Honey cho
ဘာလို့ ဆီးချိုဖြစ်ကြတာလဲ
?ဆီးချိုရောဂါက ကမ္ဘာတစ်ဝှမ်းလုံးမှာ နေ့စဉ်နဲ့အမျှ အဖြစ်များတဲ့ ရောဂါဖြစ်ပေမယ့် ဘာကြောင့်ဖြစ်ရလဲဆိုတာကို သိနဲ့သူက နည်းပါတယ်။ ဒါကြောင့် ဒီပို့စ်မှာ ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြပေးချင်ပါတယ်။
?အရင်ဆုံး ဆီးချိုရောဂါမှာ အမျိုးအစားတွေ အများကြီးရှိပေမယ့် အဖြစ်များတာကတော့
အမျိုးအစား ၁ နဲ့
အမျိုးအစား ၂ ပဲ ဖြစ်ပါတယ်။
?ကိုယ်ဝန်ဆောင်ဆီးချို၊ ဆီးချိုအကြိုအဆင့်၊ ပန်ကရိယမကောင်းလို့ ဖြစ်တဲ့ ဆီးချို၊ MODY၊ LADA စသဖြင့် ထူးထူးခြားခြားအမည်တွေနဲ့ ဆီးချိုရောဂါတွေ ရှိပေမယ့် အမျိုးအစား ၁ နဲ့ ၂ ကပဲ အဖြစ်များပါတယ်။
?အမျိုးအစား ၁ ဆီးချိုရောဂါကို အသက်ငယ်စဉ်ကတည်းက ဖြစ်ကြလို့ ကလေးဆီးချိုလို့လည်း သိကြပါတယ်။ သူကတော့ မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေတွေ စုပေါင်းပြီးဖြစ်တာပါ။ အမျိုးအစား ၁ ဆီးချိုရောဂါမှာ ခန္ဓာကိုယ်တွင်း အင်ဆူလင်ထုတ်ပေးမယ့်ဆဲလ်တွေကို ခန္ဓာကိုယ်ကပဲ ပြန်ဖျက်ဆီးပစ်တာကြောင့် အင်ဆူလင် မထွက်နိုင်ပါဘူး။ ဒါကြောင့် အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေက တစ်သက်လုံး အင်ဆူလင် ထိုးရတာ ဖြစ်ပါတယ်။
?အမျိုးအစား ၂ ဆီးချိုရောဂါကိုတော့ အသက်အရွယ်ရမှာ ဖြစ်လာတာကြောင့် လူကြီးဆီးချိုရောဂါလို့ ခေါ်ပါတယ်။ သူကတော့ ခန္ဓာကိုယ်ကနေ အင်ဆူလင်ပုံမှန်ထွက်တယ်၊ ဒါပေမယ့် ခန္ဓာကိုယ်က အင်ဆူလင် မတိုးတာကြောင့် သွေးတွင်းသကြားဓာတ်တွေတက်ပြီး ဆီးချိုဖြစ်တာပါ။ နောက်ပိုင်းမှာတော့ အင်ဆူလင်မထွက်တော့တဲ့အဆင့်အထိ ရောက်သွားနိုင်ပါတယ်။ မိသားစုထဲမှာ ဆီးချိုရောဂါဖြစ်တဲ့သူရှိရင် ကိုယ့်မှာ ဖြစ်နိုင်ခြေများသလို စားသောက်နေထိုင်ပုံမမှန်ရင်လည်း ဖြစ်နိုင်ခြေများပါတယ်။
?တခြားဆီးချိုရောဂါတွေမှာဆိုရင်တော့
ကိုယ်ဝန်ဆောင်ဆီးချို
ဆီးချိုအကြိုအဆင့်
မျိုးဗီဇကြောင့်ဖြစ်တဲ့ MODY
ခုခံအားကမောက်ကမဖြစ်လို့ဖြစ်တဲ့ LADA
သောက်တဲ့ ဆေးဝါးတွေကြောင့်ဖြစ်တဲ့ ဆီးချို (ဥပမာ စတီးရွိုက်တွေ သောက်ပြီး ဖြစ်တဲ့ ဆီးချို)
ပန်ကရိယထိခိုက်ပြီး ဖြစ်တဲ့ ဆီးချို (ဥပမာ ခဏခဏ ပန်ကရိယရောင်တာ၊ ပန်ကရိယ ထုတ်လိုက်ရတာ)
တခြားရောဂါတွေရဲ့ နောက်ဆက်တွဲကြောင့်ဖြစ်တဲ့ ဆီးချို (ဥပမာ ကိုယ်တွင်းသံဓာတ်များပြီး ပန်ကရိယပျက်စီးတာ) စသဖြင့် အမျိုးမျိုး ရှိပါတယ်။
?ဆီးချိုရောဂါတော်တော်များများက မဖြစ်အောင်ကာကွယ်လို့ မရပါဘူး။ ဥပမာ အမျိုးအစား ၁ ဆီးချိုရောဂါ၊ ခုခံအားစနစ်ကြောင့် ဖြစ်တဲ့ ဆီးချိုရောဂါ ဒါတွေဆိုရင် ကာကွယ်လို့ မရပါဘူး။
?ဆေးဝါးတွေကြောင့်ဖြစ်တာ၊ ပန်ကရိယမကောင်းလို့ ဖြစ်တာ ဒါတွေကတော့ အထိုက်အလျောက် ကာကွယ်လို့ ရပါတယ်။
?ဖြစ်နိုင်ခြေကို လျှော့ချလို့ ရတာကတော့ အမျိုးအစား ၂ ဆီးချိုရောဂါပါ။ မိသားစုထဲမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကို ပြောင်းလဲလိုက်မယ်ဆိုရင် ဖြစ်နိုင်ခြေ နည်းသွားမှာပါ။ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်
?အာဟာရပြည့်ဝအောင် စားသောက်ပါ။
?တစ်ရက်ကို နာရီဝက်နဲ့ တစ်ပတ် ၅ရက်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
?အဝမလွန်အောင် ထိန်းပါ။
?စိတ်ဖိစီးမှုနည်းအောင်နေပါ။
?တစ်ရက်ကို ၇-၉နာရီခန့် အိပ်စက်ပါ။
?ဆေးလိပ်ဖြတ်ပါ။
?အရက်လျှော့သောက်ပါ။
?ရောဂါအခံတွေ (ဥပမာ သွေးတိုး၊ နှလုံးရောဂါ) ရှိတယ်ဆိုရင် စနစ်တကျ ကုသပါ။
ဒါဆိုရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။
?ဆီးချိုရောဂါတွေက အမျိုးအစား အများကြီးရှိသလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကလည်း မတူပါဘူး။ အဖြစ်အများဆုံးကတော့ အမျိုးအစား ၁ နဲ့ ၂ ပါ။ ၁ က ကာကွယ်လို့ မရပေမယ့် ၂ ကတော့ စားသောက်နေထိုင်ပုံကို ပြောင်းလဲလိုက်ရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်တာကြောင့် ခုကစပြီး ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ဖို့ တိုက်တွန်းချင်ပါတယ်။
Credit to Dr Htet Htet Zaw Win
Keep Reading