတယ်။

၂. ပြီးရင်အဲ့ထဲကနေ တချို့တဝက်ကို စုငွေအဖြစ်သတ်မှတ်မယ်။ဥပမာ ဝင်ငွေ၏ ၁၀ရာခိုင်နှုန်းဆိုတာမျိုးပေါ့။

၃. လတလ၏အစ သုံးစွဲတဲ့နေကနေစပြီးတော့ တရက်ချင်းစီတိုင်း၏ အသုံးစရိတ်ကို စာရွက်ပေါ်မှာချရေးတယ်။ ရက် ၃၀ တိတိ အဲ့အတိုင်းမပျက်မကွက် ရေးမှတ်သွားတယ်။ လကုန်ရင် ဘယ်မှာဘာတွေသုံးသွားတယ်ဆိုတာကို စာရင်းပြန်ချုပ်(Summarize) လုပ်တယ်။

၄. kakeibo စတိုင် စာရင်းရေးမှတ်ခြင်းမှာ ဘာတွေပါဝင်သလဲဆိုတော့ ရငွေ၊သုံးငွေတွေအပါအဝင် ကိုယ့်အတွေးအမြင် နှင့် တွေ့ရှိချက်တွေကိုပါ ချရေးလေ့ရှိကြပါသတဲ့။ အဲ့လိုနည်းအားဖြင့် လူတစ်ဦးချင်းစီ၏ ငွေကြေးသုံးစွဲမူ့စနစ်မှာ ယိုပေါက်တွေကိုတွေ့ရှိနိုင်ကြပါတယ်တဲ့။

◾️ ​Minimalism and mindfulness

ရုပ်၀တ္တုပိုင်းဆိုင်ရာ ပိုင်ဆိုင်မူ့များပြားလွန်းခြင်းကို လျော့ချပြီး သတိ တရားနှင့်ငွေကြေးကို သုံးစွဲခြင်း အား ပိုမိုအလေးပေးဆောင်ရွက်လေ့ရှိကြပါတယ်။
ကိုယ့် အိုးကိုယ့်ဆန် တန်ရာတန်ရာ သုံးစွဲမူ့ကို အလေးပေးဆောင်ရွက်ခြင်းပါ။

လူအများစုက ဝင်ငွေတွေတိုးတက်လာရင် သုံးငွေကိုလဲလိုက်များလာလေ့ရှိကြပါတယ်။ လူအများရဲ့ဆန့်ကျင်ဘက်နေရာမှာနေခြင်းအားဖြင့် တချိန် အများဒုက္ခရောက်တဲ့အချိန်မှာ ကိုယ့်ဆီဝင်လာမယ့် ဒုက္ခတွေကို လျော့နည်းနိုင်သမျှ လျော့နည်းအောင်လျော့ချနိုင်လေ့ရှိကြပါတယ်။


◾️ Contentment and Intentional Living

ရောင့်ရဲတင်းတိမ်ခြင်းနှင့် ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်း စိတ်ကူးတွေအတိုင်းဘ၀ကိုပုံဖော်ကာ နေတဲ့နည်း ပါ။

ဒီနေရာမှာ ရောင့်ရဲတင်းတိမ်နိုင်ခြင်းဆိုတာ ၁၀၀ ရလို့ ၅ ကျပ်ပဲသုံးပြီးကပ်စေးနည်းခိုင်းတာမျိုးမဟုတ်ပါပဲနဲ့ လိုအပ်တဲ့ အရာတွေကို ဝယ်ယူသုံးစွဲဖို့လိုပါတယ်။

နောက်တစ်ချက်က ရောင့်ရဲတင်းတိမ်ခြင်း ဆိုတာဟာ ကိုယ်ရောက်နေတဲ့နေရာမှာ ငါကတော့ ဒါပဲရတယ် ဆက်မကြိုးစားချင်တော့ဘူးဆိုတာမျိုးလဲမဟုတ်ပြန်ပါဘူး။

ကြိုးစားမူ့ လုံ့လ

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်

Unlock to read this premium article with 10 points.