Author's Profile Photo

SarPhat Author

14/10/2024

ဧည့်သည်

2 mins read
Art
Novel
Creative
ဧည့်သည်'s photo

မေလ အကုန် ဇွန်လ အစ မိုးရိပ်မိုးဦးစချိန် ညိုမှိုင်းမှိုင်းနှင့်အုံဆိုင်းနေသည်။ စိန်ပန်းပင်မှစိန်ပန်းများလည်း နီနီရဲရဲနှင့်ဖူးပွင့်‌ေနကြသည်။
"မိုးဦးမိုးရိပ် ကျူးပြီးဆိုရင်
ပန်းနီနီတွေ ပွင့်ပြီးဆိုရင်
ခြွင်းချက်မရှိ အယူသည်းနေတတ်တုန်းပါပဲ"
သန်းတင့်၏ ကဗျာလေးကို လိုင်းကားပေါ်တွင်လိုက်ပါလာသော ကျောပိုးအိတ်လေးနှင့်ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသော ‌ ကောင်လေးမှ တီးတိုးရေရွတ်လိုက်မိသည်။ မော်လမြိုင် သံဖြူဇရပ် လမ်းမ မှ အဝေးပြေးကားဂိတ်သို့ စီးရင်း အတွေးလည်းလွန်နေသည်။ လိုင်းကားလေးသည် ကားဂိတ်သို့ တိုက်ရိုက် မရောက် ဈေးကြိုတွင်ဆင်းပြီးမှသာ ကယ်ရီငှားကာ အဝေးပြေးဂိတ်သို့ထပ်ဆင့်သွားရလေသည်။ လိုင်းကားပေါ်မှဆင်းလာသည်နှင့် ထန်းလျက်ခဲအားပုဆိတ်ရွက်များတွေ့သလို ကယ်ရီသမားများသည် စုပြုံတိုးလာကြပြီး
"ညီလေး ဘယ်သွားမှာလဲ လာ တက်" "အစ်မ ဘယ်ကိုသွားမလဲ"
"အကို ရော ဘယ်သွားမှာလဲ မြေနီကုန်း ရွှေတောင်ရပ် လား "
စသော အသံတို့ဖြင့် လူခေါ်နေသည်။ ကျောပိုးအိတ်လွယ်ထားသောကောင်လေးမှ ဆင်းလာပြီး

"အကို အဝေးပြေးကားဂိတ်သွားမလို့ ဘယ်လောက်လဲ"

"အင်း ညီလေး ၂၅၀၀ကျမယ်"

ထိုကောင်လေးမှာ ဈေးကြီးလိုက်တာဟူသောအတွေးက ကြီးစိုးသွားပြီး 'ဟူး'ခနဲ့သက်ပြင်းချလိုက်ကာ ငြင်းမည်ဟုကြံသော်လည်း

"ဟုတ် အကို သွားမယ် "ဟူ၍သာထွက်လာလေသည်။ ကယ်ရီနောက်တွင် စီးလာရင်းကောင်လေးသည် မိမိကိုယ်ကိုသာမကျေမချမ်း ဖြစ်‌ေနလေသည်။ တစ်ခုခုဆို ငြင်းလေ့ မရှိသော အကျင့်သည် ဆိုးရွားလှသည်ဟုတွေးတောမိ‌ေန‌ေတာ့သည်။ ကားဂိတ်သို့ရောက်သောအခါ ကောင်လေးသည် ကားတွေမြင်သည်နှင့် ကားမူးသလိုခံစားလာရသည်။ ကားဂိတ်ရှေ့တစ်ခုတွင်ဆင်းပြီး
"အကို ရန်ကုန် -မော်လမြိုင် ကားလက်မှတ်ရှ်ိသေးလား ဒိီမနက်ထွက်တဲ့ကားရှိရင် လိုက်မယ်ဗျ"
အလောတကြီးပြောလေသည်။

"အေး ငါ့ ညီ တစ်ခုံလွတ်သေးတယ် ရသေးတယ် တစ်သောင်းခွဲကျတယ် ညီလေး"

