Author's Profile Photo

Par Te

5/10/2024

အကူအညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့

1 min read
Life Style
အကူအညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့'s photo

?ကျွန်မတို့ မိမိကိုယ်ကိုယ် ရှာတွေ့ဖို့အတွက် အချိန်တွေများစွာပေးပြီး ကြာမြင်တတ် ပါတယ်။ ကိုယ့်ဘေးနားမှာ လမ်းပြပေးနိုင်တဲ့သူတွေ၊ အတွေးအခေါ်ကောင်းတဲ့သူတွေနဲ့ ကိုယ့်ထက် Level မြင့်တဲ့ သူတွေမရှိရင် ကိုယ့်ကိုယ်ကို ရှာတွေ့ဖို့ ပိုပြီး အချိန်ကြာ နိုင်ပါတယ်။

?ကျွန်မတို့ ကိုယ်ဖြစ်ချင်တဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အရာတွေ နဲ့ ကိုယ်ဝါသနာပါတဲ့ အရာတွေက ဘာလဲဆိုတာကို သေသေချာချာ မသိတဲ့သူတွေများစွာရှိနေမှာဖြစ်ပြီး၊ တခါတရံမှာ ကိုယ့်ကိုယ်ကိုယ် သိရမှာလေ၊ ကိုယ့်ကိုယ်ကိုယ် မသိရင် ဘယ်လို လုပ်မှာလဲ၊ ကိုယ့်ကိုယ်ကိုယ် သိအောင် ဘယ်သူက ကူညီပေးနိုင်မှာလည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်ရမှာဘဲလို့ ပြောသံတွေ ကြားဖူးမှာပါ။ သူတို့ပြောတာလည်း မှန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မသိရင် အခြားသူက ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ ဘယ်လို သိနိုင်မှာလဲပေါ့။

?ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သေချာမသိဘဲ ရှင်သန်နေတဲ့သူတွေမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး မိမိကိုယ်ကိုယ်သေချာမသိတဲ့ သူတွေလည်းများစွာရှိနေတယ်ဆိုတာ မမေ့ပါနဲ့။

?လောကမှာ နောက်ကျတယ်ဆိုတာမရှိဘူး လို့ ဆိုကြပေမဲ့ ကျွန်မ ဖြစ်ချင်တဲ့အရာ၊ ကျွန်မ ဝါသနာပါတဲ့ အရာတွေကဘာလဲ ဆိုတာကိုစပြီး သတိထားမိတဲ့အချိန်က တော်တော်လေးနောက်ကျတယ်လို့ ပြောလို့ရပါတယ်။

?ကိုယ်ဝါသနာပါတဲ့အရာကို လုပ်နေခဲ့ပေမဲ့ ဘာမှန်းမသိခဲ့ဘဲ ဒီတိုင်းပဲနေခဲ့တာ အချိန်တော်တော်လေးကြခဲ့တယ်။ ကျွန်မကို ကူညီပြီးအကြံပေးနိုင်တဲ့သူတွေသာ ရှိခဲ့မယ်ဆိုရင်၊ ကျွန်မ ကျောင်းမခင်၊ ကျောင်းပြီးတဲ့အချိန်တွေမှာ ကိုယ့်ကိုယ် သေချာပြောပြနိုင်တဲ့သူတွေသာရှိခဲ့မယ်ဆိုရင် ဒီလောက်ထိ ကြာနေခဲ့မှာ မဟုတ်ဘူးလို့ တွေးနေမိတယ်။

?ဒါကြောင့် မိမိကိုယ်ကိုယ် ရှာတွေ့နိုင်ဖို့ ကူညီပေး
နိုင်လောက်တဲ့သူတွေဆီ အကူအညီတောင်း စေချင်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေဟာ အလကား မဟုတ်ဘူး အားလုံးက အကျိုးရှိခဲ့ပါတယ်၊ အသုံးဝင်ခဲ့ပါတယ်၊ အတွေ့အကြုံရပါတယ် ဆိုသည့်တိုင်အောင် ကိုယ်တကယ်ဖြစ်ချင်တဲ့အရာကို သေချာမသိ မလုပ်ခဲ့ရဘူးဆိုရင် တကယ် နှမျှော်ဖို့ကောင်းပါတယ်။ ဒါကြောင့် အကူအညီတောင်းပါလို့ပြောတာပါ။ အကူ
အညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့ ❤️

#Clay_ခလေး
၂၇-၉-၂၀၂၄ ??

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်