Author's Profile Photo

SarPhat Author

15/10/2024

မြွေ နှင့် ပိုးစုန်းကြူး ပုံပြင်

1 min read
Life Style
Education

မြွေဟာ ပိုးစုန်းကြူးလေးရဲ့အလင်းတန်းကို မြင်တော့
လိုက်ဖမ်းတယ်။

ပိုးစုန်းကြူးလေးဟာ စိုးထိတ်စွာနဲ့
အလျင်အမြန်ပျံရှောင်နေရတယ်။

နောက်ဆုံး ပိုးစုန်းကြူးလေးဟာ မြွေကို လှမ်းပြောတယ်။
ဘာကြောင့် ငါ့ကို လိုက်ဖမ်းနေရတာလဲ ?
ဆိုတာသိချင်လို့ မေးခွန်း ၃ ခွန်းမေးခွင့်ပြုပါ။

မြွေက မေးခွင့်ပြုလိုက်တော့

မင်းစားသောက်တဲ့အစားအစာ ပြောင်းသွားလို့
ငါက သားကောင်ဖြစ်သွားပြီလား ?

မင်းက သားကောင်မဟုတ်ဘူး။

ငါက မင်းကို အနှောက်အယှက်တခုခုများ ပြုမိသလား ?

မလုပ်ဘူး။

ဒါဆို မင်း ငါ့ကိုသားကောင်အဖြစ်
ဘာလို့ လိုက်ဖမ်းနေတာလဲ ?

မင်း အလင်းတန်းကို ငါကြည့်လို့မရဘူး။
ငါ့အတွက် စိတ်အနှောက်အယှက်ဖြစ်တယ်။
အမြင်ရှုပ်တယ် စိတ်ရှုပ်တယ်။

***************

လောကကြီးထဲမှာ အဲဒီမြွေလိုလူတွေ အများကြီးပါ။

သင်ဟာ ပိုးစုန်းကြူးလို
အရောင်တောက်ပ ပျံသန်းပျော်မြူးနေတာကို
မကြည့်နိုင် မရှုနိုင် မနာလိုရှုစိမ့်ဖြစ်နေကြတဲ့သူတွေ
သင့်ပတ်ဝန်းကျင်မှာ အများကြီးရှိတယ် ဆိုတာသတိချပ်ပါ။
သူတို့ဟာ မြွေလိုပဲ၊
အသံမထွက် အသံမပေးပဲ
သင့်ကို ဖျက်စီးဖို့ စောင့်ဆိုင်းနေတယ်။
သင့်ကို ပျက်စီးစေဖို့ အသေသတ်ဖို့
ဘာမဆိုရက်ရက်စက်စက်လုပ်မယ့်သူတွေ
မြွေလိုပဲ အသံမပေးပဲ ချောင်းနေတဲ့သူတွေ
ပတ်ဝန်းကျင်မှာ ရှိတတ်တယ် ဆိုတာသိထားပါ။

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစအမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး