A Aain
?သူတော်ကောင်း?
လူတွေက ပြောတတ်တယ်
မိမိကို ကူညီ တဲ့ လူ /သူများကို ကူညီတဲ့ လူ
ပရဟိတ လုပ်တဲ့ လူတချို့ ကို လည်း ပါတယ်ပေါ့(သို့မဟုတ်)
ကိုယ် နဲ့ ပေါင်းသင်း ဆက်ဆံ ရေး အဆင်ပြေ အမြင်ကြည်ရင်လည်း
ဒီလူက ကောင်းပါတယ် သူတော်ကောင်းပါ ပြောတတ်တယ် ဒါပေမယ့်
ကိုယ့် အပေါ်ကောင်းပီး သူများအပေါ် ဆိုးရင် ဘယ်လို လုပ်မလည်း
ပြောတိုင်းယုံ ပုတ်သင်ညိုလို ခေါင်းတညိတ်ညိတ် လုပ်လို့တော့ မဖြစ်ဘူး
အဲတော့ သူတော်ကောင်းလို့ ပြောရင် လေ့လာကြည့်ရမယ်
သူ့မှာ သူတော်ကောင်းတရား ရှိရဲ့လား ဆိုတာ သူတော်ကောင်း ဆိုသည်မှာ
သူတော်ကောင်းတရား ၇ ပါး ရှိရမယ့်တဲ့ ဗုဒ္ဓက မိန့်တော်မူတယ်
၁။ ယုံကြည်မှု သဒ္ဓါတရား ရှိခြင်း၊
*@ရတနာ သုံးပါး ကို ကြည်ညို မြတ်နိူးပီး ကံရဲ့ အကြောင်း အကျိုးကို
ကောင်းစွာ ယုံကြည်ခြင်း *@ဗုဒ္ဓကတော့ ဝက္ကလိ ကို တစ်ခါက မိန့်တော်မူတယ်
ငါ ဘုရားကို ကြည့်လို့ တရားကို မမြင်နိူင်ဘူး တရားကို မြင်ရင်
ဘုရားကို မြင်နိူင်တယ်လို့ ,,ဒါဆို ဗုဒ္ဓကို မြင်ဖို့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကျင်ဖို့ လိုပါတယ်
၂။ အရှက် ရှိခြင်း၊
မကောင်းမူ့ အကုသိုလ် တရားတွေကို လုပ်ဖို့ရာ ရှက်ခြင်း
ဒါပေမယ့် ရှက်နေရုံ နဲ့ မပီးဘူး ;*&ရှောင်သင့်တဲ့ မကောင်းမူ့ကို ရှောင်မယ်
ဆောင်သင့် ပြုလုပ် သင့်တဲ့ ကောင်းမူ့ကို ပြုမူဆောင်ရွက်မယ်
ဒါကို စာရိတ္တ ဝါရိတ္တ သီလ*&လို့ ခေါ်တယ်
၃။ ထိတ်လန့်မှု ရှိခြင်း၊
မကောင်းမူ့ အကုသိုလ် တရားတွေကို လုပ်ဖို့ရာ
ကြောက်လန့်မူ့ရှိခြင်း '@အကုသိုလ်ကို ကြောက်ပီး ကုသိုလ်လို့ခေါ်တဲ့
ဒါန သီလ သမာဓိ ပညာ ဒီတရားတွေ ကို ကောင်းစွာ ပြုကျင့်ရမယ်;@
မကောင်းမူ့ကို မကြောက်ရင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နဲ့ ကြုံရမယ် ဆိုတာ သိထား ရမယ်
၄။ အကြားအမြင် များပြားခြင်း၊
လောကုတ္တရာ ခေါ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း ဓမ္မ ဆိုင်ရာ အကြောင်းကို
များစွာ ကျွမ်းကျင် သိမြင်မူ့ရှိခြင်း *@သို့သော်: ဗုဒ္ဓ ဟောတာ တစ်ခုက
လူ့ဘဝမှာနေရင် လောကီ လောကုတ္တရာ နူစ်ခုလုံး ဗဟုသုတ ရှိမှ
မျက်လုံး အစုံရှိတဲ့ လူနဲ့ တူတယ်&* လို့ အမိန့်ရှိဖူးတယ်
