Author's Profile Photo

မိုးနှောင်းအလင်္ကာ

16/10/2024

"မာနနှင့်အထက်တန်းစားစိတ်ဓာတ် မွေးမြူခြင်း။"

1 min read
Life Style
General Knowledge
18 Again
"မာနနှင့်အထက်တန်းစားစိတ်ဓာတ် မွေးမြူခြင်း။"'s photo

စိတ်ဓာတ်တွေက အထက်တန်းစားဆန်နေပါစေ။စိတ်ဓာတ်တွေမှာ မာနဖြင့်အထက်တန်းစားဆန်သောစိတ်ထားဖြစ်အောင်မွေးမြူပါ။မာနလို့ပြောလိုက်တာနဲ့ လူအချို့က အပူမီးလို့ပြေးမြင်ကြတယ်။ဒါပေမဲ့ မာနတွေကိုတည့်မတ်စွာ အထက်တန်းစား စိတ်ဓာတ်ဖြစ်အောင်မွေးမြူလို့ရတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။မာနဆိုတာ ခပ်တင်းတင်းစေ့ထားတဲ့နှုပ်ခမ်းတွေဖြစ်ပြီး၊အထက်တန်းစား ဆန်ဆန်ပြုံးတတ်ခြင်းဖြင့် မာနဟာ လူရာ၀င်ပါတယ်။

မာနနဲ့အထက်တန်းစားစိတ်ဓာတ် မွေးမြူမယ်ဆို ကိိုယ်ကျင့်သိက္ခာအတွက် မာနကိုရှေ့တန်းတင်ပါ။အခုလိုခေတ်ကြီးမှာ လူတွေဟာ စကားကိုလွယ်လွယ်နဲ့ပြောကြသလို၊ကဲ့ရဲ့ဖို့လည်း၀န်မလေးကြပါဘူး။ဒါ့ကြောင့်ကိုယ်ကျင့်သိက္ခာကို ထိခိုက်မယ်ဆိုရင် မာနနဲ့ကာကွယ်ပါ။အထက်တန်းစားစိတ်ဓာတ်ဆိုတာက လူကိုလူလို့မြင်တာကို အထက်တန်းစားစိတ်ဓာတ်လို့ခေါ်တယ်။အဲ့ဒီစိတ်ဓာတ်ကို မာနကလေး ခပ်ပါးပါးနဲ့အုပ်ပါ။

လူတွေက သူတို့ရဲ့ စိတ်ဓာတ်နဲ့နှိုင်းပြီး လာရိုင်းတဲ့အခါ မာန နဲ့ အနည်းငယ်ကင်း​ေ၀းနေမယ်ဆို ပြောသမျှခံနေရမှာပါဘဲ။လူကို အဆင့်အတန်းတွေဂုဏ်တွေ မခွဲခြားဘဲ လူတိုင်းကို တန်းတူညီမျှစွာ ကြည့်ပေးတတ်သူကို ဘာလို့ အထက်တန်းစားစိတ်ဓာတ်လို့ ခေါ်သလဲဆိုရင် ဘယ်အတတ်ပညာကြောင့်ဘဲဖြစ်ဖြစ်၊ဘယ်ဂုဏ်နဲ့စည်းစိမ်ကြောင့်ဘဲဖြစ်ဖြစ် အထက်တန်းကျတယ်ဆိုရင်တောင် စိတ်ဓာတ်နိမ့်ကျနေရင် လူရာမ၀င်တော့ပါဘူး။ဒါ့ကြောင့် စိတ်ဓာတ် အထက်တန်းကျတဲ့ လူဟာအဖိုးအတန်ဆုံးဖြစ်ပြီး အတိုက်ခိုက်ခံရဆုံးလူဖြစ်တာမို့ မာနနဲ့မွေးမြူထားပါ။

တကယ်တော့ မာနဆိုတာ လူတကာကိုရုန်းရုန်းရင်းရင်းဆက်ဆံ ရမဲ့မာနမျိုးထားဖို့မဟုတ်ဘဲ ကိုယ်ကျင့်တရားနဲ့သိက္ခာကို တည်တည်ကြည်ကြည်စောင့်ထိန်းမယ်ဟဲ့ ဆိုတဲ့ မာနကိုပြောတာပါ။အဲ့ဒီလိုမာနမျိုးကနေတစ်ဆင့် အထက်တန်းစားစိတ်ဓာတ်မွေးမြူလို့ရပါတယ်။အထက်တန်းစားစိတ်ဓာတ်ကို လူတိုင်း ကြိုက်ပေမဲ့ လူတိုင်းမမွေးမြူနိုင်တာကိုလည်း သတိပြုမိပါစေ။

အထက်တန်းစာ စိတ်ဓာတ်ကိုမာနနဲ့ ပိုးမွေးသလိုမွေးပါ။အထိခိုက်ခံလို့မရတဲ့အထဲမှာဖန်သားနဲ့ခံစားချက်တွေအပြင် အထက်တန်းစား စိတ်ဓာတ်တွေလည်းပါ၀င်နေပါတယ်။ အဲ့ဒီစိတ်ဓာတ်သာ ထိခိုက်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ဟာ နိမ့်ပါးသွားဖို့ အခြေအနေထိရောက်ရှိနိုင်ပါတယ်။

လူတစ်ယောက်မှာအရေးအကြီးဆုံးဟာ စိတ်ဓာတ်ဖြစ်တယ်။ဒါ့ကြောင့် စိတ်ဓာတ်ပျက်ပြားစေမယ်ဆိုရင် မိမိအတွက်အများကြီးထိခိုက်နစ်နာစေမှာပါ။အဲ့ဒီတော့ အထက်တန်းစားစိတ်ဓာတ်တွေကို မာနနဲ့မွေးမြူပြီး မာနနဲ့ကာကွယ်ပါ။

လူရယ်လို့ဖြစ်လာရင် မာနရှိတယ်။တလွဲမာနဆိုတာထက် ကိုယ့်ကိုယ်ကိုမြင့်တင်တတ်တဲ့မာနမျိုးပါ။အဲ့ဒီမာနကနေ အထက်တန်းစား စိတ်ဓာတ်မွေးမြူနိုင်ပါစေ။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)