Author's Profile Photo

Saw Yu Moe

5/10/2024

YOUTH

1 min read
Life Style
Personal Development
General Knowledge
YOUTH's photo

ငယ်ရွယ်နုပျိုခြင်းရဲ့အကြီးမားဆုံးတန်ဖိုးက
သင်ရဲ့ နုပျိုမှု မဟုတ်ဘူး၊
သင်ရဲ့ ရုပ်ရည်မဟုတ်ဘူး၊
သင်ရဲ့ ခွန်အားပြည့်ဝမှုလည်း မဟုတ်ပါဘူး၊
သင့်မှာ အမှားလုပ်နိုင်တဲ့ အခွင့်အရေးရှိခြင်းပါ။

"If you try and failed, congratulations. Because most people don't even try."

တကယ်လို့ သင်ဟာငယ်ရွယ်စဉ်မှာ သင့်စိတ်ဆန္ဒ၊ သင့်မျှော်လင့်ချက်ပြင်းပြမှု နောက်မလိုက်ဘူး၊ လုပ်သင့်တယ်လို့ သင်ထင်တဲ့အလုပ်ကို မလုပ်ဘူး၊ စွန့်စားမှု တစ်ကြိမ်တစ်ခါလေးတောင် မလုပ်ရဲဘူး၊ အမှား တစ်ကြိမ်တစ်ခါလုပ်မိဖို့ကိုတောင် အခွင့်မပေးရဲဘူးဆိုရင် သင့်ရဲ့ငယ်ရွယ်နုပျိုခြင်းက
ဘယ်လောက်အသက်မဲ့လိမ့်မလဲလို့ တရုတ်ရုပ်သံအစီအစဉ်တင်ဆက်သူ YangLan ကပြောခဲ့တာကို နိုင်းနိုင်းစနေ ဘာသာပြန်ထားတာလေးပါ။

ခုနောက်ပိုင်း ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုခြင်းတွေ
ကုန်ဆုံးခါနီးလာပြီလို့ တွေးမိတော့ .......

? စိတ်ကူးရှိတဲ့အတိုင်းလုပ်ဖို့ တွန့်ဆုတ်ခဲ့တာတွေကို
? အခုတော့ယုံကြည်မှုရှိရှိ ထုတ်ဖော်ရဲလာတယ်

? အရင်တုန်းက မပြောရဲတဲ့အရာတွေကို
? အခုတော့ နောင်တမရချင်လို့ ဖွင့်ဟဝန်ခံရဲလာပြီ

? ကိုယ်နဲ့လိုက်ရဲ့သားနဲ့ ဝတ်ဖို့တွန့်ဆုတ်ခဲ့တာတွေ
? အခု ကဲ့ရဲ့ဝေဖန်သံကို ဂရုမစိုက်ဘဲ ဝတ်ရဲလာပြီ

? အမှားတွေကနေ သင်ယူနိုင်ဖို့အတွက်
? အမှားတွေကို ရင်ဖွင့်ပြီး လက်ခံကြိုဆိုရဲလာတယ်/ လုပ်ရဲလာတယ်။ အဲ့ဒီတော့ သူတစ်ပါးကိုမထိခိုက်ဘဲ ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေ ဖြစ်လာဖို့၊ လုပ်နိုင်ဖို့အတွက် နည်းနည်းလေးလောက် ရဲရင့်လိုက်ပါ သူငယ်ချင်း။အကြောင်း က အချိန်ဆိုတာ ရွေ့လျားကုန်ဆုံးသွားမှာမို့ပဲ။ သင့်ရဲ့ငယ်ရွယ် နုပျိုခြင်းကို မြိန်ရေရှက်‌ရေ ကုန်ဆုံးလိုက်ပါလားကွယ်....
-စောယုမိုး

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး❝ မသိမှု ဝတ်ရုံကြီး ❞စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း အမြော်အမြင်မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်မက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဖတ်နိုင်သမျှ များများဖတ်ပေးပါပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်