
သစ်ဆေး(၆)ရွာ ရွှေအလယ်ကြောင်းနှင့် ပေပုရပိုက်လာ သမိုင်းမှတ်တမ်းများ
စာရေးသူ - ကျော်ငွေ(ဧည့်လမ်းညွှန်)M.A.English
1 min read
- တန့်ဆည်မြို့နယ်တွင် ထင်ရှားကျော်ကြားခဲ့သော လူပုဂ္ဂိုလ်(၃)ဉီး ရှိသည်။ ၎င်းတို့မှာ (၁)ဉီးပေါ်ဉီး၊ (၂)မင်းအောင်(စာရေးဆရာ)-မိုးအောက်မြေပြင်ဝတ္ထုဖြင့် စာပေဗိမာန်ဆုရ၊ (၃) ဉီးကျော်ထိန် (ဒုဝန်ကြီး-သစ်တော)(မဆလ - လက်ထက်)တို့ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ် (၃)ဉီးတို့ကား ဂေဇက်ဝင် ပုဂ္ဂိုလ်များ ဖြစ်။

- တန့်ဆည် သမိုင်းကို ပြောပြလျှင် သွေးသောက်ကြီး ဗိုလ်မြအကြောင်းသည်လည်း ချန်လှပ်ထားခဲ့၍ မရပါ။ သွေးသောက်ကြီး ဗိုလ်မြကို တန့်ဆည်မြို့နယ် ကျွန်းတောကုန်းရွာတွင် အဖ ဉီးချို၊ အမိ ဒေါ်စာဥ တို့မှ မွေးဖွားပြီး သားယောကျာ်း(၄)ယောက်အနက် အငယ်ဆုံးမှာ ဗိုလ်မြဖြစ်ပြီး နောင်အခါ ဘုရင့်အမှုတော်ထမ်း သွေးသောက်ကြီး ဗိုလ်မြ ဖြစ်လာ။ သီပေါမင်းပါတော်မူပြီးလျှင် ဗိုလ်မြသည် သူ့ကျွန်မခံပြီ ဟူသော စိတ်ဓါတ်ဖြင့် နယ်ထဲရှိ မျိုးချစ်သူရဲကောင်းများကို ဉီးဆောင်ကာ နယ်ချဲ့ကို တော်လှန်ခဲ့။ နောင်တွင် လက်နက်ချင်း မမျှသောကြောင့် အင်္ဂလိပ်ကို တော်လှန်ရင်း အဖမ်းခံလိုက်ရ။ ဗိုလ်မြမှာ အဖမ်းခံရချိန်တွင် အနာမန်းတက်ပြီး ဖျားနာသည်။ ရေဉီးမြို့နယ် စည်းကြီး၊ ကင်ပွန်းခြုံရွာအနီးတွင် မြင်းကုန်းပေါက် သဖြင့် အနာအိုင်ကြီး ဖြစ်ရာမှ ဖျားနာပြီး မသွားနိုင် မလာနိုင်ဖြစ်ကာ ခြုံပုတ်ထဲပုန်းအောင်နေစဉ် အင်္ဂလိပ်စစ်တပ်မှ လာရောက်ဖမ်းဆီးသွားပြီး ရေဉီးမြို့သို့ ခေါ်ဆောင်သွားကြ။ အင်္ဂလိပ်တို့သည် ဗိုလ်မြအား ရေဉီးမြို့ သိမ်ကျောင်းတိုက် အင်္ဂါထောင့်တွင် ကျင်းနက်စွာတူးပြီးအရှင်လတ်လတ် မြေဖို့သတ်လိုက်ကြ။ လူသာ သေသွားသည်။ ဗိုလ်မြ၏နာမည်ကား ထာဝရ ရှင်ကျန်နေရစ်ခဲ့။ ဗိုလ်မြကို ဂုဏ်ပြုသောအားဖြင့် တန့်ဆည်မြို့၏ ရပ်ကွက်ကြီးနှစ်ခုအနက် တစ်ခုကို ပေါ်ဉီးရပ်ဟူ၍ သမုတ်ပြီး ကျန်ရပ်ကွက်ကို ဗိုလ်မြရပ်ကွက်ဟူ၍ အမည်သမုတ်ကာ ဗိုလ်မြအား ဂုဏ်ပြုထားကြ။
Keep Reading
Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ
အနုပညာနည်းလမ်းနှစ်သွယ်အတွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့
နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)