"ဟုတ်ဟုတ် အကို ကျွန်တော်ယူမယ်နော် "မဆိုင်းမတွ ကားခ ထုတ်ပေးလေသည်။

"ငါ့ညီ မင်းနာမည်ကရော "

"ဟုတ်အကို နိုင်လင်း"

"အိုကေ ရော့ ခုံနံပါတ်က ၂၀ နော် ၉နာရီခွဲ စထွက်မှာ ကားလည်းမမှားစေနဲ့"

"ဟုတ်အကို ဟုတ်"

ကားလက်မှတ်ဖြတ်ပြီး မိမိစီးရမည့် ကားမြင်သောအခါ ရင်ပြည့်သလို ဖြစ်လာပြီး အန်ချင်သလို ဖြစ်လာလေသည်။ ကားမူးပျောက်ပြေဆေး ဝယ်ပြီး သောက်မှ ရတော့မည်။ပတ်ဝန်းကျင်ကို လှည်ပတ်ကြည့်လိုက်သောအခါ နှာရှူဆေး ကားမူးပျောက်ဆေး ရောင်းသည့် ဆိုင်နှငိ့ လူများလည်းမတွေ့ အနည်းငယ် မျက်နှာပျက်စပြုလာသည်။သတိထားမိသည့် ကားဝန်းအတွင်းရှိ ကယ်ရီသမားတစ်‌ေယာက်သည် အနားသို့ရောက်လာကာ
"ဘာလိုချင်တာရှိလို့လဲ ညီ အကို သွားဝယ်ပေးရမလား အကိုပိုက်ဆံကြိုပေးစရာမလိုဘူး သွာဝယ်‌ေပးမယ် ပြီးတော့ အဲ့‌ေဆးဖိုးနဲ့ ညီလေးစေတနာ ရှိသလောက်ပဲ ပေးး"

နိုင်လင်းမှာ အင်တင်တင် ဖြစ်နေသော်လည်း ကားစီးလျှင် တဝေါဝေါနှင့် ဝက်စာ ထုတ်တတ်သည့် မိမိ အဖြစ်ကို သိသည့်အတွက် ထိုလူသာ အားကိုးလိုက်ရတယ် ။
ဆေးတစ်ကတ်က ၉၀၀ကျသင့်ပြီး ထိုလူအား ၂၀၀၀ပေးလိုက်သည်။
ထိုနောက် မိမိ လုပ်ရပ်သည် မှန်သလား မှားသလားတွေး‌ေနမိတော့သည်။ အကြောင်းအရင်းမှာမူ မိမိသည် အိမ်မှ ခိုးထွက်လာခြင်း‌ေကြာင့်ဖြစ်သည်။ ကားလက်မှတ်ပါဝယ်ထားပြီးပြီးဖြစ်ရာ ‌ဖြစ်ချင်ရာ ဖြစ်စမ်း မောင်ဘဂျမ်းစိတ်မွေးထားလိုက်တော့သည်။ နာရီမှာ ၉နာရီ၂၀ဖြစ်၍ ကားပေါ်တက်လိုက်ပြီး ကား၏ အမွှေးနံ့ Aircon နံ့သည် နိုင်လင်းအား ရင်ပြည့်သလိုလိုအန်ချင်သလိုလိုဖြစ်လာ‌လေသည်။သို့ရာတွင်ထိုစိတ်များတွင်မှ စိတ်လှုပ်ရှားနေပြီး နှလုံးလည်းတဒိတ်ဒိတ်ခုန်လာသည်။ ကားပေါ်မှ Tv,တွင် ‌ပရိတ်ကြီး၁၁သုတ်စဖွင့်လေသည်။ စပယ်ယာမှ ကားတွင် လူစုံမစုံ‌စစ်ပြီး အထုပ်တင်ထုပ်ချများအားလည်း သေချာတိုက်စစ်လေသည်။ ကားကြီး တဖြည်းဖြည်းနှင့် အဝေးပြေးကွင်းမှ ထွက်လာတော့သည်။ "မော်လမြိုင်မြို့မှ နှုတ်ခွန်းဆက်သပါ၏" ဆိုင်းဘုတ်ကြီးကိုလည်းမြင်လာရသည်။ နိုင်လင်းစိတ်ထဲ တစ်မျိုးတစ်
မည် ခံစားရလေသည်။
ကားတရွေ့ရွေ့သွားနေရင်းနှင့်ပင်နိုင်လင်းသည်
မိမိရန်ကုန်ရောက်လျှင် ဘယ်မှာတည်းရမည်နည်း စဉ်းစားနေမိပြန်နေတော့သည်။ ခေါင်းထဲတွင် လင်းခနဲ သတိရသွားသည်။ ဆယ်တန်းက ဘော်ဒါဆောင်တစ်ခုတွင်ခင်ခဲ့သော သူငယ်ချင်းသည် တောင်ဒဂုံတွင်ရှိသည်ဟု သိထားသည်။ ဖုန်းမှ လိုင်းဖွင့်ပြီး Facebook messenger မှ သူငယ်ချင်းထံသို့ဆက်သွယ်လေသည်။

