Moe Min Aung
Big Bang ဆိုတာ ဘာလဲ?
ကမ္ဘာကြီး ဘယ်လိုစတင်ခဲ့တာလဲ?
ကမ္ဘာမြေပေါ်ကို သက်ရှိတွေ ဘယ်အချိန်က စတင်ခဲ့တာလဲ?
ဂျုးလူမျိုးတွေနဲ့ ဂျုးဘာသာအကြောင်းကို သိလား?
ဂျီးဇပ်ခရိုက်ဆိုတာ ဘယ်သူလဲ?
အကယ်၍ လူတစ်ယောက်က လွန်ခဲ့သော ဘီစီ၁၀၀ခန့်ကလို့ပြောလိုက်ရင် အဲ့ဒါက ယေရူခရစ်တော် မမွေးဖွားခင် နှစ်၁၀၀အလိုပဲလို့ မှတ်ရမယ်။ အကယ်၍ လူတစ်ယောက်ကလွန်ခဲ့သော အေဒီ၁၀၀ခန့်ကလို့ပြောလိုက်ရင် အဲ့ဒါကယေရူခရစ်တော် မွေးဖွားပြီး နှစ်၁၀၀အလွန်ပဲလို့ မှတ်ရမယ်။
လွန်ခဲ့တဲ့ ဘီစီ ၂၃၀၀ကစလို့ အရှေ့အလယ်ပိုင်းဒေသကို Akkadianအင်ပါယာ၊ ဘေဘီလုံအင်ပါယာ၊ အာရူရိအင်ပါယာ၊ ပါရှားအင်ပါယာ၊ မဟာအလက်ဇန်းဒါးအင်ပါယာ၊ Seeucidအင်ပါယာ၊ ပါသီယန်အင်ပါယာ၊ ရောမအင်ပါယာ (ရိုမန်အင်ပါယာ)၊ Sassanianအင်ပါယာ၊ အစ္စလာမ့်Caliphatesအင်ပါယာ၊ မွန်ဂိုအင်ပါယာနဲ့ အော်တိုမန်အင်ပါယာတို့ဟာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ကြတယ်။
ရောမအင်ပါယာအုပ်ချုပ်စဥ်က ဂျီးဇပ်ခရိုက်ကို ကားစင်တင်ခဲ့ပြီး နှစ်ပေါင်း၅၀၀အကြာ ဂျုးလူမျိုးတွေနေထိုင်တဲ့နေရာနဲ့ မိုင်၈၀၀အကွာမက္ကာမြို့မှာ တမန်တော် မိုဟာမသ်ကို မွေးဖွားခဲ့တယ်။ တမန်တော်မိုဟာမတ်ဟာ အီစလာမ်ဘာသာကို ဦးဆောင်ပြီး ထူထောင်ခဲ့တယ်။ ပြောချင်တာက အရှေ့အလယ်ပိုင်းဒေသဟာ ဂျုးဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အီစလာမ်ဘာသာတို့ စတင်ပေါ်ထွန်းခဲ့တဲ့ဒေသတစ်ခုဖြစ်တယ်။ အဲ့ဒီဒေသဟာ ဂျုး ရောမစစ်ပွဲ (စီအီး၆၆-၁၃၅) မှ ဆီရီးယားပြည်တွင်းစစ် (၂၀၁၁) အဆုံး များစွာသော ဘာသာရေးစစ်ပွဲတွေလည်း ဖြစ်ခဲ့တယ်။
အလွန်အင်မတန် အင်အားကြီးတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့ တိုင်းသူပြည်သားတွေ ကျယ်ကျယ်ပြန့်ပြန့် နေထိုင်စေဖို့ သို့မဟုတ် သူ့ရဲ့ တိုင်းပြည်ဟာ သန်မာပြီး ကြီးထွားလာဖို့၊ စီးပွားရေးတောင့်တင်းပြီး အင်အားကြီးမားလာဖို့အတွက် နယ်မြေချဲ့ထွင်တယ်။ နနယ်မြေချဲ့ထွင်တဲ့နေရာမှ သေးငယ်ပြီး အားနည်းနေတဲ့ အခြားတိုင်းပြည်ငယ်တစ်ခုကို လွယ်ကူစွာသိမ်းယူလိုက်တယ်။ ပြီးတော့ အဲ့ဒီတိုင်းပြည်ကို မိမိတိုင်းပြည်ရဲ့ ပြည်နယ်တစ်ခုဖြစ် ပြုလုပ်ပြီးသတ်မှတ်လိုက်တယ်။ တိုင်းသူပြည်သားတွေကို ကျွန်ပြုတယ်။ သယံဇာတွေကို သိမ်းဆည်းတယ်။မိမိတိုင်းပြည်ရဲ့ လာက်အောက်ခံ တိုင်းပြည်တစ်ခုရရှိပြီးသွားတဲ့နောက်မှာ အခြားတိုင်းပြည်တွေကိုထပ်မံ သိမ်းယူပြန်တယ်။ ဒါဟာကိုလိုနီစနစ်ပါပဲ။
မိမိတိုင်းပြည်ရဲ့ စစ်တပ်နဲ့အာဏာကို အသုံးပြုပြီး အခြားတိုင်းပြည်တစ်ခုကို ကိုလိုနီပြုတာဟာ စစ်ရေးအရ ကိုလိုနီစနစ်ဖြစ်ပြီး အခြားတိုင်းပြည်တစ်ခုရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် တိုင်းပြည်ရဲ့အဓိကကျတဲ့ စက်ရုံလုပ်ငန်းကြီးတွေကို သိမ်းပိုက်ပြီး ကိုလိုနီပြုတာဟာ စီးပွားရေးအရ ကိုလိုနီစနစ်ပဲဖြစ်တယ်။
Keep Reading