Author's Profile Photo

Honey cho

7/10/2024

"လူငယ်တွေကြားရေပန်းစားနေတဲ့E cigarettes ဆိုတာဘယ်လိုအရာ"

1 min read
Health
General Knowledge
Environment & Sustainability
"လူငယ်တွေကြားရေပန်းစားနေတဲ့E cigarettes ဆိုတာဘယ်လိုအရာ"'s photo

E cigarette အကြောင်း တစေ့တစောင်း

?ခုခေတ် လူငယ်တွေကြားမှာ အီးစီးကရက်လေးကို ဖွာတာက trend တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ကျားမ မရွေး တော်တော်များများက အီးစီးကရက် အိုးလေးတွေ၊ USB လို ပုံစံလေးတွေကို လည်ပင်းမှာဆွဲပြီး ဖွာကြ ရှိုက်ကြတာက စတိုင်တစ်ခုလို ဖြစ်နေပါပြီ။ ထွက်လာတဲ့ အနံ့လေးကလည်း ချိုချိုအီအီလေးဆိုတော့ ဆေးလိပ်နဲ့ မတူဘဲ ပတ်ဝန်းကျင်ကို ထူးထူးခြားခြားကြီး အနှောင့်အယှက်မဖြစ်ဘူးလို့ ယူဆကြတာလည်း ပါမှာပေါ့။

?တကယ်တော့ အီးစီးကရက်ဆိုတာက vaping တစ်မျိုးပါပဲ။ အမှန်တကယ် သူ့ရဲ့ ရည်ရွယ်ချက်က ဆေးလိပ်ဖြတ်ဖို့အတွက် သုံးတာဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက ဆေးလိပ်အစားထိုးသောက်ဖို့၊ ဆေးလိပ်သောက်ရတာ အန္တရာယ်များတဲ့အတွက် vaping ပဲ သောက်မယ်ဆိုပြီး သောက်နေကြတာကို တွေ့ရပါတယ်။ ဆိုလိုတာက ဆေးလိပ်ဖြတ်ဖို့ သောက်တာဆိုရင် နောက်ဆုံးမှာ ဆေးလိပ်လည်းပြတ်၊ vapingလည်း ပြတ်ရမှာပါ။ အခုက ဆေးလိပ်ပြတ်ပြီး အီးစီးကရက်ကို စွဲသွားကြတာ ဒါမှမဟုတ် ဆေးလိပ်အပြင် အီးစီးကရက်ပါ စွဲသွားတာကို တွေ့ရပါတယ်။

?ဒီနေရာမှာ ဆေးလိပ်ထက်စာရင် အီးစီးကရက်က ပိုပြီး အန္တရာယ်ကင်းတယ်မဟုတ်ဘူးလားဆိုပြီး မေးကြမှာပါ။ နှစ်ခုယှဉ်ရင် အီးစီးကရက်က အန္တရာယ်ပိုနည်းတာ မှန်ပေမယ့် အန္တရာယ်မရှိဘူးလို့ ပြောတာ မဟုတ်ပါ။ ဒါကြောင့် တချို့တွေမှာ ဆေးလိပ်ဖြတ်ဖို့ ယာယီအနေနဲ့ပဲ အသုံးပြုခိုင်းတာ ဖြစ်ပါတယ်။ ပြီးရင် အီးစီးကရက်ကိုပါ ဖြတ်ရမှာပါ။

✅ အီးစီးကရက်က ဘာလို့ အန္တရာယ်ရှိရတာလဲဆိုတော့
(၁) သူ့မှာပါတဲ့ နီကိုတင်းက
· စွဲလမ်း စေပါတယ်။ ဆေးလိပ်စွဲတာ သူ့ကြောင့်ပါ။ နီကိုတင်းကြောင့် မသောက်ရ မနေနိုင်ဖြစ်ပြီး သောက်မိတဲ့အခါ ဆေးလိပ်ထဲက ဓာတုပစ္စည်းတွေပါ ကိုယ်ထဲရောက်သွားပါတယ်။
· ကိုယ်ဝန်ဆောင်တွေမှာဆိုရင် သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။
· လူငယ်တွေမှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။

(၂) နောက်တစ်ခုက ရေငွေ့ပါ။
အီးစီးကရက်သောက်ရင် အငွေ့တွေ အများကြီး ထွက်လာတာ သူ့မှာပါတဲ့ aerosolကြောင့်ပါ။
သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေက ဆေးလိပ်လောက် မဆိုးပေမယ့် အဆုတ်ကို ထိခိုက်နိုင်စွမ်းတော့ ရှိပါသေးတယ်။

(၃) နောက်ပြီးရင်တော့ အီးစီးကရက်ရဲ့ အနံ့၊ အရသာအတွက် ထည့်ထားရတဲ့ ဓာတုပစ္စည်းတွေပါ။ ဒါတွေက ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် အီးစီးကရက်မှာ နီကိုတင်းအပြင် ဘာတွေပါနေမလဲဆိုတာ သုံးစွဲသူအနေနဲ့ တိတိကျကျ မသိနိုင်ပါဘူး။

ဒါကြောင့် အကြံပေးရရင်
· အီးစီးကရက်ကို ဆေးလိပ်ဖြတ်ဖို့ ဆေးလိပ်အစားထိုးအနေနဲ့ သုံးချင်သုံးပါ။ ပြီးရင်တော့ အီးစီးကရက်ကိုပါ ဖြတ်ပါ။
· ဆေးလိပ်အစား အီးစီးကရက်ပဲ ပြောင်းသောက်မယ် ဆိုတာမျိုး မလုပ်ရပါ။ တစ်ခုမှ မပြတ်ဘဲ ၂ ခုလုံး စွဲသွားနိုင်သလို အီးစီးကရက်ကို ရေရှည်သုံးတာက ကျန်းမာရေးအပေါ် ဘယ်လိုတွေ ဖြစ်စေမလဲဆိုတာ မသိနိုင်တဲ့အတွက် ရှောင်ထားတာ အကောင်းဆုံးပါ။
· ဆေးလိပ်မသောက်တတ်တဲ့သူတွေကတော့ အီးစီးကရက်ကို ဆေးလိပ်လောက် အန္တရာယ်မရှိပါဘူးဆိုပြီး အစလုပ် မသောက်ကြပါနဲ့။ အီးစီးကရက်ကလည်း နီကိုတင်းပါတဲ့အတွက် စွဲတတ်ပါတယ်။ တခြားသော ဓာတုပစ္စည်းတွေလည်း ပါတဲ့အတွက် ကျန်းမာရေး ထိခိုက်နိုင်ခြေရှိတယ်ဆိုတာ သိစေချင်ပါတယ်။

Credit to Dr Htet Htet Zaw Win
စာဖတ်သူအားလုံး
ကျန်းမာရွှင်လန်းကြပါစေ။

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)