Moe Min Aung
လွန်ခဲ့တဲ့နှစ်ပေါင်းငါးသောင်းခန့်က အရှေ့အလယ်ပိုင်းဒေသလို့ခေါ်တဲ့ မြေပထဝီကို (Achaemenid) ပါရှန်း အင်ပါယာဟာ သိမ်းပိုက်ထားခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသ ဆိုတာ အာရှ၊ အာဖရိက၊ ဥရောပတို့ ဆုံစည်းတဲ့ ဒေသတစ်ခုဖြစ်တယ်။ ဆော်ဒီအာရီဗီယား၊ ဘာရိန်း၊ ကူဝိတ်နဲ့ အီရန်နိုင်ငံတို့လည်း ပါဝင်တယ်။ အရှေ့အလယ်ပိုင်းဒေသဟာ ဂျုးဘာသာ၊ အီစလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတို့ စတင်ခဲ့တဲ့နေရာလည်းဖြစ်တယ်။ သဲကန္တာရတွေ၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေပေါများပြီး ကမ္ဘာမှာ ရေနံအများဆုံးထွက်တဲ့ ဒေသတစ်ခုလည်းဖြစ်တယ်။
ကမ္ဘာကြီးကို (၇)ပိုင်းပိုင်းထားသလိုပဲ။ တိုက်ကြီး(၇)တိုက်ရှိတယ်။ (၁) အာရှတိုက် (၂) ဥရောပတိုက် (၃) အာဖရိကတိုက် (၄) သြစလျေးယားတိုက် (၅) မြောက်အမေရိကတိုက် (၆) တောင်အမေရိကတိုက် (၇) အန္တာတိကတိုက်တို့ဖြစ်တယ်။ အကြီးဆုံးတိုက်က အာရှတိုက်ဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ဂျပန်၊ ထိုင်း၊ မြန်မာ၊ လာအို စသည်အားဖြင့် နိုင်ငံတွေပါဝင်တယ်။ ဒုတိယအကြီးဆုံးဟာ အာဖရိကတိုက်ဖြစ်ပြီး အီဂျစ်၊ အိရန်၊ အိရက်၊ နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိကနိုင်ငံ စသည်အားဖြင့် နိုင်ငံတွေပါဝင်တယ်။ အာရှနဲ့ အာဖရိကတို့ထက် သေးငယ်တာက ဥရောပတိုက်ဖြစ်ပြီး ပြင်သစ်၊ ဂျာမဏီ၊ ဗြီတိန် စသည်အားဖြင့်နိုင်ငံတွေပါဝင်တယ်။
တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးရှိတယ်ဆိုပါစို့။ အဲ့ဒီဘုရင်မှာ ညီ၅ယောက်ရှိတယ်။ သူတို့၅ယောက်ကလည်း ဘုရင်လုပ်ချင်တယ်။ ဒါနဲ့ဘုရင်ကြီးလည်း အခြားတိုင်းပြည်တွေကို စစ်သွားတိုက်တယ်။ စစ်ရူံးတဲ့နိုင်ငံတွေရဲ့ ဘုရင်တွေကို ဖမ်းတယ်။ သူတို့ရဲ့စစ်တပ်တွေကို မိမိစစ်တပ်တွေနဲ့ ပေါင်းပြီး တိုးချဲ့တယ်။ ပြီးတော့ အဲ့ဒီနိုင်ငံတွေရဲ့ ဘုရင်တွေအဖြစ် သူ့ရဲ့ညီ၅ယောက်ကို ခန့်တယ်။ ဒါတင်မပြီးသေးပဲ ဦးလေးတွေ၊ ညီအစ်ကိုဝမ်းကွဲတွေ၊ တပည့်အရင်းတွေကလည်း ဘုရင်လုပ်ချင်တယ်။ ဒါနဲ့ဘုရင်ကြီးလည်းအခြားတိုင်းပြည်တွေအများကြီးကို ထပ်မံ စစ်သွားတိုက်ရပြန်တယ်။ ဘုရင်တွေကိုသတ်တယ်။ စစ်သားတွေကို ကိုယ့်စစ်သားတွေနဲ့ပေါင်းတယ်။ ဘုရင်ကြီးခန့်ထားတဲ့ ဘုရင်တွေဟာ ဘုရင်ကြီးစကားကို နာခံရတယ်။ ဘုရင့်တကာ့ဘုရင်ကြီးပေါ့။ သူ့ရဲ့တိုင်းပြည်ကနေ အခြားမတူညီတဲ့ တိုင်းပြည်များစွာကို ထိန်းချုပ်တယ်။ ဒါဆို အဲ့ဒီလို ဗဟိုတိုင်းပြည်က ဘုရင့်တကာ့ဘုရင်ကို ဘုရင်လို့မခေါ်တော့ဘူး။ သူဟာ ကြီးမြတ်တဲ့ ဧကရာဇ်တစ်ပါးပဲ။ သူ့ရဲ့မဟာစစ်တပ်ကြီးကို အင်ပါယာလို့ခေါ်တယ်။
ယနေခေတ်မှာ မော်တော်ကားတွေ မော်တော်ဆိုက်ကယ်တွေ လေယာဉ် သင်္ဘောတွေ စက်ရုံတွေဟာ အလွန်အရေးပါလာပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံး လည်ပက်ဖို့အတွက် ဓာတ်ဆီတွေ ဒီဇယ်တွေလိုအပ်တယ်။ ဓာတ်ဆီဒီဇယ်တွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ အများဆုံးထွက်တဲ့ရေနံကနေ တစ်ဆင့်ရရှိတယ်။ ဒါကြောင့် အဲ့ဒီဒေသမှရှိတဲ့ နိုင်ငံတွေဟာ ပိုက်ဆံချမ်းသာကြပြီး အခြားနိုင်ငံတွေက မှိီခိုအားထားနေကြရတာဖြစ်တယ်။ ရေနံမထွက်တဲ့နိုင်ငံတွေဟာ ရေနံထွက်တဲ့နိုင်ငံတွေရဲ့ တောင်းဆိုမူတွေကို မဖြစ်မနေ လိုက်လျှောပေးရတယ်။ အမြဲတမ်း သင့်မြတ်အောင်နေရတယ်။ ရေနံဆီတင်ပို့မူဟာ အင်မတန်အရေးကြီးလှတယ်။
Keep Reading