Author's Profile Photo

SarPhat Author

16/10/2024

ဧည့်သည်

2 mins read
Art
Novel
Creative
ဧည့်သည်'s photo

(Part -2)
အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ရောက်ပြီး ကားပေါ်မှ ဆင်းလိုက်သောအခါ

"ညီလေး ဘယ်သွားမလဲ "

"အစ်မ ကားငှားမလား"

ကားအငှားယာဉ်မောင်းတို့၏စကားသံဖြင့် စည်ကားနေပြန်၏။နိုင်လင်းမှာ ကားသမားများအား ခေါင်းခါ ပြရင်း ကားလက်မှတ်ရောင်းသည့်ဌာန အတွင်း ဝင်ထိုင်လေသည်။ ထိုစဉ် ဖုန်းသံမြည်လာပြီး
"သား ဘယ်မှာလဲ မကြီးက ဂိတ်-2မှာ "

နိင်လင်းမှာ ဇက်ကလေးပုသွားပြီး "အာ့ မကြီး သား ဂိတ်ဆုံးထိပါသွားတယ် ဟီးဟီး"
"သားကလည်း မကြီးသေချာ မှာထားရက်နက် အဲ့မှာ စောင့်နေ မကြီးလာကြိုမယ်"
"ဟုတ်ဟုတ် မကြီး"
ဆိုကာ Facebook ကြည့်နေလေသည်။ Facebook ထဲတွင် ဘေးဘီဝန်းကျင်ဂရုမစိုက်နေလောက်အောင် ကြည့်နေပြီး

"ဟဲ့ သား ဒီကလေး ဖုန်းကြည့်နေတယ် လာ သွားမယ်"
မကြီးမှ မိမိအား ကားဝန်းအတွင်းထဲသို့လာကြိုပြီး မြောက်ဒဂုံသို့ သွားကြလေသည်။ မြောက်ဒဂုံရှိ မကြီးတို၏ မိသားစုတို့သည် နွေးထွေးစွာကြိုဆိုကြသည်။ ရန်ကုန်ရောက်ပြီး တစ်ပတ်ကြာသည်အထိ မည်မည်ရရ လုပ်ရမည့် အလုပ်မျိုးမတွေ့။
မကြီး အား အလုပ်လုပ်ချငိသည်ဟုပြောသော အခါ အလုပ်ခေါ်သော website များကို ညွန်း‌ေပးလေသည်။
"ဒါနဲ့ သားမှာ cvဖောင်ရှိလား"

"မရှိဘူး မကြီး သား သွားဝယ်လိုက်ရမယ်လေ "

"ဟဲ့ဟဲ့ ဒီကောင်လေး ခက်နေပါပြီး သွားဝယ်စရာမလိုဘူး မကြီး သူငယ်ချင်းက လုပ်တတ်တယ် သူ့ကိုအကူအညီတောင်းပြီး pdf file ပို့ပေးလို့ပြောလိုက်မယ်"
ဤသို့နှင့် Cv pdf file အား မကြီးlaptopထဲသို mailနှင့် ပို့လာလေသည်။ laptop မှ တဆင့် နိုင်လင်း၏ ဖုန်းထဲသို့ ပြောင်းထည့်လေသည်။ ထိုနောက် မကြီးမှ Cv pdf file အား ဆိုင်သွား၍ print ထုတ်ရန်ပြောလေသည်။

နိုင်လင်း၏ တစ်သက်နှင့်တစ်ကိုယ် မကြားဖူးသော pdf file mail ဆိုတာ ကြားဖူးလိုက်လေသည်။"ဟူးးး" ရန်ကုန် မြို့ကြီး ဝင်တိုးဖို့ မလွယ်ပါလား အတွေးဝင်မိသွားလေသည်။

မကြီး ညွန်းပေးသော website ဝင်ကြည့်သောအခါ အတွေ့အကြုံရှိရမည် ။လုပ်သက် ၂နှစ်ရှိရမည်ဟူ၍သာ တွေ့နေရလေသည်။ မိမိမှာ လုပ်သက်အတွေ့အကြုံမရှိသဖြင့် မလျှောက်နိုင်လေသည်။တစ်ချို့အလုပ်ခေါ်စာများသည် Viber မှနေပြီး လျှောက်ရသော်လည်း တစ်ချို့အလုပ်များသည် Email မှ တစ်ဆင့်လျှောက်ရသောအလုပ်များဖြစ်နေသဖြင့် အလုပ်ရှာရန်မလွယ် ဖြစ်နေလေသည်။

သို့ရာတွင် မုန်းတိုင်းပြီးလျှင် လေ‌ေပြလာမည်ဟု ဆိုသည့်အတိုင်း တက္ကသိုလ်က သူငယ်ချင်း‌‌ေဝယံနှင့် လိုင်းပေါ်တွင်ဆုံပြီး
အကျိုးသင့်အ‌ေကြာင်းသင့်ပြောပြမိသော် သူ့၏ အိမ်တွင် online shop ဖွင့်ထားကြောင်းနှင့် လုပ်မည် ဆိုလျှင် သာကေတသို့ လာခဲ့ကြောင်းပြောပြလေသည်။လာမည်ဆိုလျှင် လိပ်စာပေးမည် ဟု ပြောလေသည်။

ထို့နောက်နိုင်လင်းသည် တွေဝေ မနေတော့ပဲ ဝမ်းသာအားနှင့်

"သားကြီးရာ ငါလာလုပ်မယ် လေ လိပ်စာသာပေးကွာ"

