Nway Oo Maung
နေသာသော တနင်္ဂနွေညနေ တစ်ရက် ၁၉လမ်းထဲက ဘီယာဆိုင်တစ်ဆိုင်သို့ လူလတ်ပိုင်းလေးရောက် စကားတပြောပြောနှင့်ဝင်လာကြ၏။ ထိူသူတို့ကား မွေရပ်မြေအညာကနေ ရန်ကုန်သို့တက်လာပြီး အလုပ်လုပ်ကိုင်နေကြသော ခေတ်ပညာတတ်လူငယ်များဖြစ်ကြ၏။ တစ်ရွာထဲသားငယ်သူငယ်ချင်းတွေဆိုတော့ တစ်လတစ်ခါဖြစ်စေ နှစ်လတစ်ခါဖြစ်စေ ဆုံပြီးဘီယာဆိုင်ထိုင့်လေ့ရှိ၏။
ထောင့်ကလွတ်နေတဲ့နေရာမှဝင်ထိုင်ရင်း သာဒင်က"ကဲဘာသောက်ကြမလဲ စည်ဘီယာလား ပုလင်းလား"ဟုမေးလိုက်၏။ ဝက်ကြီးက "Tiger စည်သောက်မယ်ကွာ"ဟုဝင်ပြော၏။ သာရှင်က "မင်းတို့ကြိုက်သာဆော်ကွာ"ဟုပြော၏။တင်မောင်က ဖုန်းပွတ်နေရင်းက "စည်ပဲကောင်းပါတယ်"ဟုမော့မကြည့်ပဲဆို၏။
သာဒင်က waiterကိုလှမ်းခေါ်ရင်း "အမြည်းဘာမှာမလဲ"မေးလိုက်၏။ သာရှင်က "ငါးရှဉ့်ခြောက်စပ်နှင့် ကန်ဇွန်းပလိန်းမှာကွာ"ဟုပြော၏။ waiterကောင်လေးရောက်လာတော့ သာဒင်က"ညီလေး Tiger စည်လေးခွက် ငါးရှဉ်ခြောက်စပ်ရယ် ကန်ဇွန်းပလိန်းအရင်ချပေးနော်"ဟုမှာ၏၊ ထိုစဉ် ဖုန်းပွတ်နေသော တင်မောင်က"ရူဘီတစ်ပွဲကောညီ"ဟု လှမ်းအော်လိုက်၏။ တင်မောင်၏ အသံမဆုံးသေးခင် ဝက်ကြီးက တင်မောင်ကိုလှမ်းဆဲ၏ " ငါ့ ီးမှဖုန်းချထာကွာ တစ်ခါတလေဆုံရတာ ဖုန်းပဲပွတ်မနေနဲ့ အိမ်ရောက်မှပွတ်"ဟုဆဲ၏။ တင်မောင်က ဘာမှပြန်မပြောပဲ အကြောဆန့်ပြီး ဖုန်းအသာချ၏၊ waiterကစည်လေးခွက်အရင်လာချ၏ အမြည်းမရောက်သေးပေမဲ့ ၄ယောက်သား ခွက်ကိုင်မြောက်ကြရင်း ခွက်ချင်းတိုက်ကြ၏။ သာဒင်က ခွက်တွေမချခင် "စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက်"ဟုအော်လိုက်၏။ ဝက်ကြီးက အညာသားတို့ ထိုစံအတိုင်း"ငါ ိုးမ စော်ကြည်ပြီး ထီပေါက်ရင်တော်ပါပြီကွာ ဘီယာသောက်ရင်း နိဗ္ဗာန်တော့ ဆုမတောင်းချင်ပါဘူး" ဟုအရွှင်းဖောတ်၏။ထိုစဉ် မှာထားသော ကန်ဇွန်းရွက်ကြော်နှင့် ငါးရှဉ့်ခြောက်စပ်ကြော်ရောက်လာ၏၊ စည်ဘီယာ တစ်ခွက်မကုန်ခင်ကတော့ တစ်ယောက်နှင့်တစ်ယောက် လူမှုရေး စီးပွါးရေး သာကြောင်းမာကြောင်းတွေလောက်သာပြောဆိုကြ၏၊ ၃ခွက်အကုန်လေးခွက်မြောက်လောက်ရောက်တော့ သာဒင်က "ဟိုနေ့က online shop တစ်ခုက သူpageမှာ Like &Followers များအောင် မေခွန်းမေးတဲ့ပုံစံနဲ့ ဟာသတစ်ခုတင်တာကွာ အောက်ကမန့်တွေဖတ်ပြီး ငါ့တော့မရယ်ရပဲ စိတ်ထဲတစ်မျိုးကြီးကွာ"ဟု စကားအစပ်မရှိထပြောလေ။သာရှင်က "ဘာတွေတင်လို့ ဘာတွေမန့်ပြီး မင်းကစိတ်ထဲတစ်မျိုးဖြစ်နေတာတုန်းဟ"ဟုမေးလိုက်၏၊သာဒင်က "တင်တဲ့ပိုစ်က ဒီလိုကွာ သီပေါမင်းပါတော်မူတော့ သင်္ဘောတက်ခါနီးဘာပြောသွားတုန်းတဲ့ အဲ့လောက်ပဲဟာသအနေနဲ့မေးတာကွာ ဝင်မန့်တဲ့သူတွေရေးထားတာ ကလည်း မင်းတို့တွေးကြည့်ဦး။ "ပက်စ်ပို့ စာအုပ်မပါပဲ နိုင်ငံခြားကိုဖ
ရီးသွားတော့မယ်ပျော်လိုက်တာတို့ "
"စုစုကို့လက်ကိုင်ထားပြုတ်ကြမယ်တို့" ဟာသင်္ဘောကြီးပါလားလို့ "အဲ့ပေါက်ကရတွေမန့်ကြတာ"ဟုပြောလေ၏၊ဝက်ကြီးက "အေးလေသူတိုသူ့ဟာသရေးတာမင်းကဘာဖြစ်ဟု"ပြောပြန်၏။သာဒင်က "သမိုင်းနည်းနည်းလေ့လာပြီး သီးပေါမင်းနေရာကလူသားတစ်ယောက်အနေနဲ့ ဝင်ခံစားကြည့်မိလို့ပါကွာ" ဟုပြောရင်း ငါ့ရှဉ်ခြောက်စပ်တစ်ကောင်ကောက်ဝါး၏။တင်မောင်က ဘီယာတစ်ကြိုက်မော့ပြီး "ဟတယ်ဆိုတဲ့စာပါလား လုပ်စမ်းပါဦး မောင်ရင်"ဟု ဝင်နှောက်၏။ထိုစဉ် သာရှင်က "စကားကလည်းကောင်းနေတာ ဘီယာလည်းမရှိအမြီးလည်းကုန်ပြီဟ ထပ်မှာကြဦး" ဟုလျှာလေးလေးနှင့် ပြော၏၊ သာဒင်က waiter ကိုလက်လှမ်ပြီးအချက်ပေးရင်း အနားရောက်လာသောကောင်လေးကို "ဘီယာ၄ခွက် အဖိုးကြီးသုပ်တစ်ပွဲပေးဦး ညီလေး"ဟုမှာ၏။ ဝက်ကြီးက နောက်ဆုံးကျန်သောကန်ဇွန်းရွက်ကြော်နည်းနည်းကိုတူနှင့်ယူစားရင်းက "ခုနဟာလေးလေးဆက်ပါဦး မင်းတုန်းမင်း ဟာ လွဲကုန်ပြီ သီပေါမင်း အေးအဲ့ဒါလေးလုပ်ပါဦး"ဟုစကားပြန်စ၏။ သာဒင်က "ဒီလိုကွာ သီပေါမင်းက ပထမပြန်အောင်ပြီးသား ပဉ္ဇင်းလူထွက် ရှင်ဘုရင်ဖြစ်ဖို့ စိတ်ကူးရှိခဲ့မှာမဟုတ်ဘူး၊ သူ့ယောက္ခမရှင်ဖြူမရှင်က သားမရှိတော့ စုဘုရားလတ်၏ငယ်ချစ်ဖြစ်သော သီပေါမင်းသားကို မင်းတုန်းမင်အလွန် သူ့ဩဇာအာဏာလွှမ်းမိုးအောင် တိုင်းတာမင်းကြီးနှင့်ပေါင်းပြီးရှင်ဘုရင်တင်တာကွာ၊ နောက်ပြီး ကင်ဝန်မင်းကြီးဦးကောင်းကလည်း ဥရောပတွေဘာတွေရောက်ခဲ့ပြီဆိုတော့ ပဒေသရာဇ်စနစ်ကို အဆုံးသတ်ချင်နေတဲ့သူ၊ သူ့ရည်ရွယ်ချက်က ရှင်ဘုရင်ကိုသူ့ကြိုးကိုင်ရနိုင်မည်သူတင်မယ်၊ပြီးမှ ပဒေသရာဇ်စနစ်ကနေဖြေးဖြေးချင်း အင်္ဂလန် ပြင်သစ်တို့ပုံစံသွားမယ်ပေါ့။ပဒေသရာဇ်စနစ်နဲ့ဆို သိပ်မကြာမှီ အင်္ဂလိပ်လက်အောက်ရောက်တော့မှာသူသိတယ်၊ တိုင်တာမင်းကြီးနှင့် ရှင်ဖြူမရှင်က သူတို့ဩဇာအာဏာအတွက် သီပေါကို ဘုရင်ဖြစ်စေချင်တာ၊ ကင်းဝန်မင်းကြီးက သူ့ရည်ရွယ်ချက်နှင့်သူ သီပေါကိုဘုရင်ဖြစ်ချင်တဲ့ ပန်းတိုင်တူကြတယ်ကွာ ၊ ရည်ရွယ်ချက်မတူးဖူးပေါ့ ၊အဲ့ဒီမှာ မင်းညီးမင်းသားတွေသတ် သီပေါကဘုရင်ဖြစ်သွားတယ်ပေါ့၊ သီပေါလည်း ဘုရင်ဖြစ်ပါလေရော သူ့မိန်းမကြီး စုဘုရားလတ်က ပါဝါကလည်းရှိလာ လူကလည်းထက်မြက်တော့ သူလုပ်ချင်ရာလုပ်တယ်ကွာ၊ဆင်ဖြူမရှင်ကော တိုင်းတာမင်းကြီး ဦးကောင်းကော ဘာမှပြောမရတော့ဘူး။ စုသဘောဖြစ်သွားတာကို ၊အဲ့ဒီမှာ သူ့ကျွန်အောက်ရောက်တယ်ဆိုပါတော့၊ ငါတွေးမိတာက ဘုရားရဲ့စာပေတွေသင်ထားပြီးနှလုံးသားနုညံ့တဲ့လူတစ်ယောက်၊ မြန်မာ့မင်းဆက်၏နောက်ဆုံးလူ၊ ပဒေသရာဇ်နောက်ဆုံးရှင်ဘုရင် ၊
အဲ့ချိန်က မြန်မာပြည်သူတိူ့၏ အသည်းနှလုံးလို့လဲဆိုချင်ဆိုကွာ၊ သူ့ခမျာ နိုင်ငံရပ်ခြားကို အကျဉ်းသားအနေနဲ့ လိုက်ရမည့်အချိန်မှာ မင်းတို့စဉ်းစားကြည့်၊ မြန်မာပြန်တောင်အနှံ့ရောက်ဖူးတဲ့သူမဟုတ်ဘူး၊သင်္ဘောတက်ခါနီး ဘာစကားမှပြောနိုင်မည်မထင်ပါဘူးကွာ"ဟု အဆုံးသတ်လေ၏။"အဒါနဲ့ မင်းက စိတ်ထဲတစ်မျိုးကြီးဆိုပါတော့"ဟု သာရှင်ကဝင်ထောက်လေ၏။
နောက်တွေးမိတာကျန်သေးတယ်ကွ၊
ဆက်ရန်
Keep Reading