မြ (စံကားဝါမြေ)
(၁) မျက်လုံးကျန်းမာရေးအတွက် ကောင်းသော အစားအစာများကို စားပါ။
အစားအသောက်စားရာမှာ မျက်စိအာဟာရဓာတ်ပြည့်ဝစေမယ့် Vitamin A, Vitamin C, Lutein, Veta Carotene ကြွယ်ဝတဲ့ မုန်လာဉနီ၊ ငါးကြီးဆီ၊ သဘောသီး၊ အခွံမာသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥ၊ ကိုက်လန်၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊စပျစ်သီးနဲ့ သွေးလည်ပတ်မှုအားကောင်းစေတဲ့ ဘယ်ရီသီးတို့ကို နေ့တိုင်းလိုလို စားသုံးပေးသင့်ပါတယ်။ ဤသို့ စားသုံးခြင်းက မျက်စိသွေးလည်ပတ်မှုကို အားကောင်းစေပြီး ပါဝါကို ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ ပါဝါသမားတွေနဲ့ ဆီးချိုသမားတွေကတော့ အချိုရှောင်သင့်ပါတယ်။ သကြားဓာတ်က ခန္ဓာကိုယ်အတွက် မကောင်းသလို အမြင်လွှာကိုလည်း ပျက်စီးစေပါတယ်။
မြ ပြောပြသွားတဲ့ "မျက်မှန်ပါဝါကျအောင် ဘာတွေလုပ်ရမလဲ? (Part-2)"ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ရင်းလိုက်နာကျင့်သုံးပြီး မြလိုမျက်ကြောင်လေးတွေ မျက်မှန်ဝါဝါ လျော့ကျပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူလေးတို့ရေ SarPhat Applicationလေးထဲမှာ မြရဲ့ စာလေးတွေကိုဖတ်၊ အသဲလေးပေးပြီး နောက်ထပ်လည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ရသမျိုးစုံ ခံစားဖို့အတွက် Author = Mya ကိုလည်း Follow လုပ်ထားခဲ့ကြပါဦးနော် စာဖတ်သူလေးတို့ရေ ?
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
22.3.2024(Friday)
Keep Reading