သိုက်စံထွန်း
"လောကီလူသား အရူးများ"
#ကော်ဖီတော်ကီ ??☕
တီဗွီဖန်သားပြင်ပေါ်က အောင်မြင်ကျော်ကြား လူသိများနေကြတယ့် လူပုဂ္ဂိုလ် တချို့ရဲ့ အောင်မြင်မှုဘဝ အခြေအနေအကြောင်း ဘဝပေး ကုသိုလ်ကံတွေ အကြောင်း
မကောင်းအတင်း ကောင်းသတင်း ပြောနေကြတဲ့ စကားသံတွေ ကြားရတော့
လူမှုအလွှာ လူမှုကမ္ဘာ အကြောင်း တွေးမိတယ်။
ချမ်းသာလှတယ့် သူဌေးကြီးတွေ၊ အာဏာကြီးတယ့် အုပ်ချုပ်သူတွေ၊ ကျော်ကြားကြတယ့် လူပုဂ္ဂိုလ်တွေ၊
ဟိုလိုလို ဒီလိုလို လည်တယ် ပူတယ်
လူတန်းစားတွေ၊ ဟိုမကယ်နိုင် ဒီမကူနိုင် လုံးလည်လိုက်နေတယ့် လူအလွှာတွေ၊
အသက်ရှင်နေရတာဟာ ဘာအတွက်မှန်းကို မသိနိုင်လောက်အောင် အခြေအနေစိုက်နေကြတယ့်
သတ္တဝါအပေါင်း လူတွေအကြောင်း တွေးမိတော့
အသက်ရှုရတာတောင် မဝသလို ဖြစ်သွားတယ်။
#ဒါဝင်ရဲ့ #ဆင့်ကဲပြောင်းလဲခြင်းအယူအဆအရ ကြုံတွေ့နေရတယ့် ပတ်ဝန်းကျင်အခြေအနေတွေနဲ့ လိုက်လျောညီထွေပြီး ကျော်ဖြတ်နိုင်လောက်တယ့် အနေအထား၊ ပြုပြင်ပြောင်းလဲ၊ ချိန်ညှိနိုင်မှု၊ အံဝင်ခွင်ကျနိုင်လောက်တယ့် အား ရှိ မရှိပေါ်မှာ မူတည်ပြီး ရှင်သန် ကျန်ရစ်ခြင်း ဖြစ်ကြမယ်လို့
ဆိုကြပါတယ်။
ဘိုလိုဆိုရင်တော့ #Evolution Theoryတို့၊
#Natural Selectionတို့၊ #Survivalတို့
ဘာတို့ ညာတို့ပေါ့ ဗျာ။
လူမှုဘဝဆိုတာ #တောရိုင်းဥပဒေလိုပဲ
အားကြီးသူသာ ရှင်သန်နိုင်ကြမယ်လို့ ဆိုတယ့် ပုဂ္ဂိုလ်တွေကလည်း ဆိုကြ ပြောကြလေ့ ရှိကြပါတယ်။
#စပန်ဆာ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း #အားအကြီးဆုံး အသင့်တော်ဆုံးသူသာ #ရှင်သန်ရမယ် ဆိုပြီး
အကိုးအကားသက်သေတွေနဲ့ အဆိုပြုတော့
တချို့လူတွေကလည်း သူ့အဆိုနဲ့ အတူ
ပေါင်းစပ်ကြံစည်ကာ
"အားထုတ်သူသာ ဆုလာဘ် ရ ရမယ်၊
ဆုလာဘ် ရသင့်တယ်"တွေ ဘာတွေ
ဖြစ်ကုန်ကြတော့တာပဲ။
အားထုတ်ကြိုးစားတဲ့ သူတွေရဲ့ ဝင်ငွေအကျိုးစီးပွားတွေကနေ အခွန်အခတွေ ယူပြီး
အားထုတ်ကြိုးစားမှု အားနည်းတယ့်သူတွေကိုပါ
ရောပြီး ထောက်ပံ့နေရတယ် ဆိုတာ မမျှတပါဘူး
ဆိုတယ့် အယူဝါဒတွေ အထိ အစွန်းရောက် အမြင်တွေထိ ရှိခဲ့ကြဖူးတယ် ဆိုပဲ။
တန်ရာ တန်ရာ ရကြတယ် ဆိုတယ့်
အယူအဆကလည်း အရင်တုန်းကလည်း ရှိခဲ့
