First Light Insights
လူတစ်ယောက်ထဲကနေယုန်နှစ်ကောင်ကို တစ်ပြိုင်ထဲဖမ်းချင်လို့မရဘူးတဲ့...။
ဒါဘာကိုပြောတာလဲဆိုရင်ကိုယ်ကယုန်တစ်ကောင် ရလာဖို့တွက်ကိုပဲ အရင်ဦးဆုံး
အာရုံစူးစိုက်ပြီးကြိုးစားလုပ်ဆောင်သင့်တယ်...။
တစ်ခါတစ်လေကျရင် ဘာမှဖြစ်ဖြစ်မြောက်မြောက်
ဖြစ်မလာသေးတာဟာ လူတစ်ယောက်ထဲကနေ
ဖြစ်ချင်တဲ့အရာတွေ၊ လုပ်ချင်တဲ့အရာတွေ
အရမ်းများနေလို့ဖြစ်တယ်...။
အဲ့တော့ ကိုယ်အလိုချင်ဆုံးအရာတစ်ခုထဲကိုပဲ အာရုံစူးစိုက်မှု့ပေးလိုက်ရင် စိတ်မှာငါဘာကိုလုပ်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်သွားပြီး
လုပ်ရကိုင်ရတာ ပိုလွယ်ကူသွားပြီ...။
ကိုယ်က ကိုယ့်ရဲ့ခန္ဓာကိုယ်ကို သန်မာလာအောင်သာအာရုံစိုက်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်သွားမယ်ဆိုရင်ကျန်းမာတဲ့ခန္ဓာကိုယ်ကို ကိုယ်ကခေါ်စရာမလိုပဲလိုက်လာမှာပဲ...။
ကိုယ်က ချစ်ခြင်းမေတ္တာကို အဓိကထား
အာရုံစိုက်ပြီးလုပ်ပေးကိုင်ပေးနေမယ်ဆိုရင်
တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံမှု့တွေကလဲတစ်နေ့တခြားအားကောင်းလာမှာပဲ...။
ကိုယ်လုပ်ရမှာက ကိုယ်မလုပ်ချင်တဲ့ အရာမှန်သမျှကိုတွေးမနေပဲ ကိုယ်ဖြစ်ချင်လုပ်ချင်တဲ့အရာကိုသာသေချာအာရုံစူးစိုက်ပြီး လုပ်ဆောင်ဖို့ပဲလိုတယ်...။
Focus + Action = Result တစ်ခုကတော့အမြဲထွက်တယ်...။
#First_Light_Insights
https://t.me/fli6128/31
Keep Reading