Aye Nyein Htwe
သူ့ကိုစတွေ့သည့်အချိန်က အချစ်ဟု နားလည်ခြင်းမဟုခဲ့။ သဘောကျဖွယ်ကောင်းသည့် ကောင်လေးဟု အတွေးဝင်ပြုံးမိရုံသာ ဖြစ်သည် ။
မြင်ဖူးခင်ဖူးခဲ့သော အခြားယောကျာ်းကလေးများနှင့် မတူသောအချက်မှာ သူ၏အပြုံးဟု ဆိုရပေမည်။ ဖျတ်ခနဲကြည့်မိသည့် သူ့အပြုံးကိုပင် အတွေးထဲမှာအချိန်အတော်ကြာထိ
နေရာယူ ဝင်ရောက်စေခဲ့သည်။
အချိန်မှာ တရွေ့ရွေ့နှင့် ရက်များစွာကုန်လွန်ကာ
ထိုရက်တို့တွင် ကျွန်မရဲ့ပျော်ရွှင်မှုများကိုသူ၏ အပြုအမူ၊အနေအထိုင်ပေါ်တွင် ပုံအပ်နေသလိုပင်ဖြစ်ခဲ့ရသည်။
ချစ်မိနေပြီမဆိုနိုင်သော်လည်း တခြားကောင်မလေးများနှင့် စကားပြောရုံပင်ကျွန်မမှာ စိတ်မကြည်ဖြစ်နေရလေပြီ။
သူဟာ အမြဲလူကြီးတစ်ယောက်လိုအတွေးအခေါ်နဲ့
နေတဲ့သူ။ အနေအေးတယ်။သူ၏စကားပြောဆိုပုံမှာ ယောကျာ်းပီသသောအသံသြသြ မဟုသကဲ့သို့ နွဲ့ညောင်းသော သာယာသံဟူ၍လည်း မဆိုနိုင်ပါ။
ရင့်ကျတ်တည်ငြိမ်သော လေသံအနေအထားဖြင့် ပြောဆိုတတ်သူဖြစ်သည်။
အချိန်တိုင်းနီးပါး သူလာရာအရပ်ကိုသာမျှော်မိ၍ ကျွန်မအတွေးကမ္ဘာထဲတွင် သူသာလျှင်
နေရာယူစိုးမိုးနေခဲ့သည်။ သူကတော့
ကျွန်မတိတ်တခိုး မြတ်နိုးနေသည်ကို သိရန်နေသာ သူ့အပြုမူတိုင်းနီးပါးအား ခိုးကြည့်နေသော
ကျွန်မမျက်လုံးကိုပင် မကြည့်ခဲ့။
တစ်ခါတရံတွင် အမှတ်တမဲ့တိုက်ဆိုင်၍
မျက်လုံးချင်းဆုံလျှင်ပင် သတိမထားမိဟန်ဖြင့်ရှောင်လွှဲခဲ့သည်မှာ သူ့ဘက်ကသာ အရင်ဖြစ်သည်။
Sem2 mid ဖြေရမည့်စာမေးပွဲမှာ နီးကပ်လာ၍ သူ့အကြောင့်ပင် မတွေးမိနိုင်လောက်အောင် စိတ်ညစ်နေချိန်ဖြစ်သည်။ တနင်္လာနေ့တွင် (-)ဖြေရမည်သိရက်နှင့် စာထဲတွင် အာရုံမရနိုင်ဖြစ်နေသည်။စိတ်ပြေလက်ပျောက်ဖြစ်ရန် ဖုန်းကြည့်ခဲ့ရာ ထပ်၍ပင်အချိန်ကုန်ခဲ့ပြန်သည်။
ထိုချိန်တွင် ရုတ်တရက်၌ ကျွန်မနေ့တိုင်းနီးပါးစောင့်မျှော်နေသည့် သူ့active nowလေးကို တွေ့ရသည်။ သတ္တိမွေးပီး''.......................ဟု ပို့ကာ ရင်းနှီးခွင့်ရရန် ကြိုးစားခဲ့သည်။
သူ့ဘက်ကတုံ့ပြန်မှုတွင် ကျောင်းစာနှင့်ပတ်သက်သည်မှလွဲ၍ တခြားရင်းနှီးမှုပိုစေသည့် အကြောင်းအရာမပါသော်လည်း.....
"ကျွန်မအား သူသိပြီဆိုသည့်အတွေးနဲ့တင် ကျေနပ်နေတော့သည်...../
Keep Reading