Author's Profile Photo

Thoon Kari

14/10/2024

မျက်နှာဖုံးရှင်

1 min read
Life Style
General Knowledge
Poetry
မျက်နှာဖုံးရှင်'s photo

အမှတ်တရနန်းတော်ကြီးကို
တခမ်းတနားဆောက်ပြီး
ကျွန်တော့်ရက်စွဲတွေကို ဆေးခြယ်ခဲ့တာ
အတိတ်ဆိုတဲ့ ပြဇာတ်ငယ်လေးထဲပေါ့
အပြုံးတစ်ခက်ကို ရင်ခွင်ထဲလာပျိုးတော့
ညရဲ့ပိုးစုန်းကြူးလေးလို
အမှိအခိုကင်းမဲ့တဲ့ ရယ်သံတွေဝေလို့
အင်းလေ... မျက်နှာဖုံးအောက်က
ရက်စက်လှတဲ့ နှလုံးသားက
လှည့်စားမှုဗေဒမှာ ကြိတ်ပျော်ခဲ့ဖူးတာပေါ့

ကျွန်တော့်စက္ကန့်တွေကို အုပ်စိုးတော်မူခဲ့သော
မျက်နှာများတဲ့ ရှင်ဘုရင်လေးက
ထာဝရဆိုတဲ့ ဝေါဟာရနဲ့
ဘယ်ဘက်အေးရိပ်လေးဆီ ခိုဝင်လာတော့
အနာဂတ်ဆိုတဲ့ နိဒါန်းတွေသီရင်း
သက်ဆုံးတိုင်နဲ့ နိဂုံးချုပ်ရတဲ့ ကဗျာလေးက
အဲ့အချိန်က လန်းလို့ပေါ့
အခုများတော့ ဆူးပန်းတွေသာ
အကြိမ်ကြိမ် ပွင့်စေခဲ့တယ် မျက်နှာဖုံးရှင်ရယ်...

ပျော်ခဲ့ဖူးတဲ့ မှတ်ဉာဏ်တွေ
ခြိမ်းခြောက်တဲ့ ဒီမိုးသည်းထဲမှာ
မဖာတည်းနိုင်တဲ့ ဒဏ်ရာတွေကို
ဟန်ဆောင်နိုင်လွန်းသူ မျက်နှာဖုံးရှင်ရယ်...
ကျွန်တော်ပေးတဲ့ အကယ်ဒမီနဲ့အတူ
ပြန်ရုတ်သိမ်းလိုက်ပါတော့လား...။ ။

လူ့လောကမှာ ဟန်ဆောင်မျက်နှာဖုံး တပ်ထားတဲ့ လူတွေများစွာ ရှိပါတယ်။ သတိထားပြီး ပေါင်းသင်းကြပါ။ မိမိကိုယ်တိုင်လည်း မျက်နှာဖုံးရှင်မဖြစ်အောင် ကြိုးစားနေထိုင်ကြပါရှင်။

#thoonkari
#sarphat

စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်?


စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း