Author's Profile Photo

Loon-လွန်း

13/10/2024

တချိန်ကသူ

1 min read
Life Style
Personal Development
တချိန်ကသူ's photo

အားလုံးပဲမင်္ဂလာပါ။ကျွန်မတို့အနေနဲ့တချိန်ချိန်မှာဆုံတွေ့ခဲ့ရသူကို အခုထိ သတိတရရှိနေကောင်းရှိနေကြမှာပါ။အဲ့ဒီလိုပဲ မေ့ပစ်ချင်လောက်အောင် မုန်းစရာကောင်းတဲ့သူလည်း ဖြစ်နေနိုင်ပါတယ်။ဥပမာပြရရင် အချစ်ဦးပေါ့။အချစ်ဦးဆိုတဲ့အတိုင်း အရာအားလုံးကို သူနဲ့စတင်ခဲ့ရတာပါပဲ။အချစ်ဦးဆိုတဲ့အတွက် ပထမဆုံးစပီးတွဲခဲ့တဲ့သူဖြစ်လို့ ခံစားမှုတွေကအစ အသစ်တွေဖြစ်နေမှာပါ။အချစ်ကိုပထမဆုံး စတင်ထိတွေ့တာဖြစ်လို့ သူ့ဘက်ကပြောသမျှအရာအားလုံးကို ရင်ခုန်စရာလို့ထင်ခဲ့မိမှာပါပဲ။အခုနေ ပြန်တွေးကြည့်ရင်တော့ သူပြောခဲ့တဲ့အရာတွေက ဟာသတခုလိုပါပဲလား။သူ့ကြောင့် နာကျင်ရတာတွေ ပျော်ခဲ့ရတဲ့အခိုက်အတန့်တွေ ငိုခဲ့ရတာတွေ ရှိကြတာပါပဲ။အခုနေသာ တချိန်က အချစ်ဦးကို လမ်းမှာသာ ဆုံဖြစ်ခဲ့ရင် ကိုယ်ဟာ သူနဲ့တခါမှမဆုံခဲ့ဖူး မသိခဲ့ဖူးတဲ့ သူစိမ်းတစ်ယောက်လို ဖြစ်နေပါတော့မည်။

#Loon

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)