Author's Profile Photo

မိုးနှောင်းအလင်္ကာ

6/10/2024

"ဘ၀အတွက်မှတ်ထားရမဲ့ အချက် (8) ချက်"

1 min read
Life Style
General Knowledge
18 Again
"ဘ၀အတွက်မှတ်ထားရမဲ့ အချက် (8) ချက်"'s photo

ကျွန်တော်တို့လိုလူငယ်တွေ ဘ၀ကို စတင်လျှောက်လှမ်းနေတဲ့သူတွေအတွက် မှတ်သားစရာဆိုတာ မကုန်ခမ်းနိုင်အောင်ရှိလှပါတယ်။ဘ၀ အတွက်စိတ်ဓာတ်ခွန်အားတွေ မကျသွားဖို့အရေးကြီးသလို၊အရေးကြီးတာတွေကိုလည်းနေ့စဥ်နဲ့အမျှ မှတ်သွားပြီး ဆောင်သင့်တာဆောင်ပြီးရှောင်သင့်တာ ရှောင်ပါမှ လူငယ်တွေအတွက် အကျိုးရှိမှာဖြစ်ပါတယ်။

ဘ၀အတွက် မှတ်ထားရမဲ့အချက်တွေကဘာတွေများလည်း?။
(1) တန်ဖိုးထားတတ်ပါစေ။
ပါရမီဖြည့်ဖက်အပေါ် တန်ဖိုးထားရကောင်းမှန်း မသိရင်၊ ရွှေတောင်ကြီး ပုံပေးလဲ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ အတွက် ရည်ရွယ်ထားတဲ့ ဘ၀လက်တွဲဖော်ကို တန်ဖိုးထားတတ်မှ တန်ဖိုးရှိမှာဖြစ်သလို၊တန်ဖိုးရှိတဲ့သူကို တန်ဖိုးထားရကောင်းမှန်းလည်း သိတတ်ပါစေ။

(2) ခွင့်လွှတ်တတ်ပါစေ။
ခွင့်လွှတ်ရကောင်းမှန်း မသိရင် မိတ်ဆွေ ဘယ်လောက်ပဲ များပါစေ၊ ထွက်ခွာသွားကြမှာပဲ ဖြစ်တယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ဒါပေမဲ့ ဒုတိယအခွင့်အရေးဆိုတာတော့ ရသင့်တာဘဲမဟုတ်ပါလား။ဒါ့ကြောင့် ခွင့်လွှတ်တတ်ဖို့သင်ယူပါ။

(3) ကျေးဇူးသိတတ်ပါစေ။
ကျေးဇူးရှိမှန်း မသိတတ်ရင် မိုးပျံအောင် တော်နေပါစေ၊ အောင်မြင်နိုင်မှာ မဟုတ်ဘူး။"တစ်လုပ်စားဖူးသူ့ကျေးဇူး"ဆိုတဲ့အတိုင်း တဆုပ်ကြဲခဲ့ဖူးသောလက်ကိုလည်းသတိရပါ။တခွန်းအားပေးခဲ့သူကိုလည်း သတိရပါ။အသေးအမွှား ကိစ္စလေးတွေက အစ ကိစ္စအကြီးကြီးအထိ ကိုယ်အဆင်မပြေတဲ့အချိန် ကူညီခဲ့ဖူးတဲ့ ကျေးဇူးတရားကို သိတတ်ပါစေ။

(4) ဇွဲလုံ့လရှိပါစေ။
ဇွဲလုံ့လ ဝီရိယ မရှိရင် ဖြတ်ထိုးဉာဏ် ကောင်းစေဦးတော့အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကိစ္စရပ်ကို ဇွဲရှိရှိနဲ့လုပ်ပါမှ အောင်မြင်မှာပါ။လုံ့လ ၀ီရိယ ရှိစွာနဲ့ အားစိုက်ထုပ်ပြီး လုပ်တဲ့အလုပ်တိုင်းဟာ အောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။ဒါ့ကြောင့် ဇွဲလုံ့လ ရှိပါစေ။

(5) ပူးပေါင်းလုပ်ဆောင်တတ်ပါစေ။
ပူးပေါင်းလုပ်ဆောင်ရမှန်း မသိရင် အစွမ်းကုန် ကြိုးစားစေဦး၊ အောင်မြင်ဖို့ ခက်ခဲနေဦးမှာပါ။တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်လို့ မရတဲ့ ကိစ္စရပ်တွေမှာ အဖွဲ့အစည်းတစ်ခု အနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင်ကြိုးစားပါ။အဖွဲ့သားစိတ်ဓာတ်၊ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ် ရှိမှ အောင်မြင်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်မှာပါ။ ဒါ့ကြောင့်ပူးပေါင်းလုပ်ဆောင်တတ်ပါစေ။

(6) စုဆောင်းတတ်ပါစေ။
စုဆောင်းရကောင်းမှန်း မသိရင် ငွေပို ရှာနိုင်စေဦးတော့၊ ချမ်းသာတဲ့သူဖြစ်ဖို့ ခက်ခဲနေပါလိမ့်မယ်။ "ချွေတာဆုတောင်း သူဌေးလောင်း" ဆိုသလို စုသင့်တဲ့နေရာစုပြီး ချွေတာသင့်တဲ့နေရာ ချွေတာမှ အဆင်ပြေသူတစ်ယောက်ဖြစ်မှာပါ။ ကုန်သင့်တဲ့နေရာကုန်တာကိုမပြောလိုပေမဲ့ အပိုမကုန်စေဖို့ စုဆောင်းတတ်ပါစေ။

(7) ရောင့်ရဲတတ်ပါစေ။
ဘဝမှာ ရောင့်ရဲမှု မရှိရင် ဘီလျံနာလို ချမ်းသာစေဦးတော့ ကျေနပ်ပျော်ရွှင်တဲ့သူ မဖြစ်နိုင်သေးပါဘူး။ ရောင့်ရဲတင်းတိမ်ခြင်းမရှိဘူးဆိုရင် ဘ၀ကိုအမြဲမကျေမနပ်နဲ့ ကုန်ဆုံးရမှာဖြစ်တယ်။ ပျော်ရွှင်ခြင်းတွေလည်းရောင့်ရဲမှုမရှိရင် ကြာရှည်ခံမှာမဟုတ်တာကြောင့် ရောင့်ရဲတတ်ပါစေ။

(8) ကျန်းမာရေး ဂရုစိုက်ပါ။
ကျန်းမာရေးကို ဂရုစိုက်ရကောင်းမှန်း မသိရင် ကုသမှုစရိတ် တတ်နိုင်စေဦးတော့ အသက်ရှည် အနာမဲ့ခြင်း မဖြစ်နိုင်သလို အခွင့်အရေးမှန်သမျှ ဆုံးရှုံးသွားနိုင်တယ်။"ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး"မဟုတ်ပါလားဗျာ။ကျန်းမာမှချမ်းသာမည် ချမ်းသာမှ လုပ်ချင်တာတွေလုပ်နိုင်မှာဖြစ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါ။

ဒီအပေါ်ကအချက်တွေအားလုံးကို ဘ၀အတွက် မှတ်သားထားမယ်ဆိုရင် အောင်မြင်တဲ့လူတစ်ယောက်၊အကျိုးရှိတဲ့ ဘ၀ တစ်ခုဖြစ်မှာသေချာပါတယ်။ဒါ့ကြောင့် ဒီ(8)ချက်ကို တစ်ဘ၀လုံး မမေ့လိုက်ပါနဲ့။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)