Par Te
?တစ်ခါတရံမှာ ကျွန်မတို့တတွေဟာ အခြားသူကိုရော မိမိကိုယ်တိုင်ကိုယ်ရော ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူခွင့်လွတ်တတ်ကြပါတဘယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် ချက်ချင်း ခွင့်လွတ် နိုင်ကြတာလဲဆိုလို့ရှိရင် ရိုးသားမှုတွေကြောင့် ဆိုရင် မမှားနိုင်ပါဘူး။
?ရိုးသားမှုရဲ့ နောက်ကွယ်မှာ ရိုးရှင်းပြီး လွယ်ကူစေတယ် ပြဿနာတွေကိုလည်း အတော်လေးနည်းပါး စေပါတယ်။ ရိုးသားတဲ့ အမှားတွေကို လူတိုင်းခွင့်လွတ်နိုင်ကြတယ်။ ရိုးသားမှုကို လူတွေက အပြစ်ကြီးလိုမမှတ်ယူဘဲ ခွင့်လွတ်တတ်ကြပါတယ်။ ဒါကြောင့်လည်း “ရိုးသားမှုဆိုတာ လူတိုင်းဆီမှာ မရနိုင်ဘူး တန်ဖိုးကြီးတယ်” လိုဆိုထားခဲ့ကြခြင်းဖြစ်ပါတယ်။
?လူတိုင်းမှာမရှိတဲ့ ရိုးသားမှုနဲ့ တွေ့တဲ့အခါ လူတွေက ခွင့်လွတ်တတ်ကြတယ်။ ဥပမာ- ကျွန်မတို့ လမ်းလျှောက်နေရင်းဖြစ်ဖြစ်၊ ကားစီးနေရင်းဖြစ်ဖြစ်၊ ကိုယ့်အနားမှာရှိနေတဲ့ ကိုယ်နဲ့မသိတဲ့ သူစိမ်းဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဖြစ်ဖြစ် သူတို့ရဲ့ ဖိနပ်တက်နင်းမိတဲ့အခါ၊ မရည်ရွယ်ဘဲ တိုက်မိတဲ့အခါ၊ ကိုယ့်အသိ အထင်နဲ့ နောက်ကနေ ရိုက်မိတာ၊ …. အစရှိသဖြင့် လုပ်မိတဲ့ အချိန်တွေမှာ …
?မှားသွားမှန်သိသွားတာနဲ့ မိမိဘက်က ဆောရီပါဆိုပြီး ချက်ချင်း တောင်းပန်တတ်ကြသလို တစ်ဘက်သားကလည်း ချက်ချင်းဆိုသလို ရပါတယ်ဆိုပြီး နှုတ်ကနေပြောတဲ့ သူရှိသလို၊ ကိစ္စမရှိပါဘူးဆိုပြီး လက်နဲ့လှမ်းပြပေးတာ၊ ခေါင်းငြိမ့်ပေးတာ၊ ပြုံးပြပြီး ရပါတယ် တမင်ရည်ရွယ်ပြီး လုပ်တာမှမဟုတ်တာ ဆိုတဲ့ သဘောနဲ့ ချက်ချင်းခွင့်လွတ်ပေးတတ်ကြပါတယ်။
?ဒီစာဖတ်သူ တွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာဆိုရင် လိုင်းကားပေါ်မှာနဲ့ လှည်းတန်းလို လူများတဲ့နေရာတွေမှာ ပိုပြီးတွေ့ရ ကြုံရတတ်ပါတည်။ ဒါက ရိုးသားစွာ မှားတဲ့အရာ တွေကို မိမိကိုယ်တိုင်အပါအဝင် အခြားသူတွေကပါအလွယ်တကူ ခွင့်လွတ်နိုင်ကြတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။
?ဒါဆိုရင်ကျွန်မတို့ လူသားတွေက ဘယ်လိုအကြောင်းအရာတွေကို ဘာကြောင့် ချက်ချင်းခွင့်မလွတ်နိုင်ကြတာလဲဆိုတာကို တွေးမိလောက်မယ်ထင်ပါတယ်။
ဆက်ရေးပါအုံးမယ်
#Clay_ခလေး ??
Keep Reading