Author's Profile Photo

Par Te

9/10/2024

ကိုယ်တန်ဖိုးထားတဲ့အရာတွေက ဘာတွေဖြစ်မလဲ

1 min read
Life Style
Personal Development
Education
ကိုယ်တန်ဖိုးထားတဲ့အရာတွေက ဘာတွေဖြစ်မလဲ's photo

?ခွင့်လွတ်တာနဲ့ပတ်သက်ပြီးဆက်မသွားခင် ရှေ့အပုဒ်မှာ ပြောသွားတဲ့ Core Values နဲ့ ဆက်ရရင်

?ကျွန်မတို့ လူတိုင်းမှာ တန်ဖိုးထားတဲ့အရာတွေ ကိုယ်စီကိုယ်စီ ရှိထားပြီးသာပါ။ ဒါပေမဲ့ အချို့က ငါ့ရဲ့ Core Value တွေ က ဘာလဲမသိဘူး ဆိုတဲ့သူတွေ နဲ့ မိမိ တန်ဖိုးထားတဲ့အရာတွေက ဘာလဲဆိုတာကို သတိမထာမိတဲ့သူတွေလည်း ရှိနေနိုင်ပါတယ်။

?ရှေ့အခန်းမှာလည်း ပြောသွားပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးထားမှုကို ထိခိုက်လာတဲ့ အခါမှာ လူတွေက မကြိုက်ကြဘူး၊ ချက်ချင်းခွင့်မလွတ်နိုင်ကြဘူး လို့ ပြောသွားပါတယ်။

?ကိုယ်တန်ဖိုးထားတဲ့အရာတွေက ချရေးလို့တောင်မကုန်အောင် များစွာရှိနေနိုင်ပါတယ်။ အိမ်မှာ ရှိနေတဲ့ ကိုယ့်ရဲ့ အဝတ်အစား၊ စာအုပ် အစရှိတဲ့ အမှတ်တရ ပစ္စည်းတွေ အများကြီးပဲ ငါတန်ဖိုးထားလို့ သိးမ်ထားတာလေး ဒါတွေကိုထိလာရင် ခွင့်မလွတ်နိုင်အောင်တော့မဖြစ်ပါဘူး ဆိုတဲ့သူတွေလည်း ရှိနေပါတယ်။

?ဒါဆိုရင် ကိုယ့်ရဲ့ Core Value တွေကဘာလဲဆိုတာ ဘယ်လိုသိနိုင်မလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် ရှာဖွေပုံက တူချင်မှ တူပါလိမ့်မယ်။ ဘယ်လိုရှာဖွေလို့ရမလဲဆိုရင်

?ပထမဆုံး တစ်နည်းက စောနလို ကိုယ်တန်းဖိုးထားတဲ့ အရာတွေအများကြီး ရှိနိုင်ပါတယ်။ အဲဒီအများကြီးထဲမှာမှ “ကိုယ့်အတွက် အရေးအကြီးဆုံးအရာတွေက ဘာဖြစ်မလဲ” အခု (၂၀ - ၂၅) ခန့်ချရေးလိုက်ပါ။ အဲဒီအချက် ၂၀ ထဲမှာ လူတွေပါဝင်နိုင်တယ်၊ အလုပ်အကိုင်၊ပညာရေး၊ရိုးသားမှု၊ ယုံကြည်မှုတွေ နဲ့ အမှတ်တရ ပစ္စည်း…. မျိုးစုံ ပါဝင်နိုင်ပါတယ်။

?အရေးကြီးဆုံး အချက် ၂၀ -၂၅ ထဲကနေ “ကိုယ့်အတွက် အရေးကြီးဆုံးဖြစ်မဲ့” (၁၀) ချက်ကို ထပ်ပြီးရွေးကြည့်ပါ။ နောက်ပြီးတော့ (၁၀) ချက်ထဲမှာမှ “ကိုယ့်အတွက် တကယ်ပဲအရေးပါတဲ့” (၅) ချက်၊ ၅ ချက်ကနေ (၃) ချက်အထိ ရွေးကြည့်ပါ။ နောက်ဆုံးမှာ ကျန်နေတဲ့ အချက် တွေဟာ ကိုယ်တန်ဖိုးထားတဲ့ ကိုယ့်ရဲ့ Core Value ဖြစ်နိုင်ပါတယ်။

?ကိုယ့်ရဲ့ Core Value ရှာလို့ရမဲ့ နောက်နည်းလမ်းတစ်ခုက “လူတွေက ကိုယ့်ကိုယ်လုပ်ရင် မကြိုက်တဲ့အရာတွေက ကိုယ့်ရဲ့ Core Values ပဲ ဖြစ်နိုင်ပါတယ်။”

? ငါ့သူငယ်ချင်းတွေ၊ မောင်နှမတွေ၊ ဆွေမျိုးတွေနဲ့ နောက်ဆုံး ကိုယ့်ရဲ့ ဆရာသမားပြော တာကိုတောင် မကြိုက်ဘူးဆိုတဲ့အရာတွေက ဘာတွေဖြစ်မလဲချရေးကြည့်လို့ရပါတယ်။ ဒါတွေကလည်း ကိုယ်တန်ဖိုးထားတဲ့အရာတွေဖြစ်နိုင်ပါတယ်။ ……………..……………………….… ………………………………………..…… ………………………………………………………………………………………………………………………..………………………………..……………………………………………………………………………………..…………………….

?သတိထားရမဲ့ တစ်ချက်က ကိုယ့်ကိုယ် လာလုပ်ကို ကိုယ်က မကြိုက်ဘူးဆိုရင် ဒီအချက်တွေထဲကလို အခြားသူတွေကိုလည်း မလုပ်ဖို့ လိုပ်ပါတယ်။

#Clay_ခလေး ??

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်