Author's Profile Photo

~{ပွင့်ခြူး}~

12/10/2024

ဘာမှမလုပ်ဘဲ ဘာမှမရတာ ဆန်းသလား?

1 min read
Life Style
Education
18 Again
ဘာမှမလုပ်ဘဲ ဘာမှမရတာ ဆန်းသလား?'s photo



ဒီနေ့ ပြောချင်တဲ့အကြောင်းအရာလေးက

အခုခေတ်လူငယ်တွေက ဘာမှလဲမလုပ်ဘဲနဲ့ သူများရရင် သူများအောင်မြင်ရင် မနာလိုသလိုလို ဘာလိုလိုနဲ့ jealous ဆိုတဲ့ စိတ်ကလေးဝင်တတ်တယ်။ အဲတာမဟုတ်တာဘဲ ကိုယ်ကဒီအရာကိုရချင်တယ် လိုချင်တယ် ဖြစ်ချင်တယ်ဆိုရင် ရအောင်လုပ်ရမှာပဲလေ ဟုတ်တယ်လားရှင့်? ဘဝမှာ မဖြစ်သေးတာပဲရှိတာပါ မဖြစ်ဘူးဆိုတာ မရှိဘူး။ ဒါဆို ကိုယ်ဒါကိုလုပ်ချင်တယ်ဆိုရင် ရအောင်လုပ်ရပါမယ်။ ကိုယ်ကတော့လုပ်ပါရဲ့ကိုယ်စိတ်ကျေနပ်သလောက်ဖြစ်မလာရင်လည်း ထပ်ကြိုးစားလိုက်ရုံပါ။ စိတ်ဓာတ်မကျပါနဲ့ ။ တစ်ချို့တွေဆို ဘာမှမကြိုးစားကျတဲ့လူတွေရှိနေတာပဲ။ သို့သော် အဲလိုရီးတွေးလိုက်ရင်လည်း ကြိုးစားချင်စိတ် မလျော့သွားပါနဲ့ရှင့်။
တစ်ချို့လူငယ်တွေက ကိုယ်လဲဘာမှမတတ် မရဘဲနဲ့ သူများအောင်မြင်ရင် ကျော်ကြားရင် မနာလိုတတ်ကြတယ်။ ဒါဟာ မြန်မာလူငယ်တော်တော်များများမှ ရှိတတ်ကြတဲ့ စရိုက်လက္ခဏာပဲ။ မကောင်းတဲ့အကျင့်ဆိုလဲဟုတ်ပါတယ်။ ဆို‌တော့က အဲလိုစိတ်ကြီးလဲရှိပြီး ဘာမှမလုပ် မဖြစ်ထွန်းဘူးဆိုရင်တော့ ဘာလုပ်မှာလဲ လူ့ဘဝမှာ? ဟုတ်တယ်မလားရှင့် ဒါဆိုရင် ကိုယ်ဒါကိုလုပ်ချင်တယ် ရအောင်လုပ်မယ်လို့ စိတ်ဆုံးဖြတ်ပါ ကျွန်မတို့လူငယ်တွေက တော်ပြီးသားပါ ညံ့တဲ့လူဆိုတာမရှိပါဘူး ဒါပေမဲ့ လူချင်းကွာခြားသွားကြတာတယ်။ ဒါ‌ဘာကြောင့်လဲ? လုံ့လစိုက်မှု ဝီရိယရှိမှု အရည်အချင်း စတဲ့ စတဲ့ လူတော်လူကောင်းတစ်ယောက်မှာ ရှိတဲ့ အရာတွေပေါ့။ ဒါနဲ့တင်မပြီးသေးပါဘူး ပညာတော် စာတတ်နေလည်း စိတ်ဓာတ်ကောင်းမှ ရမှာပါ။ကိုယ့်ကဘယ်လောက်ပညာတော်နေပါစေ ကိုယ့်စိတ်ဓာတ်ကအောက်ဆုံးရောက်နေရင်လည်း ဒါဟာဘာမှ အကျိုးမသက်ရောက်ပါဘူး။ ဒါကြောင့် အခုခေတ်လူငယ်တွေကိုယ်ကဘာမှမကြိုးစားဘဲ သူများကို ဝေဖန်တာတွေလုပ်နေမယ့်အစား ကိုယ့်ရဲ့ရည်မှန်းချက် ဝါသနာနောက်ကိုလိုက်ပြီးကိုယ့်ရဲ့အောင်မြင်မှုတွေကိုရယူလိုက်ပါလို့ နှိုးဆော်အပ်ပါတယ်နော်။


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်