Author's Profile Photo

Reviews by Benevolent

9/10/2024

Jimmy only one

3 mins read
Life Style
Book Review
Design
Jimmy only one's photo


ဖိနပ်အကြောင်း၊ Fashion အကြောင်းတွေကို အလွှင့် Content တွေဖန်တီးပြပြီး ခေတ်လူငယ်တွေကြား ရေပန်းစားနေတဲ့ influencer တစ်ယောက်၊ သူ့ဘဝကို အားကျတယ်၊ သူ့ဖြတ်သန်းခဲ့တဲ့ပတ်ဝန်းကျင် အမြင်တွေ ၊ အတွေ့အကြုံတွေ ကို သိချင်သူများလာခဲ့တယ်။သူ့ရဲ့ ဒုတိယမြောက် ကြိုးစားထားတဲ့ ဦးနှောက် လို့တင်စားထားတဲ့ အရာကို စာအုပ်လေးအဖြစ် အသက်သွင်းပေးထားတယ်။ဒီစာအုပ်ကို ကော်ဖီ လိုသတ်မှတ်ထားတယ်၊ ကြိုက်တဲ့လူ ရှိမယ် မကြိုက်တဲ့သူလည်း ရှိနိုင်တယ်။ ဒါပေမယ့်ဘယ်အချိန်ချိန်သောက်သောက် ကော်ဖီက ပေးတဲ့အရာကတော့ တသတ်မှတ်တည်း ဖြစ်လိမ့်မယ်လို့ စာအုပ်မထွက်ခင်တည်းက အဆိုပြုထားတာကို video ကြည့်ပြီးသူတိုင်းသိလိမ့်မယ်။ဂျစ်ကန်ကန် လူငယ်တစ်ယောက်ရဲ့စကားပြောဟန်၊ ရင်ဖွင့်ထားတဲ့ သူ့အကြောင်းတွေကို စကားဝိုင်းတစ်ခုမှာဝင်နားထောင်ရသလို တမျိုးထူးခြားနေလိမ့်မယ်။စကားပြောရေးဟန်ကြောင့် ဖတ်ရတာမြန်တယ်။

စာအုပ်ထဲမှာ Jimmy ဖြစ်လာစေနိုင်တဲ့ ရေသောက်မြစ် အခက်အလက်တွေ၊ အ‌တွေ့ အကြုံက သင်ပေးလိုက်တဲ့ မာကျောကျောစိတ်ဓာတ်တွေ၊ ပင်လယ်ထဲမှာသ‌င်္ဘောအင်ဂျင်နီယာ အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ရေခြားမြေခြားက လူမျိုးတွေကြား ဖြစ်တတ်တဲ့ ပြဿနာတွေ ၊ မထင်မှတ်ဘဲ Video Creator၊ YouTuber ဖြစ်လာတဲ့အခါ ဘယ်လို ဝင်ငွေ စရှာခဲ့သလို ဆိုတာတွေပါတယ်။ဒီစာအုပ်‌‌ မွေးဖွားလာစေတဲ့အရာက ဒိုင်ယာရီ နေ့စဉ်ရေးဖြစ်တဲ့အကျိုးလို့ ပြောရမယ်။ပုံမှန်ရေးဖြစ်ခဲ့တဲ့ အကျင့်တွေထဲကနေ ချန်လှပ်ခဲ့တဲ့ အတိတ်ခြေရာ အကောင်း၊ အဆိုး ကို ပြန်သုံးသပ်၊ ပြန်ပြောပြပေးနိုင်ခဲ့တယ်လို့ဆိုနိုင်တယ်။ သူ့ဘဝရဲ့ တွေးပုံ ရှုထောင့်တစ်ခုကမြင်ပုံ၊ အဖိုးဖြတ်မရတဲ့ ဘဝသင်ခန်းစာတွေကို စာအုပ်ထဲမှာ တူးဖော်ကြည့်နိုင်တယ်။

"အစ်ကို့လိုဘဝမျိုး ဘယ်တော့မှရနိုင်မှာ မဟုတ်ပါဘူးဗျာ" စကားတစ်ခု ကြားရတော့ .. နှစ်ဖက်မိသားစု‌နေထိုင်ရာ အုတ်ကျင်း(လှိုင်) မီးလောင်သွားချိန် Ground Zero ဘဝကနေ ပစ္စုပ္ပန်ကာလထိ အိမ်မက်တွေအကြောင်း ပြောပြပေးထားတယ်။စကား‌ပြောပုံဂျစ်ကန်ကန်ပုံပေါက်နေရတဲ့ အကြောင်းတရားတွေက ဘာကြောင့်ဆိုတဲ့ ...အရာ စသဖြင့် သိချင်သူများ မေးထားတဲ့ မေးခွန်းရဲ့ အဖြေတွေ သွန်ချပေးထားတယ်။