"သားကြီးရေ ငါ ရန်ကုန်လာနေပြီး မင်းဆီမှာ တည်းလို့ရလား"
ပို့လိုက်သော်လည်း သူသည် လိုင်းမတက်လာသောကြောင့်မသိလိုက်ချေ။ သိထားသည့်ဖုန်းနံပါတ်ဖြင့်‌ဖုန်းခေါ်သော်လည်း "လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ တပ်ဆင်ထားခြင်းမရှိသောဖုန်းဖြစ်ပါသဖြင့်....." မိမိဖုန်းနံပါတ်မှာ မှားယွင်းနေလို့သာ ဖြစ်မည်။ ဤသည်မှာမိမိ အသုံးမကျမှုဟုသာတွေးလိုက်မိသည်။
ကားကြီးမှာတရွေ့ရွေ့နှင့် ပဲခူးမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မြင်လိုက်ရတော့သည်။
နိုင်လင်းသည် ကြံရာမရသည့်အဆုံး မိမိအစ်မဝမ်းကွဲအား စာပို့မိလိုက်သည်။
"မမ သား ရန်ကုန်လာနေတာဗျ"

"ဟေ ဟုတ်လား မကြီးတို့ဆီလာလေ မကြီးတို့နေတာ --လမ်း--ရပ်ကွက် အိမ်နံပါတ်--မြောက်ဒဂုံ လာခဲ့နော် သား"

"နေဦး မကြီးရဲ့ အစ်မကိုပြောလိုက်ဦးမယ် သူ့လာကြိုလိမ့်မယ်မောင်လေး မောင်လေးဖုန်းနံပါတ်ပေးဦး"
"ဟုတ်ကဲ့ မမ 09------"

"မကြီးပေးလိုက်ပြီး ဖုန်းဆက်လာရင် ကိုင်လိုက်ဦးနော်"
နိုင်လင်းသည် ယခုတွင် တည်းရမည့်နေရာရှာတွေ့သွားသည်အတွက် ရင်ထဲကအလုံးကြီး ကျသွားလေသည်။

"Don't make me close one more door
I don't wanna hurt anymore" Whitney Houston၏ သီချင်းသံလေးဖြင့်ဖုန်း ringtoneမြည်လာလေသည်။

"Hello "

"အေ့ သားနိုင်လင်း မကြီး ပါ သားရန်ကုန်‌ေရာက်ခါနီး 0မိုင်‌ေရာက်ရင် စပယ်ယာကိုပြောgate_2မှာ ဆင်းမယ်လို့ အဲ့မှာ လာကြိုမယ်နော် သား"

"Gate-2လား ဟုတ်ဟုတ် မကြီး"

နိုင်လင်းသည် နားရှုပ်သွားသော်လည်း ဟုတ်ဟုတ်ဟုသာပြောလိုက်သည်။ ကားသည် ရန်ကုန်အဝင် သို့ရောက်လာလေသည်။ထိုစဉ်
စပယ်ယာမှ ဆင်းမည့်နေရာရှိလျှင်ကြိုပြောဟု ပြောသော်လည်း gate_2ဆိုသည်အရာကို နားမလည်သည့်အတွက် ကားဂိတ်ဆုံးသည်အထိအူလည်လည်နှင့်ပါသွားလေသည်။

Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အ‌တွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)