Author's Profile Photo

Par Te

6/10/2024

“ခွင့်လွတ်ခြင်းဆိုတာ” =============

1 min read
Life Style
Personal Development
General Knowledge
“ခွင့်လွတ်ခြင်းဆိုတာ”
============='s photo

?ကျွန်မ သိရှိပြီး နားလည်တဲ့ ခွင့်လွတ်ခြင်းဆိုတာက အခြားသူတွေကို ခွင့်လွတ်တယ်ဆိုတာထက် မိမိအတွက် မိမိ ခွင့်လွတ်တာဖြစ်တယ်။

? ကျွန်မတို့ စိတ်ထဲမှာ ကိန်းအောင်းနေပြီး ကျွန်မတို့ကို အချိန်တိုင်းမှာ သောက၊ ပြဿနာတွေ၊ ဒေါသတွေ၊ အမုန်းတရားတွေ၊ ဝမ်းနည်းခြင်း၊ ပူဆွေခြင်း၊ မတင့်မရဲမှုတွေနဲ့ အပြုသဘောမဆောင်နိုင်တဲ့အတွေးတွေ၊ အမြင်တွေကြောင့် မကြာခဏ စိတ်အနှောက်အယှက်ဖြစ်စေပြီး စိတ်မချမ်းမြေ့မှုတွေကိုသာ ယူဆောင်လာပေးတတ်တဲ့ အရာတွေကို မခံစားရတော့အောင်၊ စိတ်တွေ လွတ်လပ်သွားအောင် ထွက်သွားခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

?ကျွန်မတို့ဆီကို နည်းပေါင်းစုံနဲ့ ရောက်တာတတ်တဲ့ စိတ်မချမ်းမြေ့စေတဲ့ အရာတွေဟာ ၊ ခွင့်မလွတ်နိုင်အောင်ဖြစ်လာတဲ့ အရာတွေဟာ ကျွန်မတို့မွေးဖွာလာ ကတည်းက သူ့အလိုလို ပါလာတာမဟုတ်သလို ကျွန်မတို့တမင်လုပ်ယူ ဖန်တီးထားကြတဲ့အရာလည်း မဟုတ်ပါဘူး။

?ကိုယ်သေချာမသိတဲ့ အခြားတစ်ယောက်ယောက် ကြောင့် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက်၊ ကိုယ့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းမိတ်ဆွေ တွေနဲ့ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်ကြောင့်လည်း ကျွန်မတို့ဆီရောက်လာတတ်ပါတယ်။

?နောက်ပြီးတော့ ကျွန်မတို့ ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံ၊ မြင်ခဲ့၊ ကြားခဲ့ရတဲ့ အရာတွေနဲ့ ဆက်စပ်ပြီး ကျွန်မတို့ မိမိကိုယ်တိုင်ရဲ့ အတွေးတွေကြောင့်လည်းဝင်လာပြီး ကိန်းအောင်းနေတတ်ပါသေးတယ်။ အဲဒီအရာတွေကို စိတ်ထဲကနေ လက်ခံပြီးတော့ ကျွန်မတို့ ကိုယ်တိုင်က ဝင်ခွင့်နေရာပေးထား တာကြောင့်သာ နေရာဝင်ယူပြီး ကိန်းအောင်းနေခြင်းသာဖြစ်တယ်။

?မိမိကိုယ်တိုင်နေရာပေးထားတဲ့ အရာတွေထဲမှာ ပြဿနာ သောကတွေသာမဟုတ်ဘဲ ကိုယ့်ရဲ့ အပျော်ရွှင်ရဆုံး အမှတ်တရတွေ ပါဝင်မှာဖြစ်သလို၊ ရုန်းကန်ခဲ့ရတဲ့ အမှတ်တရတွေနဲ့ ခွင့်မလွတ် နိုင်အောင်နာကျင်ခဲ့တဲ့ အရာတွေ လည်း ပါဝင်နေမှာပါ။ ကျွန်မတို့ ကိုယ်ခန္ဒာမှာ ရသပေါင်းစုံပေးနိုင်တဲ့ အရာတွေရှိတတ်ပြီး အဲဒီအရာတွေထဲမှာ သိုမထားသင့်တဲ့အရာက ကျွန်မတို့ကို ပိုပြီးအနိုင်ယူလေ့ ရှိပါတယ်။

?သိုးမထားသင့်တဲ့အရာတွေကို ထွက်သွားခွင့်မပေးဘဲ သိမ်းထားသမျှကာလပတ်လုံး ကျွန်မတို့ အမြဲပူလောင် နေကြမယ်။ ပျော်ရွှင်စရာ အမှတ်တရတွေကို ပြန်တွေးလိုက်တိုင်း ကြည်နူးပြီး ပျော်ရွင်မှုတွေ အသစ်တဖန် ပြန်လည်းခံစားကြရသလို ဒေါသတွေ၊ အမုန်းတရားတွေ၊ နာကျင်စရာတွေ နဲ့ တိုက်ဆိုင်မှုရှိတိုင်း ပြန်တွေး မြင်ယောင်ကြည့်လိုက်တိုင်းမှာ နာကျင် ဝမ်းနည်းမှုတွေနဲ့ ဒေါသတွေ အလီလီထွက်နေမှာပါ။

?ဒါကြောင့် ခွင့်လွတ်ခြင်းဆိုတဲ့ထဲမှာ နည်းလမ်းပေါင်းစုံကနေဝင်လာပြီး ကျွန်မတို့ ခန္ဒာကိုယ်မှာ ကိန်းအောင်းနေတဲ့ နာကျင်ပူလောင်မှုတွေကို ထွက်သွားခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

?ဒါဆိုရင် ရှေ့အပုဒ်မျာ မေးထားတဲ့ မိမိကိုယ်ကိုယ် ခွင့်လွတ်ဖို့လိုလာ ဆိုတဲ့မေးခွန်းရဲ့ အဖြေကို သိနေလောက်ပြီလို့ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယော်ကရဲ့ အဖြေက တူချင်မှ တူနေပါလိမ့်မယ်။

#Clay_ခလေး

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)