Author's Profile Photo

M Min Nyo

14/10/2024

အိုဘယ့် ချစ်သော မန္တလာမြေ

1 min read
General Knowledge
Culture
History

"မန္တလေး"...လို့ ကြားလိုက်တာနဲ့ တွဲဖက်မြင်လိုက်မိတဲ့အရာတွေက စာစီလို့တောင် မကုန်နိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့သမိုင်းဝင် ကြီးကျယ်ခမ်းနားလွန်းတဲ့မြို့၊ အထင်ကရ ပြရုဂ်များစွာ ရှိနေတဲ့မြို့၊ အမည်များစွာနဲ့ ကျော်ကြားတဲ့မြို့၊ နန်းမြို့ဆိုပြီး သမိုင်းအစဥ်အဆက်ကနေ ယနေ့ခေတ်အထိ ထင်ရှားသက်ဝင်နေဆဲမြို့ ဖြစ်ပါတယ်။

"မန္တလေး" ဆိုတာ၊ ပါဠိဘာသာစကား "မဏ္ဍလ" ကနေဆင်းသက်လာပြီး "ပြန့်ပြူးသာယာသောမြေ" လို့ အဓိပ္ပာယ်ရပါတယ်။ မြို့ရဲ့နာမည်ကိုတော့ "မန္တလေး" ၊ "မန္တလာမြေ" ၊ "ရွှေမြို့တော်"၊ "ရတနာပုံ" စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြပြီး၊ "အုတ်ကျစ်ကျော်အေး မန္တလေး" ၊ "အင်ကြင်းကြာအုံ ရတနာပုံ" ၊ "အောင်ကျော်ချမ်းအေး မန္တလေး" ဆိုပြီးတော့၊ မြို့တည်နှစ် (၁၂၂၁) ကို အစွဲပြုပြီး နေ့သင့်နံသင့် ခေါ်ခဲ့ကြပါသေးတယ်။

မြို့တော်မန္တလေးဆီကနေ ထင်ရှားကျော်ကြားတဲ့ စာပေပညာရှင်၊ အနုပညာရှင်၊ အတတ်ပညာရှင်များစွာ ပေါ်ထွန်းခဲ့ပါတယ်။

မန္တလေးတောင်ဟာ မြို့တော်ရဲ့အရှေ့မြောက်ထောင့်မှာတည်ရှိပြီး၊ ပေပေါင်း (၇၉၀-ပေ) မြင့်မားပါတယ်။ မန္တလေးတောင်ကို မြို့တော်ရဲ့သဘာဝမျှော်စင်ကြီးအဖြစ်လည်း တင်စားကြပါတယ်။

ဦးပိန်တံတားဟာ ကမ္ဘာ့အရှည်ဆုံးသစ်သားတံတားအဖြစ် မှတ်တမ်းဝင်ပါတယ်။ မန္တလေးနဲ့ဦးပိန်ဟာ ခွဲခြားလို့မရနိုင်ပဲ အမြဲတစေတွဲဖက် မြင်တတ်ကြပါတယ်။

ထီးနန်းစိုးစံရာမြို့ဖြစ်ခဲ့တဲ့အတွက် မန္တလေးကျုံးတော်ကြီးနဲ့ နန်းမြို့ရိုးကိုလည်း ဝံ့ကြွားစွာ တွေ့ရမှာဖြစ်ပါတယ်။ မြို့ရိုးလေးဘက်ရဲ့အရှည်ဟာ ရှေးခေတ်အတိုင်းအတာအရ တာပေါင်း-၂၄၀၀ ရှိပါတယ်။ တစ်မျက်နှာကို တာ-၆၀၀ ရှိပါတယ်။ ယနေ့ခေတ် အတိုင်းအတာအရဆိုရင် တာ-၆၀၀ ဆိုတာ "တစ်မိုင်နဲ့နှစ်ဖာလုံခန့်" ရှိပါတယ်။

မဟာလောကမာရဇိန်ဘွဲ့ချီ  ကုသိုလ်တော်ဘုရားဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အံ့ဖွယ်ရာတစ်ပါးဖြစ်ပါတယ်။ "ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး" လို့ တင်စားခဲ့ကြပြီး၊ ကျောက်စာအချပ်ရေ စုစုပေါင်း(၇၂၉) ချပ် ပါရှိပါတယ်။အတိအကျဆိုရင် ကုသိုလ်တော်ဘုရားကြီးရဲ့ ပထမ မဟာရံတံတိုင်းအတွင်းမှာ (၄၂)-ချပ်၊ ဒုတိယ မဟာရံတံတိုင်းအတွင်းမှာ (၁၆၈)-ချပ်၊ တတိယ မဟာရံတံတိုင်းအတွင်းမှာ (၅၁၉)-ချပ် ဆိုပြီး စိုက်ထူထားခဲ့ပါတယ်။ တည်နေရာကတော့ မန္တလေးကျုံးရဲ့ အရှေ့မြောက်ထောင့် အရပ်မှာ တည်ရှိပါတယ်။

မဟာသကျမာရဇိန် ဘွဲ့ချီတဲ့ မန္တလေးကျောက်တော်ကြီးဘုရားဟာလည်း ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်ကြီး ဖြစ်ပါတယ်။

မန္တလေးစျေးချိုတော်၊ မဟာမြတ်မုနိဘုရားကြီး စတဲ့အခြားသော ထူးခြားထင်ရှားတဲ့နေရာများစွာလည်း ရှိနေပါတယ်။

၁၉၀၇ ခုနှစ်က "စကော့အိုကွန်းနား" ဆိုတဲ့ ဗြိတိသျှအရာရှိတစ်ဦးက မန္တလေးမြို့ရဲ့သမိုင်းကြောင်းကို "မိုးသားမျှင် အရှေ့တိုင်း" နဲ့ "မန္တလေးနှင့်အတိတ်မြို့တော်များ" ဆိုပြီး စာအုပ်နှစ်အုပ် ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။

ဒါတွေကတော့ မန္တလေးနဲ့ပက်သက်တဲ့ ကျွန်တော်လက်လှမ်းမှီသမျှ ဗဟုသုတလေးတွေ ဖြစ်ပါတယ်။ သင်တို့သိရှိထားတဲ့ တခြားအရာတွေကိုလည်း Comment ရေးပြီး၊ အများသိအောင်ပြောပေးခဲ့နိုင်ပါတယ်။

"စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာရနိုင်ကြပါစေ"

#KnowledgeSharing
#Mandalay
#MMinNyo

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း