Author's Profile Photo

Par Te

11/10/2024

အသက် ဘယ်လောက်လဲ

1 min read
Life Style
အသက် ဘယ်လောက်လဲ's photo

?အသက်ဘယ်လောက်မှာ ဘာဖြစ်ရမယ်။ ဘယ်အသက်အရွယ်ရောက်ရင် အိမ်ထောင်ပြုသင့်ပြီး၊ ဘယ်အချိန်မှာဆို နေ့လယ်စာစားရမယ်၊ ဒီအရွယ်ဆိုရင် ကျောင်းပြီးသင့်တဲ့အသက်အရွယ်ဖြစ်နေပြီ၊ ဒီအရွယ်ကတော့ ဘာတွေမလုပ်သင့်သေးဘူး ဆိုတဲ့အရာတွေဟာ လူသားတွေကသာ စတင်ပြီး သတ်မှတ်ကြခြင်းဖြစ်တယ်။

?a,b,c, i,ii,iii အစရှိတာတွေကိုလည်း လူတွေက သတ်မှတ်ပြီး ကျွန်မတို့က သင်ယူနေကြခြင်းဖြစ်တယ်။ ဒါက မကောင်းတာမဟုတ်ဘူး အလွန်ကောင်းတဲ့အရာဖြစ် လို့ပဲ ကျွန်မအပါအဝင် လူတိုင်းက သင်ယူပြီး ကျင့်သုံးနေကြခြင်းဖြစ်တယ်။

?ဒါပေမဲ့ ကျွန်မတို့ လူငယ်အရွယ်တွေက ဟိုအရင်က သတ်မှတ်လာခဲ့ကြတဲ့ အရာတွေ၊ အချို့သော ယဉ်ကျေးမှုတွေ၊ အစားအသောက်ပုံစံတွေ၊ ဆံပင်ပုံစံတွေကို ဆန့်ကျင်ပြီး နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ လုပ်လာကြတယ်။ ဒါလည်း အလွန်ကောင်းတဲ့အရာ လို့ပြောလို့ရမှာပါ။ အသစ်အဆန်းတွေ မြင်တွေ့လာကြတယ်လေ။

?ဒါပေမဲ့ အခုချိန်ထိအသက်ကိုတော့ သိပ့်ပြီးဂရုစိုက်နေကြတုန်းပါပဲ။ ဥပမာ- ကျွန်မဆိုရင် ကျွန်မ အသက်ကို လက်မခံတာ မကြိုက်တာ မဟုတ်ပေမဲ့ ကျွန်မကို အသက်မေးလာရင် မကြိုက်တတ်သလို ကျွန်မကိုယ့်အသက်ကိုလည်းမသိတာမဟုတ်ပေမဲ့ ကိုယ့်အသက်ကို အမြဲတွေးပြီး လူတွေသတ်မှတ် ထားတဲ့ ….

?ငါကျောင်းပြီးတဲ့အရွယ်ရောက်နေပြီ၊ ငါအိမ်ထောင်ပြုရမဲ့ အရွယ်ရောက်နေပြီး၊ ငါကလေးမွေးရမဲ့အရွယ်ရောက်နေပြီ၊ အစရှိသဖြင့် အဲဒီအရာတွေကို ကောင်းထဲအမြဲထည့်နေပြီး လူတွေသတ်မှတ်တဲ့အတိုင်းမဖြစ်တဲ့အခါ၊ လူတွေရဲ့ အကြည့်တွေတွေ့တဲ့အခါ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တာလည်း မဖြစ်ချင်တာကြောင့် အသက်မေးရင် မကြိုက်တာပါ။

?ဒါက လူတွေကို လိုက်ပြီး ဆန့်ကျင်နေတာ မဟုတ်ပေမဲ့ ကျွန်မက ဒီအသက်နဲ့ပတ်ပြီး ကိုယ့်ခံယူချက်ကို သဘောကျနေတယ်။ ဒီနေ့အထိ ကိုယ့်ရဲ့ အသက်အရွယ်နဲ့ သင်ယူလေ့လာခဲ့ရတဲ့ ပညာ၊ အတွေ့အကြုံတွေအားလုံးကို ကြိုက်တယ် နှစ်သက်တယ်။ ဒါပေမဲ့ အသက်ဘယ်လောက်ရှိပြီဆိုတာကြီးကို ခေါင်းထဲမထည့်ထားချင်ရုံလေးပါ။

?ဒါကြောင့် ကျွန်မအနေနဲ့တော့ ကိုယ်အသက် ဘယ်လောက်ရှိနေနေ အသက်နဲ့ ပတ်သက်လာရင် ကိုယ်ပျော်သလိုနေလို့ရမယ်၊ အချို့သောအရာတွေမှာ လူတွေရဲ့ သတ်မှတ် ထားတဲ့ဘောင်အတိုင်း လိုက်ပြီး အသက်ရှင် ကျင့်နေဖို့ မလို့ဘူးလိုတစ်ဦးတည်း တွေးမိပါတယ်။

လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ✌️
ကျေးဇူးတင်ပါတယ် ❤️
#Clay_ခလေး ??

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး