Thoon Kari
နေကြာတွေ ဘယ်အရပ်မျက်နှာမူလဲ မသိချင်ဘူး
ငါကတော့ အမှန်တရားဘက်ကို မျက်နှာမူမယ်
ရတနာတွေ ဘယ်လောက်အဖိုးတန်လဲ မသိချင်ဘူး
ကိုယ်ချင်းစာတရားက အဖိုးတန်မှန်းသိတယ်
ငွေတွေ ဘယ်လောက်အရေးကြီးလဲ မသိချင်ဘူး
ချစ်ခြင်းမေတ္တာက အရေးကြီးမှန်းသိတယ်
ပန်းချီတွေ ဘယ်လောက်လှလဲ မသိချင်ဘူး
လေးစားမှုက လှပမှန်းသိတယ်
စည်းစိမ်တွေ ဘယ်လောက်မက်မောဖို့ကောင်းမှန်း မသိချင်ဘူး
ကောင်းမှုတွေကိုတော့ မက်မောတယ်
ဂုဏ်တွေ ဘယ်လောက်ထိလိုချင်ရကောင်းမှန်း မသိချင်ဘူး
အရည်အချင်းစစ်စစ်တွေသာ လိုချင်တယ်
အတုအယောင်တွေ ဘယ်လောက်နေရာယူထားလဲ မသိချင်ဘူး
အစစ်အမှန်တွေနဲ့ပဲ တည်ဆောက်ထားမယ်။ ။
#thoonkari
#sarphat
စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်?
စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...
Keep Reading