Max's sharing
?တစ်နေ့လုံးအတွက် မနက်ခင်းကို ဘယ်လိုဖြတ်သန်းသင့်သလဲ။ အကျိုးကျေးဇူးတွေကရော ဘာတွေရမလဲ။
▪️Drink full of water (ရေများများသောက်ခြင်း) - Hydration
အိမ်ရာက နိုးတာနဲ့ ရေသောက်လိုက်ခြင်းက မနေ့က ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ပြည့်ဝစေပြီး ခန္ဓာကိုယ်ကို လန်းဆန်စေပါတယ်။
▪️ Physical Exercise
လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း၊ ယောဂပြုလုပ်ခြင်း စတာတွေက ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးရုံမကဘဲ စိတ်အခြေအနေကိုလည်း ထိန်းညှိပေးတဲ့အတွက် စိတ်ပင်ပန်းမှုတွေကို လျော့ချပေးနိုင်ပါတယ်။
▪️ Eating habits
အာဟာရပြည့်ဝတဲ့ မနက်စာဖြစ်ဖို့ အရမ်းရေးကြီးပါတယ်။ မနက်ခင်းမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ အဆီအလွန်ပါတဲ့ဟင်းလျာတွေ၊ အငံလျှော့၍စားသုံးခြင်းက လည်း သွေးလည်ပတ်မှုအတွက် အထောက်အကူပြုပေးပါတယ်။
▪️ Meditating
စိတ်လေ့ကျင့်ခန်း တစ်ခုဖြစ်တဲ့ ဝင်လေထွက်လေ ကို သတိပြုခြင်းကလည်း လက်ရှိအချိန်လေးမှ နေ နေတဲ့ဆိုတဲ့အသိလေးကို ရရှိစေပြီး creativity တီထွင်ဖန်တီးမှုအတွက်လည်း များစွာအေထာက်အကူပြုပေးပါတယ်။
▪️ Learn new things
ဦးနှောက်ကို အလုပ်လုပ်ပေးတာက အဓိပ္ပာယ်ပိုရှိပါတယ်။ မနက်ပိုင်းမှာ ကိုယ့်အတွက် ခက်ခဲတဲ့အရာ၊ လေ့လာလိုတဲ့အရာတစ်ခုကို အချိန်ကန့်သတ်ဖြင့် လေ့လာခြင်းကလည်း ကိုယ်ရဲ့ Career အတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။
▪️Let the sun shine
မနက်ပိုင်း နေရောင်ခြည်ခံခြင်းက ဘယ်လောက်အထိ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတာကို Neuroscience ပညာရှင် Andrew Huberman က ဦးနှောက်ရဲ့ cellတွေကို လှုံဆော်စေပြီး တက်ကြွစေတဲ့ဟော်မုန်း serotonin တွေကို တိုးစေတာကြောင့် အလုပ်လုပ်နှုန်းမြင့်မားလာစေပါတယ် လို့ ဆိုပါတယ်။
▪️ Being grateful
အိပ်ရာထတာနဲ့ မဖြစ်ခဲ့တာတွေ ဆုံးရှုံးတာတွေကို ထိုင်ပြီး တွေးနေမယ့်အစား လုပ်နိုင်ခဲ့တာတွေ၊ ပိုင်ဆိုင်ထားတဲ့အရာတွေကို မမေ့ဘဲ ကျေးဇူးတရား သိတတ်တာက positive thinking ကို မြင့်မားစေပါတယ်။
▪️ Avoid multitasking
" Just one enough" အများကြီးမလိုဘူး တစ်ခုတည်းနဲ့လုံလောက်ပါတယ် တဲ့။ လုပ်ချင်တာတွေများပြီး လုပ်လိုက်ရင်လည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ (ကျွန်တော်လည်း ပါပါတယ်) အောင်မြင်တဲ့လူငယ်ဖြစ်ဖို့ဆိုပြီး ကြီးကြီးမားမားတွေ planချပြီး မလုပ်နိုင်တဲ့အခါ စိတ်ဓာတ်ကျတာတွေ ဖြစ်လာကြပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ ဦးစားပေးရမယ့် အလုပ်တစ်ခုကို အနိုင်ယူဖို့ မမေ့ပါနဲ့။
" ကိုယ့်မှာရှိတဲ့အရာတွေနဲ့တင်လုံလောက်ပါတယ်" တဲ့
Keep moving ?
Thanks
Max's sharing
* Exam ကာလဖြစ်နေခဲ့တာကြောင့် content တွေ မမျှဝေတာ ၂လဖြစ်သွားခဲ့ပါတယ်၊ ပြန်လည်ပြီး ပုံမှန်မျှဝေသွားမှာမို့ just follow and use the ways "
Keep Reading