Author's Profile Photo

Thoon Kari

11/10/2024

လူအမျိုးမျိုးအကြောင်း တစ်ပိုင်းတစ်စများ

1 min read
Life Style
General Knowledge
Creative
လူအမျိုးမျိုးအကြောင်း တစ်ပိုင်းတစ်စများ's photo

တစ်ချို့က
ဒေါသလေးတစ်မြမြနဲ့ ဟန်လုပ်နေတတ်တဲ့
လူတတ်ကြီးတွေလည်း ရှိတယ်
သူတို့က ဘာပဲပြောပြော ဒေါသလေးနဲ့
ပွဲသိမ်းလိုက်ရမှ နေသာထိုင်သာရှိတတ်ကြတယ်

တစ်ချို့ကတော့
ပညာတတ်ယောင်ဆောင်ထားတဲ့
လူ့ဂွစာတွေ ဖြစ်ပြန်တယ်
ဒဿနတွေ တစ်သီတစ်တန်းကြီး ကြားထဲကနေ
ငါမှအမှန်ဆိုတာကလည်း ရှိပြန်တယ်

တစ်ချို့က
လိမ်ညာနဲ့ အပေါင်းအဖော်လုပ်နေသူ
တစ်ချို့ကျပြန်တော့ တစ်ယူသန်

ဒါပေမဲ့ တစ်ချို့က
စေတနာတွေ ထက်သန်လို့ ကူညီပေးသူ
တစ်ချို့ကတော့ အေးအေးဆေးဆေးနဲ့
ဒေါသဆိုသည်မှာ ဘယ်ဆီနေမှန်းမသိသူ

နောက်လူတစ်ချို့ကျပြန်တော့
အမှန်မှအမှန် ဘက်လိုက်တယ်ဆိုတာ
သူ့ဉပဒေမှာ မရှိဘူး
တစ်ချို့က သူ့ဒဿနနဲ့သူ ဘယ်သူ့မှ ရန်မလုပ်ဘဲ
ကိုယ့်ဘဝကို ကျေနပ်နေသူ

တစ်ချို့က
လေးစားမှုကို ဆရာတင်ထားပြီး ယဉ်ကျေးလိမ္မာသူ
တစ်ချို့ကတော့
ပညာတကယ်တတ်ပြီး နေရာတိုင်းမှာ
ဆရာကြီးမလုပ်တတ်သူ ဖြစ်ပြန်တယ်။

တစ်ချို့ကတော့....
စသည်ဖြင့် လူအမျိုးမျိုး ရှိကြတယ်။ ဒီလောကကြီးမှာ လူလူချင်းတူပေမဲ့ စိတ်ဓာတ်တွေ ကွဲပြားကြပါတယ်။ ဒါကြောင့် ကိုယ်ကဘယ်လိုလူလဲ ဆန်းစစ်ပြီး လူကောင်းဖြစ်အောင် နေထိုင်ရပါမယ်။ အပေါင်းအသင်းထားတဲ့အခါ သတိထားပြီး ပေါင်းသင်းကြပါ။ စိတ်ဓာတ်တွေလှဖို့ဆိုရင် ကိုယ်တိုင်ကအရင် လှဖို့လိုအပ်ပါတယ်။ ဒါပေမဲ့လည်း လောကကြီးဆိုတာ ဆန့်ကျင်ဘက်တွေပေါင်းမှ အဓိပ္ပါယ်ရှိပြန်တယ်။ ။

#thoonkari
#sarphat

စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်?


စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...


Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း