Author's Profile Photo

Nwe

4/10/2024

တစ်ယောက်တည်း‌နေသူများအဖို့ သင့်တနေ့တာကို အကောင်းဆုံးဘယ်လိုဖြတ်သန်းမလဲ????

1 min read
Life Style
Personal Development
Entertainment


ကျွန်မ တို့တွေဟာ လူရယ်လို့ဖြစ်လာရင် နေ့စဉ် ပျော်ရွှင်အောင် နေထိုင်သွားလာ လှုပ်ရှားတက်ဖို့လိုပါတယ်။ ကိုယ့်တစ်နေ့တာကို ဘယ်လိုကုန်ဆုံးရမလဲ မသိဘူးဆိုလျှင် အဲ့လိုနေ့တွေဟာ တစ်ယောက်တည်း‌ေနသူအဖို့ အရမ်းကို အထီးကျန်စရာ ကောင်းပါတယ်။ နေ့ရက်တိုင်းကို အနာရောဂါကင်းကင်း စိတ်ပျော်ပျော်ရှင်သန်ဖို့ဆိုလျှင် အောက်က အချက်လေးတွေ လိုက်လုပ်ကြည့်ပါ။
အရေးကြီးဆုံးအချက်ကတော့
နေ့တစ်နေ့စတင်ပီဆိုတာနဲ့ မိမိကိုယ်ကိုယ် ငါဒီနေ့တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့စိတ်အရင်ထည့်ရပါမယ်။ ငါဒီနေ့ ထိတွေ့တဆက်ဆံတဲ့သူတိုင်းနဲ့ အဆင်ပြေအောင် နေမယ် လို့ကိုယ့်ကိုယ်ကိုယ် ကတိပြုပါ။ ထို့နောက်မှ .....
1. အိပ်ရေးဝဝ အိပ်နိုင်အောင်ကြိုးစားရမယ်။
2. ကျန်းမာတဲ့ အစားအစာတွေ ရွေးချယ်စားသောက်ရမယ်။ ဖြစ်နိုင်မယ်ဆိုလျှင် မိမိကိုယ်တိုင်ခိက်စားကြည့်ပါ။ ဟင်းပွဲလေးတွေ အလှဆင်ကြည့်ပါ။ ပျော်ရွှင်မှုတစ်ခုကို ခံစားရနိုင်ပါတယ်။
3. မိမိနှစ်သက်တဲ့ အားကစား ( လမ်းလျှောက်တာလဲ အားကစားတစ်မျိုးပါ၊ ပြေးခြင်း၊ တစ်ယောက်တည်း က‌ရတာကြိုက်တဲ့ သူလေးတွေဆို Zoomba dance လေးကကြည့်ပါ၊ ဘောလုံးကစားခြင်း စသဖြင့်ပေါ့နော)
4. မိမိ ပေါ်ကျရောက်လာတာ တာဝန် (အလုပ်၊မိသားစု) ဝတ္တရား၊ တွေ ကျေအောင် ပီးမြောက်အောင်လဲ လုပ်နိုင်ရပါမယ်။ ဒါမှ စိတ်ပူပန်မှုမရှိဘဲ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ဖန်တီးနိုင်မှာပါ။
5.မိမိနှစ်သက်သဘောကျသူများ ရေးသား ပြောဆိုထားတဲ့ Video လေးတွေနားထောင် မှတ်သားခြင်း လုပ်နိုင်သလို မိမိ မိသားစုကို အချိန်ပေးပါ။
6. မိမိကို Relax ဖြစ်စေမယ့် သီချင်း၊ သံစဉ်များ နားထောင်ခြင်း လုပ်နိုင်ပါတယ်။
7. ခရီးတိုလေးတွေ စမ်းသွားကြည့်နိုင်ပါတယ်။
8.ကိုယ့်အတွက် ခက်ခဲမယ်လို့ထင်တဲ့ အရာလေးတွေ စမ်းလုပ်ကြည့်ရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှ မြှင့်တင် ပီး ပျော်ရွှင်မှုတွေရယူနိုင်ပါတယ်။
9. ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့ သေသေလေးတွေ လုပ်နိုင်ရင်တောင် ကိုယ့်ကိုယ်ကို ကျေးဇူးတင် ပျော်ရွှင်ပါ။

အားလုံး နေ့ရက်တိုင်းကို ပျော်ရွှင်ကျန်းမာစွာ ကျော် ဖြတ်နိုင်ကြပါစေ။

အားလုံးကိုချစ်တဲ့
နွယ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်