တစ်ဖက်မှ ဝေယံသည်
"မှတ်ထားကွာ ငါတို့ကသာကေတ --ရပ်ကွက် --လမ်း ဝက်စုမှတ်တိုင် ဖုန်း09------- အဲ့အမှတ်တိုင်ရောက်ရင် ဖုန်းဆက် ဟုတ်ပြီးလား သားကြီး"

"ကျေးဇူးပါကွာ မင့်ကျေးဇူးမမေ့ပါဘူး"
ထို့နောက် နိုင်လင်းသည် မကြီးအား
"မမ သာကေတ ဘယ်လို သွားရတာလဲ"

"ဟေ ဘာလို့လဲ သား"

"သား တက္ကသိုလ်သူငယ်ချင်းက သာကေတမှာ သူ့အလုပ်ခန့်မယ်ပြောလို့ online shop တဲ့ အဲ့ကို သွားမလို့ သာကေတ ဝက်စု မှတ်တိုင်လို့တော့ပြောတယ် "

"မကြီးသိတာက 84ကားစီးရင်တော့ သာကေတ ရောက်တယ် အဲ့မှတ်တိုင်ရောက်မရောက်တော့မသိဘူး။ အဲ့ကားစီးပြီးတော့ ကားဆရာကို မေးလိုက်ရင် ပိုကောင်းတယ်သား။ ပြီးတော့ ဟောဒီ happy go goဆိုတဲ့ appလေးပါ down ထားလိုက် ဒါမှ ဘယ်ကားကိုစီးရမလဲ သိမှာ "

"ဟုတ်ဟုတ်မကြီး"

ဤသို့နှင့် နိုင်လင်းသည် သူငယ်ချင်းဆီ သာကေတသို့ busကား(၈၄)စီးသွားလေသည်။ ကားခမှာ 300ဖြစ်သဖြင့် အကြွေများလဲထားရသည်။ စပယ်ယာမရှိ။ ကားပေါ်သို့ တက်တက်ချင်းတွင် ကားဆရာမှ ပုံးထဲသို့ထည့်ခိုင်းလေသည်။ နိုင်လင်းသည် မိမိမှာ လူကြားထဲရောက်လျှင် အသံတိုးလေ့ရှိသည်။ ယခုတစ်ခေါက်တွင်မူ မျက်စိစုံမှိတ်ပြီး ရှိသမျှ အားအင်တို့ဖြင့်
"ဦးလေးရေ သာကေတ ကိုရောက်လား၊ ဝက်စုမှတ်တိုင်ကိုသွားမှာ ဦးလေး "

ကားဆရာမှ ခပ်ပြတ်ပြတ်လေသံဖြင့်

"အေး သာကေတတော့ ရောက်တယ် မင်းပြောတဲ့မှတ်တိုင်တော့မရောက်ဘူး ငါ‌ သာကေတရောက်ရင် ပြောမယ် အဲ့ကနေ ကားပြောင်းစီးလိုက်"

"ဟုတ်ဟုတ် ဦးလေး"

သို့ရာတွင် နိုင်လင်းမှာ စိတ်မချ ဖြစ်နေသည်မို့ ကားဆရာအား ခဏခဏမေးနေလေသည်။ ကားဆရာမှ ငေါက်လိုက်ရာ နိုင်လင်းမှာ ဘာမှမမေးပဲ ငြိမ်သွားလေတော့သည်။

ဤသို့နှင့် သာကေရောက်သော်အခါ ကားဆရာမှ
"သာကေတ ရောက်ပြီး ဟိုကောင်လေး ဆင်းလို့ရပြီး အဲ့ကနေ ၃၃ .၄.အဲ့တာစီး မင်းပြောတဲ့မှတ်တိုင်ရောက်ပြီး ဆင်းဆင်း မြန်မြန်လေးဆင်း"
"သာကေတရုပ်ရှငိရုံ အစိမ်း ဂိတ် သွားမလား သွားရင်တက် သွားရင်တက်"

လမ်းတစ်ဖက်ခြမ်းတွင်
"သန်လျင် ကျောက်တန်း ရေလယ်သွားမလား" ထိုကားတို့တွင် စပယ်ယာမှ လူခေါ်နေလေသည်။

နိုင်လင်းသည် ကားဆရာပြောသော ၃၃/၄ကားတို့ကိုစောင့်ပြီး ထိုကားများရောက်လာသောအခါစီးသွား‌ေလသည်။ယခင်အတိုင်းဝက်စုမှတ်တိုင်‌ေရာက်လျှင်ကားဆရာအား ကြိုပြောရန် ပြောထားလေသည်။ဝက်စုမှတ်တိုင်သို့ရောက်ခါနီးသောအခါ
"ဝက်စုမှတ် တိုင်ဆင်းမည့်သူများ အသင့်ပြင်ထားပေးပါ "
ဝက်စုမှတ်တိုင်တွေ ဆင်းပြီး တက္ကသိူလ်မှ သူငယ်ချင်းဝေယံဆီဖုန်းဆက်ကာ လိပ်စာအတိုင်း သွားလေသည်။
ထိုနောက် ဝေယံ၏အိမ်သို့ရောက်ပြီး ဝေယံ မိဘများမှ အင်တာဗျူးပြီး မိမိအား အစမ်းခန့်မည်ဟု‌ေပြာလေသည်။

Keep Reading

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အရမ်းလွမ်းတယ်အဖေမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )