Par Te
?ကျွန်မတို့ ဘယ်အရာကိုမှ မသိနားမလည်ခင်မှာ
ကြားသမျှအရာတွေကို တစ်ဘက်နားက ကြားတဲ့အရာကို ခံစားမနေဘဲ နောက်နားတစ်ဖက်ကို ထွက်
ခိုင်းလိုက်တဲ့အခါမှာ ဘယ်လိုအရာပဲကြုံကြုံ
အားလုံးကို အပြုံးနဲ့တွေသာ ပြန်ပြီး တုန့်ပြန်တတ်ခဲ့ကြပေမဲ့ အရာရာကို နားလည်သွားတဲ့အခါ မပြုံးနိုင်ကြတော့ဘူး။ ကိုယ်ထင်မထားတဲ့ မပြုံးနိုင်တေ့ာတဲ့အချိန်ရောက်လာခဲ့တယ်။
?ဘာကြောင့်လဲဆိုတော့ အရာရာကို နားလည်ပြီး နှလုံးသားထဲကို တန်းထည့်လိုက်တဲ့အခါ အကြောင်းအရာစုံက အမြဲတမ်းပျော်စရာကောင်းမနေသလို အရာရာတိုင်း ကလည်း ဝမ်းနည်းစရာတွေကြီး တွေတော့ မဟုတ်ပေမဲ့ နှလုံးသားနဲ့ လိုက်ပြီး ခံစားလိမိကြတေ့ာ မပြုံးနိုင်ကြတော့ဘူးလေ။
?ကျွန်မ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်ခန့်က ထိုင်းနိုင်ငံရဲ့ apartment တစ်ခုမှာ အလုပ်လုပ်နေခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ ထိုင်းစကားတစ်လုံးမှ နားမလည်တဲ့အချိန်မို့ ကျွန်မနဲ့ အလုပ်အတူတူ လုပ်တဲ့ လာအိုမ လေးရယ်၊ ကားမောင်းတဲ့သူတွေရယ်က ကျွန်မကို အမျိုးမျိုးလှောင်ရယ်တာတွေ ခိုင်းတာတွေ လုပ်ခဲ့ပေမဲ့ ကျွန်မ သူတို့ပြောသမျှကို နားမလည်တာကြောင့် အပြုံးနဲ့သာ တုန့်ပြန်ပြီး ကိုယ်လုပ်ရမဲ့ တာဝန်တွေကိုသာ အကောင်းဆုံးလုပ်နေခဲ့တယ်။
? နောက်ကြာလာတော့ အမြဲစနောက် လှောင်ပြောင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက
ကျွန်မကို တွေ့တိုင်း မယ်ပြုံး ပြုံးပဲပြုံးနေတဲ့သူ
ဆိုပြီးပြောင်းခေါ်ကြတယ်လေ။
?ဒါပေမဲ့ ကျွန်မထိုင်းနိုင်ငံမှာ နေလာတာအချိန်ကြာလာတာနဲ့အမျှ ထိုင်းစကား နားလည်လာတဲ့အချိန်မှာ အရင်တုန်းကလို ကျွန်မ အမြဲပြုံးမနေနိုင်တော့ဘူး။ သူတို့ဆီက လာတဲ့ စကားလုံးတိုင်းကို ကျွန်မဦးနှောက်ကနေတစ်ဆင့် နှလုံးသားထဲကို ပို့ပြီး ပြုံးမပြနိုင်တော့အောင် ပြန်ပြီး တုန့်ပြန်တာတွေလုပ်တတ်လာတယ်။
?ကျွန်မဆိုလိုချင်တာက ကျွန်မတို့ အသက်ရှင် ကျင်လည်နေတဲ့ နေရာ ပတ်ဝန်းကျင်တွေအကြောင်းကို မသိခင်မှာ ကျွန်မတို့ ပြုံးနေနိုင်ပြီး လူတွေရဲ့ ချစ်ခင်ယုယမှုတွေ၊ ချစ်ခင်နှစ်သက်မှုတွေလည်း ခံရနိုင်ပြီး မိမိကိုယ်တိုင်လည်း ပျော်ရွှင်မှုတွေ ခံစားရနိုင်ပါတယ်။
?သို့သော် ကျွန်မတို့ လူတွေအကြောင်း ပတ်ဝန်းကျင်အကြောင်းတွေ သိလာ၊နားလည်လာတဲ့အခါမှာ ပြုံးပြုံးလေးနဲ့ မတုန့်ပြန်နိုင်လို့ ချစ်ခင်ခဲ့တဲ့သူတွေက ကိုယ့်ကိုယ် ရန်သူအလားဆက်ဆံလာတဲ့အခါ တွေ ရှိလာနိုင်ပါတယ်။
?အဲဒီလိုအချိန်တွေမှာ လောကကြီးကိုယ် အပြစ်မတင်ပါနဲ့၊ လူတွေကိုယ်လည်း အပြစ်မတင်ပါနဲ့ နောက်ပြီးတော့ မိမိကိုယ်ကိုယ် ကိုယ်လည်းအများကြီး အပြစ်မတင်ပါနဲ့။ ဘာကြောင့်လည်ဆိုတော့ ဒါက လောကနိယာမတွေထဲက တစ်ခုပဲမို့လို့ပါ။
?အဲသလိုကြုံတွေရတဲ့ သူဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာသတိရပါ။ ကိုယ်တစ်ယောက်တည်းဖြစ်နေသည့်တိုင်အောင် ရပ်တည်ရဲဖို့လိုပါတယ်။
?ကျွန်မကတော့ ဘယ်အချိန်ထိ ခံနိုင်ရည်ရှိမလဲ မသိပေမဲ့ ရပ်တည်ရဲဖို့ နဲ့ အမုန်းခံရဲဖို့ ရွေးချယ်ခဲ့ဖူးပါတယ်။ စာဖတ်သူတွေကော ကြုံဖူးကြလာ ဘယ်လိုအရာကို ရွေးချယ်ကြမှာလဲ...
#Clay_ခလေး ??
Keep Reading