၅။ ထက်သန်သော လုံ့လ ရှိခြင်း၊
ကောင်းမူ့ လုပ်ဖို့ ရာ ဘယ်သောခါမှ ပျင်းရိခြင်း မရှိပဲ
အမြဲရွင်လန်း နိူးကြားနေရမယ် @*သူတော်ကောင်းတွေဟာ
မိမိတွက်ဖြစ်စေ အများတွက်ဖြစ်စေ သူရော ကိုယ်ရော အပြစ်ကင်းစင်
လောကီ လောကုတ္တရာ ကောင်းကျိုးဖြစ်ထွန်းဖို့ ဆို တွန့်ဆုတ် ပျင်ရိလည့် မရှိကြဘူး
အသိပေးလိုက်ရုံ နဲ့ ထက်ကြွစွာ လုပ်တတ်ကြတယ်
၆။ သတိ ရှိခြင်း၊
ကောင်းမူ့လုပ်ဖို့ရာ အမြဲ အမှတ် ရနေတာ*@မေ့လျှော့ပေါ့ဆစွာ နေလေ့မရှိ
အမြဲတမ်း ကုသိုလ်တရား တွေ နဲ့သာ နေလေ့ရှိကြတယ်
လိုရင် တိုချင်း ဆိုရရင် ကုသိုလ် ဥစ္စာ ပညာ ဤသုံးခုကို
ဘယ်လို အပြစ်ကင်းသော အလုပ်တွေကို လုပ်ရင် ရနိူင်မလဲပေါ့@*
အမြဲ ဆင်ခြင် တွေးနေလည်း ရှိကြပါတယ်
၇။ ပညာ ရှိခြင်း။
@*ဘာအလုပ်ပဲ လုပ်လုပ် အကောင်း နဲ့ အဆိုး
အမှား နဲ့ အမှန် အကြောင်း အကျိုး ဝေဖန်သုံးသပ်ပီး
ဆင်ခြင် ဉာဏ်နဲ့ လုပ်လေ့ရှိတယ် သဘောကတော့
မလုပ်ခင် လုပ်နေစဉ် လုပ်ပီး အချိန်တိုင်း ဆင်ခြင်လေ့ရှိတယ်
ဒါဟာ ပညာရှိတို့ ရဲ့ အလေ့ထပါ* အတုယူနိူင်ကြပါစေ
ဒါဟာ ဗုဒ္ဓဟောတဲ့ သူတော်ကောင်း တို့ သဘောသဘာဝပါပဲ
ရိုးရိုး လွယ်လွယ် သူတော်ကောင်းကို အဓိပ္ပါယ် ဖွင့်မယ်ဆိုရင်
သူတော်ကောင်း ဆိုတာ@>စိတ်ထား ဖြူစင်ပီး ငြိမ်းချမ်းမူ့ ရှိရမယ်
အားလုံးပေါ်မှ ကျောသား ရင်သား မခွဲခြားပဲ
သည်းခံ မေတ္တာထားပီး ကောင်းစွာ ဆက်ဆံရမယ်
တပါးသူက ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ကိုယ်က ကောင်းရမယ်
ဒါမှ သူတော်ကောင်း ဒီလို မဟုတ်ပဲ သင်ကောင်းလျှင် ကျန်ုပ် မဆိုးပါ ဆိုရင်
ဒါဟာ လူ့ ဂွစာပဲ **@
အဲတော့ သင်တို့ကော သူတော်ကောင်းလား
လူ့ဂွစာလား မိမိကို ဆင်ခြင် သုံးသပ်ပါ
သူတော်မဟုတ် သူယုတ် သွားရာ လမ်းဟာ ချမ်းသာ မရှိ
ဆင်းရဲ အတိ ကြောက်စရာ ကောင်းပါတယ်
သူတော်ကောင်းတို့ သွားရာ လမ်းဟာ ငြိမ်းချမ်းလှပါတယ်
သူတော်ကောင်းတို့၏ လားရာ ဂတိ ၂ မျိုး ဟာ
၁။ မြင့်မြတ်သော နတ်ဘုံ, နတ်ဘဝ၊
၂။ မြင့်မြတ်သော လူ့ဘုံ လူ့ဘဝ တို့သာ ဖြစ်ပါတယ်
အားလုံး သူတော်ကောင်းတို့ သွားရာလမ်းကို
ရောက်နိူင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်
@*A Aain*@
Keep Reading