Author's Profile Photo

ချမ်းချမ်း

8/10/2024

❝ အတွေးတစ်စမှ ကလေးဘဝသို့တမ်းခြင်း❞

1 min read
Life Style
Art
18 Again
❝ အတွေးတစ်စမှ ကလေးဘဝသို့တမ်းခြင်း❞'s photo


ကောင်းကင်ကို ငေးမောကြည့်နေရင်းက မြောက်ပြန်လေ ကလေး တစ်ချက်ဝှေ့အတိုက်မှာ အတွေးပေါင်းများစွာက ကျွန်တော့်ရဲ့ ခေါင်းထဲကို အတင်းတိုးဝှေ့ ရောက်လာတာပါပဲ။
ခုကလည်း သီတင်းကျွတ်လ လည်းဖြစ်တယ် မကြာခင်မှာလည်း မြန်မာတို့ရဲ့ ရိုးရာပွဲတော်ဖြစ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော် က ရောက်ရှိလို့ လာတော့မယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်ခြောက်နှစ်လောက်က မှတ်မိသလောက်ဆို ကျွန်တော် ငယ်ငယ် ကလေးအရွယ်တုန်းက ခုလို သီတင်းကျွတ်လရောက်ပြီဆို ရွာမှာ တော်တော်လေး ပျော်ဖို့ကောင်းနေပြီလေ။
ဗျောက်အိုးဖောက်သံတွေ ၊ ကောင်းကင်ပေါ်မှာ ပြန့်ကျဲနေတဲ့ မီးရှူးမီးပန်းတွေနဲ့ သိပ်ကိုပျော်စရာကောင်းလိုက်ပါဘိ။
ကလေးသဘာဝလည်းဖြစ်တော့ မီးရှူးမီးပန်းတွေမြင်ရင် အိမ်ပြတင်းကနေ ထွက်ကြည့်ရတာလည်းအမောပဲ ။ ဘုန်းတော်ကြီးကျောင်းတွေကလည်း တရားဟောတွေ ၊ ပွဲတော်သီချင်းတွေနဲ့ ညံနေတော့တာပဲ။ ဒါကလည်း ပျော်စရာတစ်ခုလို့ပဲ မြင်ခဲ့တယ်။
ရွာထဲမှာဆိုရင်လည်း တစ်အိမ်နဲ့ တစ်အိမ် အပြိုင်အဆိုင် နဲ့ ဝါကျွတ်သီချင်းတွေ ဖွင့်နေကြတာ ဆိုတာ ပြန်တွေးကြည့်ရင် သိပ်ပျော်ဖို့ကောင်းခဲ့တာပဲ။

အဲတုန်းကတော့ ဗျောက်အိုးသံတွေကို ကြောက်လို့ ဗျောက်အိုးတွေ မရှိတဲ့ ပွဲတော် ဆိုရင် ပျော်ဖို့ကောင်းမှာပဲလို့ တွေးခဲ့မိတာ ။ ခုတော့ ဗျောက်အိုးတွေကို လည်းလွမ်းတယ် ။ ပျော်စရာကောင်းခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ကိုလည်း လွမ်းတယ်။
ခုတော့ ဗျောက်အိုးသံတွေ ဆူညံနေပြီး မီးရှူးမီးပန်း‌တွေ ကောင်းကင်မှာ ပျံ့နေတဲ့ သီတင်းကျွတ်ပွဲတော်က ပိုပြီးပျော်စရာကောင်းတယ်ဆိုတာကို သိလာခဲ့ပြီ

တကယ်တော့......

"အတိတ်ဆိုတာ

လွမ်းမောစရာ

ရပ်ဝန်းတစ်ခုပါပဲ

ပြန်လိုချင်ပေမဲ့ မရတဲ့အရာတွေ

အဲမှာရှိတယ်..."

တကယ်ကို လွမ်းမောဖွယ် ရပ်ဝန်းငယ်လေးပါပဲ..
ခုလို ဆောင်းရာသီ မြောက်ပြန်လေ ဝှေ့ပြီး တိုက်ခတ်လာတဲ့အချိန်ဆို အတိတ်ကို ပိုပြီးတောင်လွမ်းမိသေးတယ်။
ဒီလိုပဲ အတိတ်ကို ထိုင်လွမ်းလိုက် ၊ ဘဝ‌ ရှေ့ရေးအတွက် ကိုယ့်ရဲ့ အလုပ်တာဝန်များကို လုပ်ဆောင်ရင်း ကောင်းကင်ကို ငေးပြီး တွေးနေရာမှ အသိစိတ်က ပြန်ဝင်လာတယ်။
ပြန်မရနိုင်တဲ့အတိတ်ကိုလည်း လွမ်းလို့ရသလို အနာဂတ်မှာပိုကောင်းဖို့ ပစ္စုပ္ပန်မှာ ကြိုးစားရဦးမယ်လေ...


#Chan Chan
#sarphat
(8.10.2024)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)