Author's Profile Photo

Chancellor

12/10/2024

သစ်စေးရွာ(၆)ရွာ ရွှေအလယ်ကြောင်းနှင့် ပေပရပိုက်လာ သမိုင်းမှတ်တမ်းများ ရေးသူ -ကျော်ငွေ(ဧည့်လမ်းညွှန်) M.A.English စာမျက်နှာ - ၁

1 min read
Art
  • တန့်ဆည်အစ ၆ ရွာက။ ။ တန့်ဆည်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ ကလေးဝ ကားလမ်းမကြီးပေါ်တွင် တည်ရှိ။ တန့်ဆည်မြို့နယ်သည် အရှေ့-အနောက် မိုင် (၄၀)ခန့်၊ တောင်မြောက် မိုင်(၃၀)ခန့်ကျယ်ဝန်း။ မြို့နယ်၏မြောက်ဘက်နှင့် အရှေ့ဘက်ကို မူးမြစ်ဖြစ်ပိုင်ခြား၊ မြို့နယ်၏အနောက်ဘက်တွင် မဟာမြိုင်တောကြီးရှိ။ တန့်ဆည်မြို့နယ်၏ နယ်နိမိတ်ချင်းဆက်စပ်နေသည့် မြို့နယ်များမှာ အနောက်ဘက်တွင် မင်းကင်းမြို့နယ်၊ မြောက်ဘက်တွင် ကျွန်းလှမြို့နယ်၊ အရှေ့ဘက်တွင် ကန့်ဘလူမြို့နယ်၊ တောင်ဘက်တွင် ရေဉီးမြို့နယ် တို့ တည်ရှိ။ တန့်ဆည်မြို့ပေါ်တွင် ရပ်ကွက်ကြီး(၄)ခု၊ ၂၀၁၄ခုနှစ်အရ သန်းခေါင်စာရင်းအရဆိုသော် ၁၈၅၅.၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ တန့်ဆည်မြို့ပေါ်တွင် ရပ်ကွက်ကြီး(၄)ခု၊ မြို့နယ်အတွင်းတွင် ကျေးရွာအုပ်စုပေါင်း (၅၅)စု၊ လူဉီးရေစုစုပေါင်း (၁၆၂၃၁၄)မှီတင်းနေထိုင်။


  • တန့်ဆည် အစ ၆ ရွာက ဆိုကြသည်။ ရှေးမြန်မာဘုရင်များ လက်ထက်တော် အခါက သည်ဘက်အရပ်ဒေသတွင်ရှိ ကျေးရွာအုပ်စုအမည်များကို နာမည်ပေးခေါ်ဝေါ်ကြသည်က အင်မတန်စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ တန့်ဆည် ၆ ရွာ၊ သစ္စေး ၆ ရွာ၊ ရွှေကျင် ၁၃ ရွာ၊ အင်တိုင်း ၅ ရွာ၊ အင်ထောက်သာ ၅မြို့၊ ပဥ္စလ ၅ မြို့၊ အမြင့် ၅မြို့ စသည်ဖြင့် ခေါ်ဝေါ်။


  • သမိုင်းစာရေးဆရာ တင်နိုင်တိုး၏ မြန်မာပြည်လမ်းညွှန် စာအုပ်တွင် တန့်ဆည်မြို့သည် ရွာ ၆ ရွာ ဖြင့် စတင်တည်ထောင်ခဲ့သည်ဟု ဆိုထား။ အဆိုပါ ၆ ရွာ (၁)ကျောင်းကန်ကုန်း၊ (၂)ငွေပင်ကုန်း၊ (၃)လေးရွာကုန်း၊ (၄)ထူးတဲကုန်း၊ (၅)ဝင်္ကပါ၊ (၆) မရကန်ကုန်း တို့ဖြစ်ပြီး အဆိုပါ ၆ ရွာ ကား ယနေ့တွင် တန့်ဆည်မြို့၏ ရပ်ကွက် အစိတ်အပိုင်းများ ဖြစ်လာ။


Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အမည်မရှိ ကမ္ဘာအ‌တွေးအစအနများလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)