အခုလည်း ရှိနေဆဲ လို့ တွေးထင်မိတယ်။
အားနည်းကြတဲ့ လူ့အလွှာ လူတန်းစားတွေမှာလည်း အကြောင်းပြချက် အတော်များများ ရှိနေတတ်ကြပါတယ်။
မျိုးရိုးဆက်ခံရလို့၊ မတရားသဖြင့် ရယူထားလို့၊ စနစ်တွေ ခေတ်တွေ မကောင်းလို့ ကောင်းလို့၊ ကြိုးစားတိုင်း ဖြစ်ဖို့ဆိုတာ ဘာလိုလို့ ညာလိုလို့၊
ကံကောင်းလို့ ကံမကောင်းလို့ ၊ အခြေအနေပေးလို့ မပေးလို့၊
အို
အကြောင်းပြစရာတွေကတော့ စုံလို့ပါပဲ။
ဒီနေရာမှာ ကျွန်တော့်အမြင်အရ
(#Chanceဆိုတယ့်) အခွင့်အလမ်းဟာ
(#Random)
ကြုံရာကျပန်းလား၊
(#Readyဆိုတယ့်)
အဆင်သင့် ပြင်ထားသူအတွက်လား၊
(#Biasဆိုတယ့်)
မျက်နှာလိုက်တတ်သလား၊
(#Most Fit, most chanceဆိုတယ့်)
အသင့်တော်ဆုံးသူဟာ အခွင့်အလမ်းရရန်
အများဆုံးလား၊
(#Justiceဆိုတယ့်)
တရားမျှတမှုဟာ လိုရာဆွဲ သတ်မှတ်တာလား၊
ဒီနေရာမှာ #ပလေတိုကတော့ Justiceဆိုတာ
"မည်သူက မည်သည့်အရာကို မည်သည့်အတွက်
ရထိုက်ကြောင်းလို့ ဆိုတယ်" ပြောကြပါတယ်။
ပြောရခက်တာက အမှန်တရားဆိုတာ ရပ်ကြည့်ရတယ့် အခြေအနေကိုလိုက်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်နေကြတာပါပဲ။
သင့်တင့်လျောက်ပတ်တယ့် #လူမှုဘဝပတ်ဝန်းကျင်
ဆိုတာ ဘာလဲ။
(#Balance) #ဟန်ချက်ညီတာလား၊
ဘာတွေ ဘယ်လို ဟန်ချက်ညီရမှာလဲ၊
မေးခွန်းတွေက အများသားပါလား။
(#Buddha) #ဗုဒ္ဓမြတ်စွာဘုရားက
လူမှုဘဝ လောကီ တရားအတွက်
ဟောကြားခဲ့တာတွေမှာတော့
ပညာနှင့် ယှဉ်သော၊
မေတ္တာ လွှမ်းခြုံသော၊
အစွန်းမရောက်သော၊
ကိုယ်ချင်းစာတရား ထွန်းကားသည့်
လူနေမှု အဆင့်အတန်းရှိသော
လောကီ လူ့ဘောင်ကို
ရည်ညွှန်းဟောကြားလေ့ ရှိပါတယ်။
တွေးကြည့်မိသလောက်ကတော့
ရှည်လျားထွေပြားတဲ့ လောကီလူမှုဘဝဖြစ်စဉ်တွေဟာ အမြင်အမျိုးမျိုး အယူအမျိုးမျိုး ဖြစ်နိုင်ပါတယ်။
#ပညာနှင့်ယှဉ်သော၊ #မေတ္တာလွှမ်းခြုံသော၊
#အစွန်းမရောက်သော၊ #ကိုယ်ချင်းစာတရား ထွန်းကားသည့် ကောင်းမွန်သော #လူနေမှု အဆင့်အတန်းရှိသော #ဟန်ချက်ညီသည့်
လူမှုဘဝများကို တည်ဆောက်နိုင်ကြပါစေကြောင်း ... ... ...
❤️
သိုက်စံထွန်း
#ThikesantunWritingNotes
#thikesantunwritingnote
Keep Reading