Author's Profile Photo

Par Te

11/10/2024

ကိုယ့်ကိုယ်ကိုယ် လိမ်လို့မရဘူး

1 min read
Life Style
Personal Development
General Knowledge
ကိုယ့်ကိုယ်ကိုယ် လိမ်လို့မရဘူး's photo

?ကျွန်မတို့ တစ်တွေဟာ တစ်ပါးသူကို လိမ်ရဖို့ လွယ်ကူလွန်းလှပေမဲ့ မိမိ ကိုယ်ကိုယ် လိမ်လို့ မရဘူးဆိုတာကိုတစ်ခါတစ်ရံ သတိမေ့နေမိတတ်ကြပါတယ်။

? ကိုယ့်ကိုယ်ကိုယ် လိမ်လို့လိမ်နေမှန်းမသိအောင် တစ်ခါတစ်ရံ အကျင့်ပါနေတတ်ပေမဲ့ အဲဒီအရာတွေဟာ ဒီနေ့မဟုတ်ရင်၊ မနက်ဖြန်၊ မနက်ဖြန်မဟုတ်ရင် နောက်လ၊ နောက်နှစ် တစ်ရက်ရက်မှာတော့ ကိုယ့်ကိုယ် စိတ်ပိုင်းဆိုင်ရာ အားဖြင့် ဝမ်းနည်းစရာ၊ နောင်တရစရာ၊ ရှက်ရွံစရာ အဖြစ်အပျက်တွေကို ပြန်ပြီးယူဆောင်လာပေးနိုင် ပါတယ်။

?တနည်းအားဖြင့် ကျွန်မတို့ အတိတ်မှာ မှားခဲ့တဲ့အရာ၊ မလုပ်ခဲ့မိတဲ့အရာတွေဟာ လက်ရှိအချိန် (သို့) အနာဂတ်တစ်ရက်ရက်မှာ အိမ်မက်ဆိုးတွေကို မက်စေခဲ့ပြီး ကိုယ့်ရဲ့အမှားကို တစ်ပါးသူတွေ မသိဘူးဆိုပေမဲ့ ကိုယ်တိုင်က အတိတ်အိမ်မက်ဆိုးတွေရဲ့ ခြောက်လှန့်ခြင်းတွေကိုခံနေရတတ်ပါတယ်။

?ဒီတော့ ကျွန်မတို့ နေ့စဉ်လုပ်နေတဲ့ အရာမှာ ကိုယ့်ရဲ့ယနေ့မှာ၊ ကိုယ့်ရဲ့မနက်ဖြန်မှာ ၊ ကိုယ့်ရဲ့နောင် ၅ နှစ်မှာ ကိုယ့်ရဲ့ အိမ်မက်တွေက ကိုယ့်ကို ပြန်ပြီးမခြောက်လှန့် မိအောင် ကိုယ့်အတွက်သာတွေးပြီး အရင်လုပ်ကြည့်ပါ လူတွေက တစ်ကိုယ်ကောင်းဆန်တယ် ဆိုလည်း ဆိုကြပါစေဂရုမစိုက်ပဲ နားလွှဲပေးကြည့်ပါ။

?ကိုယ့်ကိုယ်ကိုယ် လိမ်နေတဲ့အခါ ကိုယ့်ရဲ့ယုံကြည်မှုတွေဟာလည်း အလိုလိုနေရင်း ကျဆးင်လာမယ်။
တစ်ပါးသူတွေက မိမိအကြောင်းကိုသေချာမသိပေမဲ့
သူတို့သိနေတဲ့အလား ကိုယ်တိုင်က စိတ်မသာမယာဖြစ်ပြီး မျက်နှာငယ်သလိုခံစားနေရတတ်ပါတယ်။

?တစ်ပါးသူကို လိမ်လို့ရနိုင်ပေမဲ့ မိမိကိုယ်ကိုယ်ကို
လိမ်လို့မရတာကြောင့် မိမိအတွက် မိမိကိုယ်ကိုယ်၊ မိမိအတွက် တစ်ပါးသူကို မလိမ်ဘဲနေကြည့်ပါ။ ကျွန်မတို့ လုပ်တဲ့အရာတိုင်းက တစ်ပါးသူကို ရည်ညွှန်းနိုင်ပေမဲ့ အရင်ဆုံး ထိတွေ့ခံစားရမဲ့သူက မိမိကိုယ်တိုင်သာ ဖြစ်နေလို့ပါ။
ကျေးဇူးတင်ပါတယ် ❤️
#Clay_ခလေး ??

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)