Author's Profile Photo

ဂျိုဇော်

7/10/2024

တတိယမြောက် ငါး ( MF ) ---------------------------------------

1 min read
Art
တတိယမြောက် ငါး ( MF )
---------------------------------------
's photo

ဝါဆိုဝါခေါင် ရေဖောင်ဖောင် တဲ့။အိမ်လည်း ရေမြုပ်ပြီ။ရွာလည်း ရေမြုပ်ပြီ။ ကျောင်းလည်း ပိတ်ထားရပြီ။ပျင်းပျင်းရှိလျှင် အိမ်လှေကားမှာ ငါးထိုင်မျှားနေရုံပါပဲ။ကျွန်တော့် ငါးမျှားချိတ်က ထစ်(ဒစ်)ပါသည့် ချိတ်အစစ်မဟုတ်။တွယ်ချိတ်ကိုကွေးထားသည့်လက်လုပ် ငါးမျှားချိတ်ဖြစ်၏။ငါးစာ တီကောင်ကိုတော့ ဘုရားကုန်းနား သွားတူးရသည်။ရလာသည့်ငါးကိုလည်း မစားဘဲ ပြန်လွှတ်ပေးပါသည်။အမေ က ငရဲကြီးမယ်ဟု ပြောထားသည်ကိုး။

တော်တော်ကြာကြာ ထိုင်မျှားနေသော်လည်း ငါးက မဟပ်။ဖော့က မလှုပ်။အမေ ဆေးကြောထားသည့် ထမင်းစေ့တွေစားပြီး ဗိုက်ကားနေကြပြီလား။ ဟော..ပြောရင်းဆိုရင်း ဖော့မြုပ်သွားပြီ။ကျွန်တော် သုတ်လိုက်တော့ ငါးတစ်ကောင် ဖွေးခနဲ ပါလာသည်။ဟွန်း..သောက်သုံးမကျ ငါးခုံးမ။ဗိုက်မှာအမည်းကွက်ကလေးနှင့်။သင်းက လောဘကြီးသည်။အခြားငါးတွေလို ( ဖော့လှုပ်ရုံ )နှုတ်ခမ်းလေးနှင့်တို့ မကြည့်။

လောဘတကြီးမျိုချလိုက်ပုံရသည်။ကျွန်တော်သူ့ကို လွှတ်ပေးပြီးဆက်မျှားသည်။ဟော..ဖော့မြုပ်သွားပြန်ပြီ။ဟင်..ခုနက ငါးပဲ။ဗိုက်မှာ အမည်းကွက်နှင့်။ သည်ကောင်.. အမှတ်သည်းခြေမရှိတာလား။တီကောင်ကို စွဲမက်လွန်းတာလား။ လွှတ်ပေးလိုက်ရပြန်သည်။

ကျွန်တော် ငါးမျှားတံကို သိမ်းလိုက်သည်။ဆက်မျှားလျှင် ပါလာမည့်တတိယမြောက်ငါးကို ခင်ဗျားသိမှာပါ။

*******

#ဂျိုဇော်

Keep Reading

Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ အနုပညာနည်းလမ်းနှစ်သွယ်အ‌တွေးအစအနများပိထောက်ခတ်ဖြင့်သာလွင့်မျောနှင်းစက်များOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁)