LY Cho
အမြဲတမ်း အတွေးလွန်ပြီး overthinking ဖြစ်တဲ့သူတွေက သူများထက် တစ်ပန်းရှုံးပါတယ်။အမြဲတမ်း စိတ်ညစ်ပြီး အတွေးလွန်နေတာနဲ့ ဘာမှကို မဖြစ်မြောက်တော့ပါဘူး။ များသောအားဖြင့် အတွေးလွန်တာ( Overthinking)ဖြစ်တဲ့သူတွေမှာ ဒီလိုအရာတွေကြုံတွေ့ရတတ်ပါတယ်။
?ခဏခဏခေါင်းကိုက်ခြင်း
အခု စာရေးသူကိုယ်တိုင် ခံစားနေရတာပေါ့။ အမြဲတွေးနေပြီး ဦးနှောက်ကို အနားမပေးတဲ့အခါ ခေါင်းတွေတရစပ်ကိုက်လာပါတယ်။ စာရေးသူဆိုရင် အလုပ်ကတစ်ဖက်၊ ကျောင်းစာတွေတစ်ဖက်နဲ့ စိတ်ပင်ပန်းသွားတဲ့အခါဆို ခေါင်းတွေ ကိုက်လာတတ်ပါတယ်။ ခေါင်းကိုက်တယ်ဆိုရင် တော်ရုံဆေးသောက်လည်း မပျောက်နိုင်ပါဘူး။ ဒါကြောင့် အတွေးတွေကို ထိန်းချုပ်နိုင်အောင်ကြိုးစားရပါမယ်။ စာရေးသူ ကိုယ်တိုင်ကလည်း Overthinker တစ်ယောက်ဖြစ်နေပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိပါတယ်။
?♀ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ခြင်း
သေချာပါတယ်။ အတွေးလွန်တယ်ဆိုကတည်းက ကိုယ့်အကြောင်းကို သူများတွေနဲ့ ယှဉ်ပြီး တွေးနေလို့ပါ။ငါက ဘာလို့ သူ့လိုမဖြစ်နိုင်ရတာလဲ..။ ငါလုပ်နိုင်မှာမဟုတ်ပါဘူး ..ဆိုပြီး စတွေးကြတဲ့အခါစိုးရိမ်စိတ်တွေများလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့နည်းလာကြပါတယ်။ ဒါကြောင့် ပြောချင်တာက Believe yourself ပါနော်။ ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်ပါ။
?ပျော်ရွှင်မှုတွေပျောက်ဆုံးလာခြင်း
အတွေးလွန်တတ်တဲ့သူတစ်ယောက်ဟာ သူ့မှာပျော်စရာဖြစ်ရပ်ကြုံလာရင်တောင် မပျော်နိုင်ပါဘူး။ စိတ်ပူပန်မှုတွေ အားကြီးလာတဲ့အခါ ပျော်စရာရှိလည်း မပျော်ရွှင်တတ်တော့တာပါ။ ဟော...စိတ်ကလေးကြည်လို့ ပျော်နေတုန်းဆို တစ်ခုခုကိုစိုးရိမ်စိတ်ဝင်သွားတာ၊အတွေးတွေ လွန်နေပြီဆိုရင် အပျော်တွေ ပျက်ရပါတယ်။ အတွေးလွန်တာကြောင့် ဝမ်းနည်းစရာရှိရင် ပိုပြီးတောင် ဝမ်းနည်းရပါတယ်။ ဒါကြောင့် ပျော်စရာရှိရင် ဘာမှမတွေးဘဲ ပျော်လိုက်ပါ။ အချိန်ဆိုတာ အစားပြန်မရပါဘူး။
?စိတ်ဖိစီးမှုတွေ များလာခြင်း
ကိုယ့်အတွေးကြောင့်ပဲ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခရောက်အောင် လုပ်နေမိတဲ့အတွက် စိတ်ဖိစီးမှုတွေ ပိုများလာစေပါတယ်။မကောင်းတဲ့အတွေးတွေ ပိုဝင်လာပြီး စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေက ပိုပိုတိုးလာပြီး စိတ်ပင်ပန်းရပါတယ်။ မပျော်ရွှင်နိုင်တော့ပါဘူး။ စိတ်ဖိစီးမှုတွေရှိလာရင် ကျန်းမာရေးပါထိခိုက်နိုင်တဲ့အတွက် စိတ်ဖိစီးမှုမဖြစ်အောင်တတ်နိုင်သမျှ နေထိုင်ရပါမယ်။
? ဆုံးဖြတ်ချက်မချနိုင်ခြင်း
တွေးရမယ့် အလုပ်ဆိုမတွေးဘဲ မဆိုင်တဲ့အရာတွေထိ တွေးနေတဲ့အခါ ဘာမှ မလုပ်ရဲတော့ပါဘူး။အတွေးလွန်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းလာပြီး အလုပ်တစ်ခုခုလုပ်ရင် သူများဆီက အကြံဉာဏ်တောင်းရတာမျိုးတွေ ဖြစ်လာပါတယ်။အတွေးလွန်ပြီး overthinking ဖြစ်တာက တကယ်မကောင်းတဲ့အရာပါ။
အခုစာရေးသူပြောသွားတဲ့အချက်တွေက Overthinker တို့အတွက် မှန်နေမယ်လို့ ထင်ပါတယ်။ ဒါဆို မကောင်းမှန်းသိရက်နဲ့ ဒီအကျင့်ဆိုးကြီးကို ဘာလို့ မဖျက်နိုင်ရမှာလဲ။
ဤ ဆောင်းပါးလေး ဖတ်ရှုလိုက်ရလို့ အကျင့်ဆိုးကို တကယ်ပြင်နိုင်မယ်ဆိုရင် စာရေးသူ ရေးရကျိုးနပ်ပါပြီ။
သာယာသောနေ့ရက်လေးဖြစ်ပါစေ???
စာရေးသူ-လရောင်ချို
(15.10.2024/Tuesday)
Keep Reading