Author's Profile Photo

San G

3/10/2024

Doctor Strange ကပေးတဲ့ သင်ခန်းစာ

1 min read
Health
Education
General Knowledge
Doctor Strange ကပေးတဲ့  သင်ခန်းစာ's photo

ကျွန်တော်ရုံးအားတဲ့ ပိတ်ရက်တရက်တုန်းက
ထွက်ရှိတာကြာပြီဖြစ်တဲ့ ရုပ်ရှင်ကားတစ်ကားကို
ပြန်ကြည့်ဖြစ်တယ်...

အဲ့ဒီဇာတ်ကားနာမည်က Marvel Studioက ရိုက်ကူး
ဖြန့်ချိတဲ့ Doctor Strange ဇာတ်ကားပါပဲ

Marvel ဇာတ်ကားတွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ဆိုရင်တော့ Doctor Strangeဆိုရင်
ဝတ်ရုံအနီကြီးခြုံကာ protalကြီးတွေဖန်တီးပြီး
ဒီကဝင် ဟိုကထွက်နဲ့ အစွမ်းရှိတဲ့ မှော်ပညာရှင်တစ်ဦးဆိုတာ သိပြီးသား...

အဲ့ဒီဇာတ်ကားကြည့်နေရင်းနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာဆိုရင် Doctor Strange ဖြစ်လာမယ့် ပုဂ္ဂိုလ်က
မှော်ပညာသင်ပေးတဲ့ ကျောင်းတော်ကြီးမှာ ရောက်ရှိကာ မှော်ပညာကို ကိုယ်တိုင်သင်နေတဲ့သူတစ်ယောက်

သူက တခြားသူတွေလိုပဲ မှော်ပညာသင်ကြားနေပေမယ့်၊
တခြားသူတွေထက် တတ်မြောက်မှုနှောင့်နှေးနေတယ်
အဲ့ဒါကိုတွေ့တဲ့ မှော်ပညာရှင်ဆရာမတစ်ယောက်က သူ့ကိုခေါ်ယူပြီး လက်နှစ်ဖက် လက်ကောက်ဝတ်ကနေ ဒုံးတိကြီးပြတ်နေတဲ့ ဆရာတစ်ယောက်ကို ခေါ်ယူကာ မှော်အတတ်နဲ့ နည်းစနစ်ကိုတစ်ခေါက်ပြန်ပြ ခိုင်းလိုက်တယ်။

အဲ့မှာ လက်ပြတ်နေတဲ့သူတောင် ဒီကျင့်စဉ်ကျင့်နိုင်ပါလားပေါ့။ နောက်ပြီး မှော်ပညာရှင်ဆရာမက Doctor Strange တို့ ကျင့်နေတဲ့ portalစက်ကွင်းကို သူဖွင့်ပြပြီး နှင်းတွေကျပြီးအေးစိမ့်နေတဲ့ ဟိမဝန္တာတောင်တန်းကြီးပေါ် ထိုportalဝင်ပေါက်မှတဆင့် သူ့ဆရာမနှင့်အတူရောက်ရှိသွားချိန်တွင် အရမ်းကိုဆီးနှင်းခဲတွေကျပြီး ‌ချမ်းစိမ့်နေမှုဒဏ်ကို သူခါးခါးသီးသီးခံစားလိုက်ရတယ်။ ရုတ်တရက် သူ့ဆရာမက ထိုportalမှတဆင့် ကျောင်းတော်ရှိရာသို့ ပြန်ကာ portalကို ပိတ်ပစ်ပြီး ကျောင်းတော်မှနေ၍ Doctor Strange ပြန်ထွက်လာမည့်အချိန်ကိုစောင့်နေလေသည်။

Dr.Strangeလည်း ထိုခဲလုမတတ်အေးစိမ့်နေတဲ့ တောင်တန်းထဲမှ ရုန်းထွက်ရန်အလို့ဌာ ထို portalဖွင့်နည်းကို မရမက ကြိုးစားအားထုတ်ကာ ကျောင်းတော်သို့ ပြန်လည်ရောက်ရှိလေသည်။

ထိုဇာတ်ကားမှ ကျွန်တော်ဘာသင်ခန်းစာရလိုက်သလဲဆိုရင် လူဆိုတာ‌အသက်ဘေးအန္တရာယ်ကြုံမှ ကြိုးစားအားထုတ်မှုကို ပြင်းပြင်းထန်ထန်လုပ်လေ့ရှိတာရယ်၊
ပုံမှန်အချိန်တွေထက် အသက်ဘေးနဲ့ကြုံကြိုက်လာမှ ပိုကြိုးစားအားထုတ်တတ်ကြတာကို သင်ခန်းစာရလိုက်တာနဲ့နည်းတူ...

အရင်က ကျွန်တော်သည် ကွမ်းစားခြင်းကို ကြိုက်နှစ် သက်သူတစ်ဦးဖြစ်၍ မျက်ကန်းတစ္ဆေမကြောက်၊ ကိုယ်တိုင်မဖြစ်ဖူး၊ မကြုံဖူးနေသေးတော့ ကျန်းမာရေး အသိမရှိဘူးလား ၊ ဒီလိုလုပ်ရင် ဒီလုပ်ဖြစ်နိုင်တယ်ဆိုတာမသိဘူးမေးလျှင်လည်း သိတယ်လုပ်တယ်ဆိုတဲ့အမျိုးအစားထဲက...

ကျွန်တော်ကိုယ်တိုင် ခံတွင်းမှာအပူနာလေးပေါက်ကာမှ "ဟာ ...ငါ ကင်ဆာ ဖြစ်တော့မှာလားမသိ "ဆိုပြီး စိုးရိမ်စိတ်ဝင်လာပြီး (ပုံမှန်အချိန်ဆိုဖြတ်ရခက်ခဲ‌တဲ့ စွဲလန်းနေတဲ့ ကွမ်းယာကို)ငါဖြတ်ရင် ကင်ဆာဖြစ်နေရင်တောင် ငါ့အသက်မှီကောင်းပါရဲ့ဟုဆိုကာ၊ ငါ့ကိုယ်ငါပြင်မှ ငါအသက်ရှင်နိုင်မယ်ဟု ဆုံးဖြတ်ချက်ချကာ ကွမ်းယာစားသုံးမှုကို ဖြတ်လိုက်နိုင်သည်။

ဘာအတွက်ကြောင့် ငါ့ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေများတဲ့ ကွမ်းယာစားခြင်းကို ငါဆက်ပြီး မိုက်မဲပြီးစားဦးမှာလဲဟု အသိဝင်ကာ မကောင်းသော အကျင့်ဆိုးကို ပယ်ဖြတ်နိုင်ပေတော့သည်။

Keep Reading

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။