Nway Oo Maung
ကျွန်တော်မှတ်မိသလောက် ကျွန်တော်၏အဖိုး(အညာအခေါ်အဘ)ဟာ ငယ်စဉ်ကအတော်ဆင်းရဲ၏။အခုအဘကား အသက်၈၀ကျော်နေပြီ၊အဘ၏မွေးရပ်မြေက အညာဒေသ၏ မိုခေါင်ရေရှားသောဒေသဖြစ်၏၊
အဘ၏မွေးရပ်မြေရွာမှာသူတို့ခေတ်က ကန်ရေပဲသောက်ရ၏၊ အဝီစိတွင်းမတူးနိုင်သေး(အခုခေတ်တော့တူးရနေပြီ) ရွာထိပ်မှာ မိုးရေလှောင်ဖို့ တူထားသောရေကန်အကြီးကြီးရှိ၏၊ မိုးတွင်းမှာ မိုးရေကိုလှောင်ထားရပြီးသုံးရေး အဖြစ်အသုံးပြုကြရ၏။မိုးခေါင်သောနှစ်တွေမှာ ပဲတို့နှမ်းတို့ အထွက်နည်းသောကြောင့် အလုပ်ကိုင်ရှားပါ၏။ ကျွန်တော်အဖွါး(အညာအခေါ် အမ)၏ရွာကား ဧရာဝတီးမြစ်ဘေးက
ရွာကြီးတစ်ရွာဖြစ်၏။ ကန်ရေမသောက်ရ အဝီစိတွင်း ရှိ၏၊ အရင်ခေတ်ကဆို ၁၅ပေလောက်နက်သော ကျောက်ရေတွင်းကြီးတွေအသုံးပြုရ၏၊ အခုချိန်ထိ ချိုးရေအတွက်
တစ်တွင်းတလေအသုံးပြုနေဆဲဖြစ်၏၊အခုကျွန်တော်နေသောရွာဖြစ်၏၊ ကျွန်တော်ရွာကား မြင်းခြံ ပုဂံညောင်ဦးသွားသော လမ်းမ၏ မြောက်ဖက် တွင်ရှိ၏၊ နှစ်တစ်ရာလောက်သက်တမ်းရှိသော ကုက္ကိုပင်တန်းလည်းရှိ၏။
အဘ၏ရွာကတော့ မြင်းခြံ ပုဂံညောင်ဦးလမ်းမ၏တောင်ဘက်တွင်ရှိ၏၊ ကဗျာဆရာတင်မိုး ပျားရည်ဘဏ်တိုက်သီးချင်းရေးသားသော ကိုအေးကျော်တို့၏ ဇာတိဖြစ်သော ဇဂျမ်းကံမြဲနှင့် သိပ်မဝေးသော ရွာလေးတစ်ရွာဖြစ်၏။
အဘတို့ခေတ်က လူငယ်တစ်ယောက်အလုပ်လုက်ထွက်တယ်ဆိုတာ တခြားမြို့ကြီးတစ်
မြို့(သို့မဟုတ်) အနီးနားက အလုပ်ကိုင်ပေါများသော ရွာကြီးတစ်ရွာပင်ဖြစ်၏။
ဒီလိုနှင့် အဘအသက်၁၇နှစ်လောက်မှာ ရွယ်တူသူငယ်ချင်းသုံးယောက်ဟာ မွေးရက်မြေ ရွာမှ အခုလက်ရှိနေထိုင်သော ရွာသို့ အလုပ်လုပ်
ထွက်လာ၏။ ထိုခေတ်ထိုခါက မြေပိုင်ယာပိုင်သောတောင်သူဦးကြီးတွေ၏အိမ်မှာနေပြီး လယ်ထွန် ပဲချ နှမ်းရိတ်ပြောင်းကြဲစသောတောင်သူနှင့်ဆိုင်သောအလုပ်များကိုလုပ်ကိုင်ရ၏။ အဲ့ရွာမှာ အလုပ်လုပ်ရင်း ကျွန်တော်အဖွါးနှင့်ညားသည်ဆိုပါတော့။ ညားပြီးနောက် ဇာတိရွာကိုမပြန်ပဲ အဖွါးဘက်ကအမွေရသော မြေနေရာမှာလုပ်ကိုင်စားသောက်ကြ၏။ မနက်ပိုင်း 4ခွဲ၅နာရီလောက်ထပြီးနွားတစ်ရှဉ်းနှင့် လယ်ထွန်အငှါးလိုက်ရ၏၊ နေ့ခင်းထမင်းစားနား တရေးတမောအိပ်ပြီး နွားကျောင်းရ၏၊အဖွါးကတော့ ဈေးရောင်းထွက်ရ၏၊ သားသမီး၆ယောက်ထွန်းကား၏။ ကျွန်တော် အမေကအသက်ကြီးဆုံးဖြစ်၏၊ အသက်အကြီးဆိုတော့ အလုပ်အစုံလုပ်ရ၏၊ သာသမီးခြောက်ရောက်မှာ ယောကျာ်လေး၂ယောက် မိန်းကလေး၄ယောက်ဖြစ်၏၊ ယောကျာ်လေးတစ်ယောက်ကသာသနာ့ဘောင်ဝင်သွား၏၊ ကျန်တဲ့သားသမီးတွေ အသီးသီးအိမ်ထောင်ကျ ကိုယ့်အိုးကို့အိမ်နှင့်ဖြစ်တဲ့အထိ အငယ်ဆုံးရင်ကပ်သမီးနှင့်အတူ၊အဘနှင့်အဖွါးဟာဆင်းဆင်းရဲရဲလုပ်ကိုင်စားသောက်နေရတုန်းရှိသေး၏။ ကျွန်တော်အမေအောက် ညီမဟာအိမ်ထောင်ကျပြီးချောင်လည်လာတော့မှ ပြန်လည်ထောက်ပံ့ရ၏။ အဖွါးဟာ အသက်၇၀ဆယ်မှာဆုံးသွား၏၊ အဘကတော့အခုဆို အသက်၈၀ကျော်ပြီ ငယ်ငယ်ကဆင်းရဲခဲ့၏၊သားသမီးတွေကပိုက်ဆံချမ်းသာ
သူတွေ မဟုတ်ပေမဲဲ့ အိုနေတဲ့အချိန်မှာ မပူမပင်မကြောင်းမကြထားပေးကြ၏၊ ဘုရားသွားကျောင်းတက်လုပ်နိုင်၏၊ အဘနှင့်အတူလာခဲ့သောကျန်သောသူငယ်ချင်း၂ယောက်မှာ တစ်ယောက်က လူပျိုကြီးဖြစ်ပြီး ငယ်စဉ်ကလုပ်ကိုင်ခဲ့တောင်သူဦးကြီးအိမ်မှာ ခုချိန်ထိမိသားစုပုံစံနှင့်နေ၏။ ကျန်တစ်ယောက်က အိမ်ထောင်ကျပြီး သားသမီးတွေနှင့်အဝေးမှာ အထီးကျန်စွာ ဆုံးသွားခဲ့၏။ အဘကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတာက အဘဟာအိုကံကောင်း၏၊ ဘဝကိုဆင်းဆင်းရဲရဲဖြန်သန်းခဲ့ရပြီး ဘဝနေဝင်ချိန်တွေမှာ မြေးတွေမြစ်တွေနှင့်ပျော်ရွှင်စွာနေနိုင်၏။တစ်ချို့ကြတော့လည်း ချမ်းသာသောအသိုင်းအဝိုင်းမှာမွေးဖွါးရပြီး ၊ဘဝကိုလည်းချမ်းချမ်းသာသာနှင့်ဖြန်သန်းခဲ့ရပါ၏၊သားသမီးတွေကိုလည်း ကိုယ့်အိုးကိုယ့်အိမ်နှင်မပူမပင်ရအောင် ပညာတတ်တွေ အလုပ်ကိုင်ရာထူးတွေနှင့်နေနိုင်အောင် မိဘတာဝန်ကျေခဲ့၏။သို့သော်လည်း သားသမီးတွေက တခြားသောဒေသတစ်ခုမှာ အိုးအိမ်တည်ထောင်ပြီး နေကြတဲ့အခါ ၊အိုးမင်းမစွမ်းလို့ အားကိုလိုတဲ့အခါအနားမှာမရှိကြတော့ဘူး။ တစ်နှစ်တစ်ခေါက်ဖြစ်စေနှစ်ခေါက်စေလောက်သာ လာရောက်နိုင်တော့၏။ ထိုသို့အိုခြင်းနှင့်အဆုံးသတ်ရတာကိုအိုကံသိပ်မကောင်းဘူးဆိုရမှာပေါ့။ ဗုဒ္ဓဘာသာဝင်တစ်ယောက်၏နောက်ဆုံးအချိန်သည်အရေးကြီး၏၊ နောက်ဆုံးစုတိစိတ်သည် ကြည်ကြည်လင်လင်နှင့်သေမှ ကောင်းရာ ဂတိသို့လားမည်ဖြစ်၏၊ အိုးမင်းမစွမ်းတဲ့အချိန် အိုကံမကောင်းခဲ့ရင်တောင် နောက်ဆုံးအချိန်ကိုဖြတ်ကျော်ဘို့ တရားတခုတော့လက်ကိုင်ထားသင့်ပါ၏။ အိုကံကောင်းကြပါစေ။
https://www.facebook.com/profile.php?id=61565679827833&mibextid=LQQJ4d
Keep Reading