Phyu Sin
အချစ်ဟာအဆက်မပြတ်စီးဆင်းနေတဲ့ရေပမာ...
ငါ့အတွက်တော့ ရပ်တန့်နေခဲ့တယ်
ဘ၀ဟာ အရမ်းရှည်ကြာပြီး ခက်ခဲလွန်းတဲ့ ခရီးတစ်ခုလိုပဲ။
နေ၀င်ချိန်ကိုလွမ်းဆွတ်နေချိန်မှာပဲ လရောင်ဟာတဖြည်းဖြည်းမှေးမှိန်လာခဲ့တယ်။
အတိတ်က အကြောင်းအရာတွေကို ပြန်တွေးမိတော့၀မ်းနည်းမိတယ်။
အဲ့အချိန်တုန်းက အရာရာဟာ အရမ်းရိုးရှင်းခဲ့တယ်ဆိုပေမယ့် ခုမှာတော့ လိုချင်တောင့်တမိတဲ့အိမ်မက်တစ်ခုဖြစ်လာခဲ့တယ်။
မျက်စိတစ်မှတ်အတွင်းမှာပဲ လောက အကြောင်းနားလည်လာခဲ့တယ်။ ငါ့အတွက်အရမ်းမြန်ဆန် ရက်စက်လွန်းခဲ့တယ်။
လ ရှုစားရင်း နာကျင်မှုတွေကို လမင်း ဆီဖွင့်ဟခဲ့တယ်
ဘယ်သူနားလည်နိုင်မှာမို့လဲ ရင်ထဲကနာကျင်မှုကို ဖုံးဖိရင်း ပြုံးနေရုံသာ။
နှစ် ၂၀ နေထိုင်လာပြီးနောက်မှာ အကြောက်တရားတစ်ခုကြီးစိုးလာခဲ့တယ်
"လူ"...ခန့်မှန်းရခက်သလို ခုထိနားမလည်နိုင်တဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ။
ဘာမှနားမလည်ေသးတဲ့ အတိတ်က အချိန်တွေကို တမ်းတမိလေရဲ့.......
PhyuSin
(11/10/2024) FRI 1:31 am
Keep Reading