သက်ဝေမှူး
"အရိပ်မဲ့မြှား"
~~~
ပန်းနုရောင် နုတ်ခမ်းကြားက
ကျွမ်းလုအောင် စကားတစ်ခွန်းနဲ့
နှလုံးသားကိုပစ်ခွင်းလို့
စစ်ခင်းခဲ့တယ်...
အယူခံမရှိတဲ့ တရားခွင်မှာ
အပူလျှံမိ ဝေဒနာတွေဟာ
သေရွာပြန် ဒဏ်ရာအဖြစ်
ကျန်ရစ်ခဲ့တယ်။
သြော်..
နှလုံးသားမှာ အမုန်းများတိတ်လို့
အပြုံးများ အရိပ်ပြန်ကာ
အတိတ်ကံ ဝဋ်ကြွေးမှတ်ရင်း
ပေးဆပ်နေမယ်။ ။
သက်ဝေမှူး
09102024 10:30am
Unlock to read this premium article with 10 points.