Author's Profile Photo

Thet Naing Aung

9/10/2024

? ကော်လက်ရှင်ဆယ့်နှစ်စုံ-ဟံလင်း

1 min read
Book Review
? ကော်လက်ရှင်ဆယ့်နှစ်စုံ-ဟံလင်း's photo

?ဆရာဟံလင်း နဲ့ ဇိုရမ် ဇစ်ကိုဗစ်ကို သိတာက စာကြည့်တိုက်ဆိုတဲ့ စာအုပ်ထွက်လာတဲ့အချိန်မှ ဖြစ်ပါတယ်။ စာကြည့်တိုက်ဆိုတဲ့ ခေါင်းစဉ်တခုနဲ့တင် စိတ်ဝင်တစားဖြစ်မ်ိသွားပြီး ဖတ်ရှူ့မိခဲ့တာပါ။ ပြီးတော့မှ ဒီ "ကော်လက်ရှင် .."စာအုပ်ထွက်ထားမှန်းသိတာပါ။ ဖတ်ချင်ပေမယ့် စျေးကွက်မှာဝယ်မရတာကြောင့် ဒုကြိမ်ပြန်ထုတ်ဝေတဲ့အခါ အပျော်ကြီးပျော်မိတယ်ဆိုတာ ဝန်ခံရမယ်ထင်ပါတယ်။ တဆက်တည်း ဇိုရမ် ရဲ့နောက်ထပ်စာအုပ်တွေကိုလည်း ဆရာဘာသာပြန်ပြီး ထုတ်ဝေရင်ကောင်းမှာပဲလို့ တွေးမိပါတယ်။

? နေ့စဉ်စာဖတ်နေတဲ့သူတယောက်အတွက် ဆရာဟံလင်း မြန်မာပြန်ပေးတဲ့ ဇိုရမ်ရဲ့ဝတ္ထုတွေကို ဖတ်ရတဲ့အခါ နေ့စဉ်စားနေရတဲ့အစားတစ်ခုကနေ နောက်တစ်ခုကို ပြောင်းစားရသလို ခံတွင်းတွေ့စေမှာ အမှန်ပါပဲ။ ဇိုရမ်ရဲ့ စာပေအမျိူးအစား Speculative Fiction ( Spec-Fic) ကို " လောကတကာ " စာပေလို့ အမည်နာမပြုထားပါတယ်။ ကျော်လွန်သောသဘာဝတွေကို အခြေပြုပြီး ရည်မျှော်ဖန်တီးထားတဲ့ ဝတ္ထုမျိူးစုံကို ခြုံငုံခေါ်ဆိုထားတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

? ဇ်ိုရမ် ရဲ့ ဝတ္ထုတွေဟာ ခရမ်းရောင်သမ်းတယ်လို့ဆိုရမလားပါပဲ။ ခရမ်းရောင်ဟာ အဓိကကျတဲ့အရာတခုလို ဝတ္ထုတိုင်းမှာ ပါဝင်ပတ်သက်နေတာတွေ့ရပါတယ်။ ကော်လက်ရှင် ဆယ့်နှစ်စုံဆိုတဲ့အတိုင်း ဝတ္ထုဆယ့်နှစ်ပုဒ်ပါဝင်ပါတယ် ။ ဝတ္ထုဆယ့်နှစ်ပုဒ်လို့ ပြောရတာထက် စုဆောင်းသူဆယ့်နှစ်ဦးအကြောင်းလို့ ပြောရမလားပဲ။

? ဇိုရမ့်ဝတ္ထုတွေမဖတ်ဖူးတဲ့သူတွေ အနေနဲ့ ပထမဆုံးဖတ်ရတဲ့ " နေ့ရက်များ " ကို စဖတ်လိုက်ရတာနဲ့ သေချာတယ် လက်ကမချနိုင်ဖြစ်စေမှာပါ ။ လူတယောက်ဟာ ခရမ်းရောင်တွေလွှမ်းခြုံထားတဲ့ ကိတ်မုန့်ဆိုင်တခုက်ိုရောက်လာခဲ့တယ် ။ Menu တောင်းကြည့်တဲ့အခါ နာမည်ဆန်းတဲ့ကိတ်မုန့်တွေသာတွေ့ရတယ် ။ ပြာပြာနှမ်းနှမ်း မိုးကြိုးလွှဲ ၊ ကတုန်ကယင် တယော၊ စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့ပိတုန်း ၊ ချစ်သွေးကြွယ် ကြာပန်း၊ ပုပ်စော်နံ အစာကြိတ်စက်၊ ချာတူးလံ ကျွမ်းဘားသမား ၊ ရွှင်ပျော်ပျော်အသေကောင် စသည်ဖြင့် ထူးဆန်းတဲ့ကိတ်မုန့်နာမည်တွေသာတွေ့ရတယ်။ ဒါနဲ့ပဲ သူဟာ ဘာမှာရမှန်းမသိတော့ပဲ မုန့်ဆရာကို အထူးစပရှယ်တခုသာ စားဖို့ တောင်းဆိုလိုက်တယ်။ အဲဒီမှာပဲ " မျောက်မွေးပွရုပ် " ဆိုတဲ့ ကိတ်ကိုစားဖို့ဖြစ်လာခဲ့တယ်။ အဲဒီကိတ်ကို စားတဲ့အခါ ငွေကြေးနဲ့မရှင်းရပဲ " အတိတ်ကနေ့ရက် " နဲ့သာ ရှင်းရမှာဖြစ်တယ်။ မုန့်ဆရာဟာ နေ့ရက်တွေကို စုဆောင်းသူဖြစ်နေခဲ့တယ်။ ကိုယ်မလိုချင်တဲ့နေ့ရက်တွေကို မုန့်စားခါနီးမှာကြိုစဉ်းစားထားရပြီး မုန့်ကိုစစားလိုက်လို့ အရသာခံမိတာနဲ့ အဲဒီနေ့ရက်ဟာ ပျောက်သွားမှာပဲဖြစ်တယ်။ ခပ်ရှင်းရှင်းသာပြောရရင် နေ့ရက်တရက်စာ ဗလာဖြစ်သွားတာပေါ့။ အဲဒီမုန့်ဟာ စွဲလမ်းတတ်စေပြီး အလွန်အကြူးစားမိရင် ဗလာနယ်ဟာ ကြီးမားလာတာနဲ့အမျှ အဲဒီလူဟာ ……။

? အတွေးခေါ်အယူအဆသစ်တွေနဲ့ ကော်လက်ရှင်ဆယ့်နှစ်စုံဟာ ဖတ်ကြည့်သင့်တဲ့စာအုပ်ဆ်ိုတာ ပြောပါရစေ။

? ကော်လက်ရှင် ဆယ့်နှစ်စုံ
✍️ ဟံလင်း
? 10A ၊ဝထကလသ စာပေ၊
?️ ဒုတိယအကြိမ် ၊ ဩဂုတ်လ 2024
? စာမျက်နှာ - 158

Keep Reading

အင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဂျပွေး ရှင်ကုသလဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂)