Phyu Sin
အရှေ့ကိုပဲကြည့်ပြီးပြေးနေမိလို့လေ ဘေးပတ်၀န်းကျင်ကိုကြည့်ဖို့တောင်အချိန်မရှိဘူး
Best Version of me ဖြစ်ဖို့ပဲအာရုံစိုက်ခဲ့တာ တော်တော်တောင်ခရီးရောက်ခဲ့ပြီ။
ခုနောက်ပိုင်းပြဿနာတွေ များသထက်များလာတော့ ဘာလို့လဲဆိုပြီး ခဏလောက် ဘေးကို ကြည့်လိုက်မိတာ jealous ဆိုတဲ့ အရာတွေကိုပဲတွေ့လိုက်ရတယ်။ နောက်ထပ်တစ်ခုသတိထားမိတာက တိတ်တဆိတ် ကိုယ်လုပ်နေတဲ့အရာတွေအတိုင်းလိုက်လုပ်နေကြသူတွေကော ဟ ဘာလဲ။ အဆန်းကြီး။ အစကတော့ဪ တိုက်ဆိုင်တာနေမှာဆိုပြီး but အဲ့လိုဟုတ်မနေခဲ့ဘူး သူတို့ရဲ့ကိုယ့် အပေါ်ကြည့်တဲ့ အကြည့်တွေကို သတိထားမိတော့မှ ဪ ဟုတ်သားပဲ J ဟ။ ဪ ရှိသေးတယ် ကိုယ်ရောက်နေတဲ့နေရာ ရှိနေတာနဲ့ပဲကျေနပ်လိုက်တော့ ဘာတွေဆက်လိုချင်ေနတာလဲဆိုတဲ့တဖွဲ့ ။ WHAT? ငါ့လမ်း ငါ့ရည်ရွယ်ချက် အတိုင်း ရှေ့ကိုပဲကြည့်ပြီးပြေးနေတာ သူတို့နဲ့
ဘာဆိုင်?
ပြေးရင်း ပြေးရင်း အရင်ကနဲ့လုံး၀ကွဲပြားလာတဲ့ငါ။ကိုယ်နဲ့အသက်တူရွယ်တူကြားမှာ ရင့်ကျက်တဲ့အမြင်ရှိလာတယ် တခြားသူတွေဘာလုပ်လဲ ဆိုတာထက် ငါဘာလုပ်ချင်လဲ ငါဘာဖြစ်ချင်လဲဆိုပြီး ငါ့အကြောင်းငါပိုပြီးသိအောင်ကြိုးစားလာခဲ့တာရယ်။ ဒီအချက်နဲ့တင်ငါ့ကိုယ်ငါ ပိုသဘောကျလာခဲ့တယ်။
လဲကျတော့မယ့် ပြိုလဲတော့မယ့်အချိန်တိုင်း လက်မလျော့ဘဲ အရှိန်ပြင်းပြင်းနဲ့ဆက်သွားခဲ့တယ်။ တခြားသူတွေငါ့အပေါ်ဘယ်လိုအမြင်ပဲရှိရှိ ဘာအပြစ်ပဲပြောပြော ငါဘာကိုလိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိတာမို့ ငါ့မှာသူတို့ကိုရှင်းပြဖို့ အာရုံစိုက်ချိန် မရှိဘူး။
လူတွေရဲ့အပေါ်ယံဆက်ဆံမှုနဲ့ betray လုပ်တာကိုအလူးအလဲခံရပြီးနောက်မှာ လူတွေကို ဘယ်လိုဆက်ဆံရမလဲသိလာတယ်။ ကိုယ်နဲ့ vision, mission မတူတဲ့သူတွေ နဲ့အချိနိကုန်ခံစကားပြောမယ့်အစား စာတွေဖတ်ပြီး ကိုယ့်skill အတွက် ရင်းနှီးမြှုပ်နှံခဲ့တယ်။ ငယ်ငယ်က ဆုံးဖြတ်ချက်တစ်ခုချဖို့ရာအတွက် ချီတုံချတုံ ဖြစ်နေခဲ့တဲ့ငါက အခု ဘယ်အရာကိုမဆို ရဲရဲတင်းတင်း ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့သတ္တိတွေရှိလာတယ်။ ပြန်စဉ်းစားကြည့်ရင် လွန်ခဲ့တဲ့ လေးနှစ်ကငါနဲ့ အခုငါက လုံး၀မတူတော့တဲ့လူတစ်ယောက်လိုပဲ။ အဲ့လောက်ပြောင်းလဲနိုင်ခဲ့လို့လဲ ငါ့ကိုယ်ငါ သဘောကျတယ်။
ဟိုးးးအောက်ခြေထိရောက်ပြီး
နောက်ထပ်ဆုံးရှုံးစရာဘာမှမရှိတော့တဲ့အချိန် စိတ်ဓာတ်ကျမှုကို အလူးအလဲခံခဲ့ရတဲ့အချိန် ဒီအချိန်တွေကို ငါဘယ်လိုအင်အားနဲ့ကျော်ဖြတ်ခဲ့ရလဲဆိုတာ ပြန်တွေးတိုင်း အဲ့တုန်းက နာကျင်မှုအတိုင်းပြန်ခံစားရသလိုပဲ ဒါပေမယ့် တစ်ဖက်ကလည်း အဲ့လိုအချိန်တွေအတွက်ကျေးဇူးတင်မိတယ်။ ငါသာ အဲ့လောက်ထိ မကျရှုံးခဲ့ဖူးဘူးဆိုရင် ဒီနေ့ငါ ဆိုတာကလည်းဖြစ်လာမှာမဟုတ်ဘူး။ ရင့်ကျက်တည်ငြိမ်လာမှာလည်းမဟုတ်ဘူး။ လူတွေနဲ့ ဘယ်လိုဆက်ဆံပေါင်းသင်းကမလဲဆိုတာလည်းသိလာမှာမဟုတ်ဘူး။ ဒီလို နေရာတစ်ခုထိအောင်မြင်လာမှာမဟုတ်ဘူး။
နာကျင်ခဲ့ရပေမယ့် တန် တယ်လို့ငါခံစားမိတယ်။ အဲ့လိုအခြေအနေကနေ ကောင်းတဲ့ဘက်ကိုရုန်းထွက်နိုင်ခဲ့တဲ့ငါ့ကိုယ်ငါ အံ့အားသင့်သလို ကျေးဇူးလည်းတင်တယ်။ ဒါပေမယ့် အဲ့အချိန်ကရခဲ့တဲ့ trauma ကိုတော့ ဖျောက်ဖို့ရာ ဆက်ကြိုးစားရဦးမယ်။
ဘယ်လောက်ပဲနာကျင်ရပါစေ ဘယ်လောက်ပဲရှုံးနိမ့်နေပါစေ မိုးရွာပြီးတိုင်းနေသာစမြဲပါ။ ဘယ်တော့မှကိုယ့်ကိုကိုယ် လက်မလျော့လိုက်ပါနဲ့။ ကောင်းတဲ့ဘက်ကိုပဲပြောင်းလဲဖို့ ကိုယ့်ကိုကိုယ် တွန်းအားေပးပါ။လောကကြီးမှာ သင်တစ်ယောက်တည်း ဖြစ်နေတာမဟုတ်ပါဘူး လူတိုင်းကြုံတွေခံစားရတာပါပဲ ကိစ္စသေးတာကြီးတာပဲကွာတာပါ။ ငါ့အတွက်ငါကိုယ်တိုင်ပဲ အားတင်းရင်း ရှေ့ကိုပဲကြည့်ပြီးဆက်ပြေးကြရအောင်။ ဘေးစကားတွေကို ကိုယ့်အတွက်တန်ဖိုးရှိတာပဲယူပြီးကျန်တာတွေကိုအလေးခံမသယ်ပဲ ချန်ထားခဲ့ကြရအောင်။
Phyusin
(7/10/2024)MON 8:36pm
Keep Reading