Author's Profile Photo

Shwe Yin Aye

11/10/2024

အောင်မြင်ချင်လား?

1 min read
Life Style
General Knowledge
Leadership
အောင်မြင်ချင်လား?'s photo
  • လက်တွေ့လုပ်ပါ။

မင်းရဲ့စိတ်ကူးတွေ အတွေးတွေက လက်တွေ့မလုပ်သရွေ့ ​အောင်မြင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ​အောင်မြင်သူ​တွေကို မင်းကြည့်ပါ။ သူတို့က လက်​တွေ့လုပ်ကြတယ်။

  • Risk ယူပါ။

မင်းလုပ်ချင်တဲ့အရာ​တွေထဲမှာ စွန့်စားရတာ​တွေ အမြဲလိုလို ရှိ​နေမှာ။ စွန့်စားရမှာ ​ကြောက်​နေသ​ရွေ့ မင်းမ​အောင်မြင်နိုင်ပါဘူး။အောင်မြင်နေတဲ့သူတွေကစွန့်စားရဲကြတယ်။

  • ငွေကိုပဲအာရုံမစိုက်နဲ့။

မင်းအောင်မြင်ချင်တဲ့လမ်းကြောင်းတွေမှာသင်ယူရမှာတွေအများကြီးရှိတယ်။အဲ့ဒါမင်းရဲ့investments တွေလို့သတ်မှတ်ပါ။

  • No ပြောဖို့ကိုဝန်မလေးနဲ့။

အရာရာတိုင်းYesလုပ်နေရင်အဲ့ဒါတွေနဲ့မင်းအချိန်ကုန်လိမ့်မယ်။Noပြောဖို့မတုန့်ဆိုင်းနဲ့။အောင်မြင်သူတွေက အားမနာတတ်ဘူးနော်။

  • ခေါင်းဆောင်ကောင်းနှင့်နောက်လိုက်ကောင်း။

နေရာတိုင်းမှာမင်းခေါင်းဆောင်နေရမှာမဟုတ်ဘူး။နောက်လိုက်ကောင်းဖြစ်အောင်ကြိုစားပါ။ခေါင်းဆောင်ကောင်းဖြစ်လာလိမ့်မယ်။အောင်မြင်သူတွေဟာခေါင်းဆောင်ကောင်းနဲ့နောက်လိုက်ကောင်းစိတ်ဓါတ်ရှိကြတယ်။

  • ဇွဲလုံ့လရှိပါ။

အစ စပြီးအဆုံးထိအောင်မလုပ်ချင်ရင်အစထဲကမလုပ်ပါနှင့်။ပြီးမြောက်အောင်မလုပ်တဲ့သူဟာ မစဘဲနဲ့နေတဲ့သူနဲ့ရလာဒ်ချင်းအတူတူပါပဲ။အောင်မြင်နေတဲ့သူတိုင်းကအစအဆုံးလုပ်ကြတယ်။

  • အမြဲသင်ယူလေ့လာပါ။

ဒီနေ့ခေတ်ဟာ သင်ယူလေ့လာဖို့ရပ်လိုက်တာနဲ့ မင်းနောက်မှာ ကျန်ခဲ့ပြီနော်။ဘာလို့လဲဆိုတော့နည်းပညာတွေတိုးတက်နေလို့။မျက်စိဖွင့်ပါ။နားစွင့်ပါ။အဆက်မပြတ်လေ့လာပါ။

  • အမှားကနေသင်ယူပါ။

မင်းကိုယ်တိုင်မှားမှသင်ယူရင်အချိန်ပိုကုန်မယ်။အောင်မြင်သူတွေအမှားကနေဘယ်လိုသင်ယူလဲသင်ယူပါ။ဒါ့ကြောင့်စာများများဖတ်ပါ။

  • အခွင့်အလမ်းဖန်တီးပါ။

ကံကြောင့်ရမယ့်အခွင့်အလမ်းကို မင်းမစောင့်နဲ့။အခွင့်အလမ်းကိုမင်းကိုယ်တိုင်ဖန်တီးဖို့ဦးနှောက်ကိုအမြဲအလုပ်လုပ်ပါ။

  • နည်းနည်းပြောပါ။

မင်းသူများပြောတာတွေများများနားထောင်ပါ။များများနားထောင်မှနည်းနည်းပြောပြီးရလာဒ်ကောင်းရလာမယ်။

  • အာရုံစိုက်ပါ။

လူတော်တော်များများကအာရုံများကြပါတယ်။မင်းလည်းအာရုံများနေရင်အာရုံမစိုက်နိုင်ပါဘူး။အောင်မြင်တဲ့သူတွေကတော့တခုခုကိုအမြဲfocus ထားပြီးလုပ်တတ်ကြတယ်။

  • ပန်းတိုင်သတ်မှတ်ပါ။

မင်းက ပန်းတိုင်မသတ်မှတ်ပဲလုပ်နေရင် ရောက်တတ်ရာရာပဲဖြစ်နေမှာပါ။ဦးတည်ရာကိုမရောက်နိုင်ပါဘူး။အောင်မြင်သူတွေဟာအမြဲ Goal ရှိတယ်။

                                   ?ရွှေရင်အေး⌚️


Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း