First Light Insights
အကောင်းဆုံးဘဝတစ်ခုရဖို့ဆိုရင် အကြိမ်ကြိမ် စမ်းသပ်လုပ်ဆောင်ရတယ်။အကြိမ်ကြိမ်ကျရှုံးမှု့တွေဟာ ပေးကိုပေးဆပ်ရမဲ့ တန်ကြေးတစ်ခုပဲ။
လူတစ်ယောက်မှာရှိတဲ့အမြင့်မားဆုံးစွမ်းဆောင်မှု့စွမ်းရည်တွေ ထွက်လာဖို့အတွက်ဆိုရင်
သေလောက်အောင်စိတ်ညစ်ရတဲ့ ကျရှုံးမှု့တွေဟာ အဓိကမပါမဖြစ်တဲ့ အရာတစ်ခုလို့တောင်ပြောလို့ရတယ်။
မြန်မြန်ကျရှုံးလေလေ မြန်မြန်အမှားကိုသိလေလေပဲ။
မြန်မြန်အမှားကိုသိလေလေ အမှားမြန်မြန်ပြင်နိုင်လေပဲ။
မြန်မြန်အမှားပြင်နိုင်လေလေ အောင်မြင်မှု့လမ်းကြောင်းပေါ်ရောက်နိုင်ဖို့ မြန်မြန်အခွင့်ရေးရလေပဲ။
ကိုယ်တတ်နိုင်တဲ့ အသေးစား စွန့်စားမှု့တွေကို ကြိုတင်သေချာစဥ်းစားတွက်ချက်ပြီး မစွန့်စားပဲ Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာနယ်ပယ် ဘဝလေးထဲကနေ မထွက်လာသေးသ၍ ဘယ်နည်းနဲမှ မသိစိတ်ကကိုယ်တကယ်လိုလားတောင်းတနေတဲ့
ပိုကောင်းတဲ့ဘဝ အောင်မြင်တဲ့ဘဝ ရနိုင်စရာအကြောင်းကိုမရှိဘူး။
လောကြီးရဲ့သဘာဝတစ်ခုက "စွန့်စား" ဆိုတဲ့အတိုင်းပဲ
ကိုယ်ဘယ်လောက်ထိ အရိုးကြေကြေ
အရည်ခမ်းခမ်း ထိ စွန့်ထားပြီးပြီလဲ ? အဲ့ဒီစွန့် ထားသလောက် ကိုယ် ပြန်ပြီး စားရမှာပဲ။
လူတွေရဲ့ရူးကြောင်ကြောင် အတွေးအခေါ်တစ်ခုက နေ့စဉ်နဲ့အမျှ တူညီတဲ့ အရာတွေကို ထပ်ခါထပ်ခါလုပ်ဆောင် နေရင်း တခြားလူတွေရနေတဲ့ ကိုယ်နဲ့
မတူညီတဲ့ ရလဒ်တွေကို သွားမျှော်လင့်နေတာ အတော်ရူးတယ်လို့ပဲပြောရမယ်။ ကိုယ်စိုက်တာကိုယ်စားရမှာပဲ။
တကယ်လို့ ကိုယ်ဟာ ဒီနေ့ကနေ စပြီး နောင် အနှစ် ၂၀ ကို ရောက်သွားပြီဆိုပါစို့။အဲ့နှစ်၂၀အတွင်းမှာ နောင်တရပြီးစိတ်ပျက်စေမှာက ကိုယ်ကိုယ်တိုင်ရွေးခြယ်ပြီး စွန့်စားလုပ်ဆောင်ခဲ့တဲ့ အရာတွေမဟုတ်ဘူး။ငါအရင်က ဒီလိုမျိုးလုပ်ခဲ့ရင်ကောင်းသားဆိုတဲ့ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကိုသာ ကိုယ့်ကိုပြန်ပြီး စိတ်ပျက်နေစေမှာ...။
#First_Light_Insights
https://t.me/fli6128
https://www.facebook.com/profile.php?id=61551345508814&mibextid=ZbWKwL
Keep Reading