~.~ရှင်မိငယ်~.~

..............................
ဟိုး အဝေးကြီးက သူငယ်ချင်းရေ
စိတ်အစေနဲ့ဆက်သွယ်လိုက်ပါတယ်?
စာနဲ့ဆို ကြာမို့လေ
လွဲသွားခဲ့မလား လိုင်းမအားသေး
နေမလားနော်။
သူငယ်ချင်းရဲ့စိတ်တွေလည်း
အလည်သွားနေကြမှာပဲလေ
အပြစ်မမြင်မိပါဘူး နားလည်ပါတယ်။
သို့သော် စကားလေးတစ်ချို့ schedul လုပ်ခဲ့မယ်..........
ကျန်းမာရေး ကအဓိကမို့
နေကောင်းပါစေလို့ဆုတောင်း
ပေးပါတယ်
လောကကြီးက ပူလောင်စရာတွေ
ကြီးပဲပြည့်နေတာ ဒါက အရေးမကြီးပါဘူး သူငယ်ချင်းကသာအဓိက သူငယ်ချင်းရဲ့စိတ်ကဥပက္ခာ ပြုထားနိုင်ရင် သူငယ်ချင်းအတွက်အေးချမ်းပါတယ်။
အပူတွေကင်းအောင်နေနိုင်ခြင်းက အေးမြမှုရဲ့လမ်းအစလေးပေါ့ ဒီလမ်းလေးကိုအဆုံးထိ လျှောက်နိုင်ပါစေနော်✨
ပြီးတော့လေ အကောင်းမြင်စိတ်
လေးမွေးမြူကြည့်ပါနော်
ဒီစိတ်ကလေးနဲ့ ရှင်သန်ခြင်းက
သူငယ်ချင်းအတွက် တည်ငြိမ်မှု
ကိုရစေပါတယ်။အရာရာကို
နားလည်ခွင့်လွှတ်ပေးတက်လာမယ်
မတူညီတဲ့ရှုထောင့်ကနေ တွေးတက်လာမယ်
တစ်ခြားမကြည့်ပါနဲ့ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်လိုက်
သူငယ်ချင်းရဲ့ရုပ်ရည် ချို့ယွင်းနေသလား
ကဲဥပမာ သူငယ်ချင်းအသားမဲတယ်ပဲထား တစ်ခြားသူတွေက နောက်ကွယ်မှာ ကဲ့ရဲ့နေကြလိမ့်မယ် အရေးမကြီးပါဘူး ပြောပါစေ သူငယ်ချင်းသာ အကောင်းမြင်စိတ်ကလေးနဲ့တွေးကြည့်လိုက်စမ်းပါ''အသားမဲမဲ ပတ္တမြားခဲ'' ''အသားဖြူအလကားလူတဲ့'' ဆိုရိုစကားတောင်ရှိသေးတယ်။
အကောင်းမြင်စိတ်လေးနဲ့မြင်ပေးလိုက်ရင် အရာအားလုံးကအပြစ်မရှိ လှလှပပ။
နောက်တစ်ခုက ကိုယ့်ကိုကိုယ် ချစ်ပါနော်
တစ်ပါးသူကို ချစ်တာက ပူလောင်ရတယ်
နာကျင်ရတယ် ခံစားရတယ်
ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေတက်မယ်။
ဒါကြောင့်ကိုယ်နဲ့အနီးဆုံးဖြစ်တဲ့
ကိုယ့်စိတ်ကိုပဲချစ်ပါနော်..။?
သူငယ်ချင်းရေ ဒီစာအတွက်တော့ ဒီလောက်ပဲနော်
နောက်ထပ် သတိရတဲ့အခါ ထပ်ပြီးစေလွှတ်လိုက်မယ် သူငယ်ချင်းရဲ့စိတ်တွေ ပြန်လည်စုစည်းမိသွားရင် ဒီစကားလေးတွေကိုဖတ်ကြည့်ပါနော်.....။?
''လူချင်းဝေးနေလည်း စိတ်ချင်းတော့ဖလှယ်နိုင်တာပေါ့''?
#shinmingal
Keep Reading