လူငယ်တွေဟာ အနာဂတ်ဘဝလုံခြုံ‌ရေးအလုပ်အကိုင်အတွက် သမုဒ္ဒရာ‌ ရေပြင်ကျယ်တွင် သ‌င်္ဘောစီးနေရသူများနှင့်တူတယ်။ လောကဓံဆိုတဲ့ လှိုင်းလုံးကြီးများ ခုံးတတ် ဖြတ်ကျော်ခြင်းများကို မကြာခဏ ရင်ဆိုင်ရလေ့ရှိလိမ့်မယ်။ဘယ်လို ဘယ်နည်း ကြုံရ ကြုံရ ရင်ဆိုင်ကျော်ဖြတ်နိုင်သူများကတော့ စိတ်ဓာတ်ရင့်မာလာစေတယ်။ တရုတ်ပြည်ရဲ့အစွန်အဖျား Ning Bo တို့ Yang Pu တို့လို နယ်မြို့နေရာလေးတွေမှာ သင်္ဘောက သောင်တင်နေလို့ စိတ်ဟိုမရောက် ဒီမရောက်မဖြစ်အောင် ပျော်အောင်နေခဲ့ဖူးတယ်။ကိုယ်မလုပ်နိုင်တဲ့အချိန် လုပ်ပေးနိုင်တဲ့သူကို‌ ဆရာတင်ပြီး မေးတတ်ကြတာ သဘာဝပါပဲ။ တောင်တရုတ်ပင်လယ်ထဲ မုန်တိုင်းမိတော့ စာရေးသူ ဘုရားစပြီးတမိတယ်။ပင်လယ်က မာယာများသလို သင်္ဘောပေါ်ကစက်တွေက ကလည်း မာယာများ တတ်တယ်။ Spiritual Strength ရဖို့ ယုံကြည်စိတ်ပေါ်တည်ပြီး ဆုတောင်းကြတယ်။ ရေခြားမြေခြားလူမျိုးပေါင်းစုံ သက်ဆိုင်ရာဘာသာနဲ့ ပူဇော်နေတာ မြင်ရလိမ့်မယ်။ ပျက်နေတဲ့စက်ကို ကောင်းစေ၊ တိုက်နေတဲ့မုန်တိုင်း ငြိမ်သက်စေ ဆိုတာထက် စိတ်ခွန်အား ရဖို့အတွက် လုပ်ကြတယ်ဆိုတဲ့သဘောတရားပါပဲ။

Foreigner နဲ့တွေ့ရင် ကိုယ်တွေက တစ်ဆင့်နိမ့်တယ်ဆိုတဲ့အတွေးနဲ့ သိမ်ငယ်ကြတာများတယ်။ဒီလိုပဲ စာရေးသူလည်း ပညာရှာပမာသူဖုန်းစာ စကားပုံကို နားလည်မှုတွေလွဲပြီး ကိုယ့်ကိုယ်ကိုယ် အနိမ့်ဆုံးထားပြီး နှိမ့်ချကာ တွေ့တဲ့လူတိုင်း ဆရာ ‌‌ခေါ်ခဲ့ဖူးတယ်။ နောက်ဆုံး ဆရာခေါ်မယ့်အစား အပြန်အလှန် လေးလေးစားစားဆက်ဆံရင် ရပြီးဆိုတာ သိခဲ့ရတယ်။ သင်္ဘောပေါ်မှာ အကြီးတန်းအရာရှိနေရာ ဆက်ခံမယ့် တပည့်ကျော် ရုရှားသားကို long story ..mutual respect အကြောင်းသင်ပေးတာ သဘောကျတယ်။

"လေးစားမှုဆိုတာ တောင်းလို့မရဘူး။ တစ်ဖက်က လိုလိုလားလားပေးမှ ရတာမျိုး ၊ ရပြီးရင်လည်း အကြာကြီးခံတယ်။"

" ပေါ်ပေါ်တင်တင် လိမ်လည်မှုတွေ " ခေါင်းစဉ်နဲ့ ပတ်ဝန်းကျင်ဘေးချင်းကပ် Slot Game ကမ္ဘာငယ်ထဲ နစ်မွန်းနေတဲ့ဘဝအကြောင်း အမြင်တွေ စုတ်ချက်ဆွဲပြထားတယ်။ပိုင်ရှင်တွေရဲ့ငွေတွင်း ဖြစ်နေတဲ့ Slot Game စွဲလမ်းနေသူ အိုင်မောင် ၊ထွန်းနောင် အဖြစ်အပျက်တွေ ၊ ငယ်ငယ်တည်းက ဆင်းရဲတွင်းနက်ခဲ့မှုကနေ အဲ့ထက်နက်တဲ့ ချောက်ကမ်းပါး အစွန်းအ‌ဖျားလေးမှာ မတ်တတ်ရပ်နေရပြန်တယ်။ဘဝပျက်သွားရတဲ့ကြားထဲ ဖြေရှင်းလို့မရတဲ့ 'ဖြောင်း' ဆိုတဲ့အသံကနေ သွေးအိုင်ထဲ လဲချနေတဲ့ အန်တီကြီးအဖြစ်၊ ကိုယ့်တွေ့အဖြစ်အပျက်လေးကို စဉ်းစားချင့်ချိန်နိုင်ရန် ဂရုစိုက်ပေးတဲ့သဘောနဲ့ ဝေမျှပေးထားတယ်။

