Author's Profile Photo

Par Te

17/10/2024

Happy Thadingyut ပါ

1 min read
Life Style
Happy Thadingyut ပါ's photo


ကျွန်မ ခရစ်ယာန်တစ်ယောက်ဖြစ်တော့ သီတင်း
ကျွတ်နဲ့ ပတ်သက်ပြီး များစွာမသိ နားမလည်သေးပေမဲ့ ဒီသီတင်းကျွတ်မှာ ကျွန်မအလွန်ပျော်ရွှင်ရပါတယ်။ မြန်မာလူမျိုး တစ်ယောက် အနေနဲ့ ဒီသတင်းကျွတ်အကြောင်းကို သေချာမသိတာက ကျွန်မရဲ့ အားနည်းချက်ပါပဲ။

ဒီနေ့ မနက်ခင်း နိုးလာတော့ သူငယ်ချင်း၊မိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက်က Happy Thadingyut ပါ ဆိုပြီး စာလာပို့ကြတယ်။ အချို့က ပန်းလာရောင်းလို့ရလာနဲ့၊ အချို့က မုန့်ဖိုးဆိုပြီး ဓာတ်ပုံလေးတွေနဲ့ ပို့လာသလို၊ အချို့က Kpay နံပတ်တွေ ပို့လာပေးကြတယ်။ သိပ့်ပြီးကြည်နူးမိတယ်။

နောက်ပြီးတေ့ာ ကျွန်မ Coaching ပေးခဲ့ဖူးတဲ့သူတွေအချို့က သူတို့ပြောမှား ဆိုမှားတာတွေရှိရင် ခွင့်လွတ်ပါနော်ဆိုပြီး လာပို့ပါတယ်။ ကျွန်မပြုံးနေမိတယ်။

ဒီကာလမှာ အငယ်တွေက အကြီးတွေကို ကန်တော့ပြီး အကြီးတွေက မုန့်ဖိုးပြန်ပေးကြတယ်၊ အလုပ်ရှင်တွေက စာအိပ်နီတွေနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို မုန့်ဖိုးပေးကြတယ်။ ဘုရားသွားကြတယ်၊ အချင်းချင်းတောင်းပန် စရာရှိတာ တောင်းပန်ကြတယ်။ ဒီအရာတွေကြောင့် ခွင့်မလွတ်ချင်လို့မရအောင် ခွင့်လွတ်ကြမယ် ထင်ပါတယ်။

ဒီ လှုပ်ရှားမှုတွေကို တွေ့ပြီ ဘယ်လောက်တောင် ပျော်ရွင်စရာကောင်းတဲ့ ပတ်ဝန်းကျင်လဲ တွေးမိတယ်။

Sarphat မှာရှိနေတဲ့ စာရေးသူ စာဖတ်သူတွေအားလုံးလည်း Happy Thadingyut ပါ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

အမှားအယွင်းတွေရှိခဲ့မယ်ယ်ဆိုရင် တောင်းပန်ပါတယ်
Clay_ခလေး
17/10/2024 ??

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်