စာအုပ်ထဲ ဖိနပ်တွေရဲ့ ဖွင့်ဆိုချက်၊ သမိုင်းကြောင်းတွေပါတယ်။ ကျွန်တော်ကိုပြုံးစေခဲ့တဲ့အရာက
Good shoes take you good places ပြောပေမယ့် Tik Tok Cele တစ်ယောက်အဖြစ်က Good Shoes takes you to jail ဖြစ်သွားတာကို အပျော်စာ အနေနဲ့ ရယ်စရာ ပြောထားတယ်။

"သေသွားတာ ကိစ္စမရှိဘူး။ ရှုံးရင်က ရှက်စရာကြီး" ပြောတတ်တဲ့ မြန်မာလက်ဝှေ့လောကသား တွေ့မရှောင် အကြောင်း တူးဆွပေးထားသေးတယ်။ "အလဲထိုးဘုရင်" ဆိုတဲ့နာမည် နဲ့ မြန်မာပရိတ်သတ်က ချစ်စနိုးခေါ်တဲ့ တွေ့မရှောင်ဟာ ကိုယ်လုပ်တဲ့အရာပေါ် passion ဖြစ်တဲ့အတွက် အောင်မြင်တယ်၊ ပရိသတ် အချစ်ခံရတယ်။
ထိုင်းက Buakaw လည်းအောင်မြင်တာပဲ၊ ဒါပေမယ့် Buakaw က တစ်နာရီ train ပေးရင် $500 ရချိန် တွေ့မရှောင်က အဲ့ဒီလိုဝင်ငွေရမှာ မဟုတ်ဘူး၊ ရှုးသွပ်မှု passion တူပေမယ့် အောင်မြင်မှုပမာဏ တွေကျတော့ ရေခံမြေခံနဲ့ဆိုင်တယ်။

စာမျက်နှာ ၁၁၈ နဲ့ Key Movement ၃၃ ခုပေါင်းစပ်ထားတဲ့ စာအုပ်အတွင်းပိုင်းတွင် YouTuber/Video Creator လမ်းပြမြေပုံကြမ်းမှာ စာရေးသူ အမြဲအလေးထား ဂရုစိုက်တတ်တဲ့ Content tips လေးတွေ ၊ personal အမြင်တွေ ဖွင့်ဟထားတယ်။ဖတ်ခဲ့ဖူးတဲ့စာအုပ်အကြောင်းတွေ၊ သဘော‌‌တွေ့ခဲ့တဲ့ အဆိုတော်အကြောင်း ၊ကြိုက်ခဲ့ဖူးတဲ့ဖိနပ် သမိုင်းကြောင်းတွေ၊ ကြားခဲ့ မြင်ခဲ့ဖူးတဲ့ story တွေ ၊ ကြုံခဲ့ဖူးတဲ့ဘဝတွေ ၊သင်္ဘောပေါ်က " Respect is earned. Not given " အံ့ဩမိခဲ့တဲ့ Idol အကြောင်း၊ တောင်တရုတ်ပင်လယ်ထဲက Nargis(နာဂစ်) ထက်ပို အားကောင်းတဲ့ Ling Ling တိုင်ဖွန်းမုန်တိုင်း ကိုဖြတ်သန်းရပုံတွေ၊တောင်ကိုရီးယားမှာ ဆူလီ (Sulli) cyber bully ခံရပြီး suicide လုပ်သွားပုံကို ပမာပြုပြီး social media အကြောင်းအရာ‌တွေနဲ့ အ‌မေးများပြီးသိချင်ကြတဲ့မေးခွန်းတွေကို ဖြေပေးထားတဲ့စာအုပ်ဆိုလည်း မမှားဘူး။

"ဝါသနာပါတဲ့အလုပ် မလုပ်ရရင် လုပ်ရတဲ့အလုပ်ကိုပဲ ဝါသနာပါအောင်ကျင့်"

❌(ခွင့်ပြုချက်မတောင်းဘဲ ပြန်လည်ကူးယူဖော်ပြခြင်း
ခွင့်မပြုပါ)❌

Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu

Please Telegram ?
https://t.me/reviewsbybenevolent

#reviewsbybenevolent
#foryou

Oct-24

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)