SarPhat Author

▪️ခြားနားတဲ့ရလဒ်တွေရချင်ရင်ဖြစ်ဖြစ်၊
▪️ပိုပြီးမြင့်မြင့်ရောက်ချင်ရင်ဖြစ်ဖြစ်၊
▪️ဘဝဦးတည်ချက်ကို ပြောင်းချင်ရင် ဖြစ်ဖြစ်၊ လုပ်နေကျအပြုအမူတွေ၊လုပ်ရပ်တွေကို ပြောင်းလဲဖို့ဆန္ဒရှိရပါမယ်။လုပ်နေကျအလုပ်တွေလုပ်ပြီး မတူတဲ့ရလဒ်ရဖို့ မျှော်လင့်လို့မရပါဘူး။
နေ့စဉ်ဘဝဟာ အလေ့အကျင့်တွေ၊ပုံမှန်လုပ်ရိုးလုပ်စဥ်အလုပ်တွေနဲ့ပြည့်နေလေ့ရှိပါတယ်။ အဲဒီ ခေါက်ရိုးကျိုးနေတဲ့ အပြုအမူတွေကပဲ လက်ရှိဘဝထဲမှာ ပိတ်မိနေစေတာပါ။
တချို့အကျင့်တွေက အကျိုးပြုနိုင်ပေမယ့် တချို့တွေက ကိုယ့်ရည်မှန်းချက်ကို ရောက်ဖို့နဲ့ ကိုယ့်အစွမ်းအစကို မြင်နိုင်ဖို့ အတားအဆီးဖြစ်နေတတ်ပါတယ်။ဒါတွေကို မြင်နိုင်ဖို့အတွက်
▪️ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်မှု၊
▪️ဆင်ခြင်သုံးသပ်မှုနဲ့
▪️ကိုယ့်အားနည်းချက်တွေကို ရင်ဆိုင်ဖို့ သတ္တိလိုအပ်ပါတယ်။
ပြင်သင့်တဲ့အပြုအမူတွေကို သိပြီဆိုတာနဲ့ စပြီးလက်တွေ့ကျင့်ရပါမယ်။ ကိုယ့်လုပ်နေကျ လွယ်ကူတဲ့ဘဝကနေ ထွက်ပြီး ဘာမှန်းမသိတဲ့အရာတွေနဲ့ကြုံရနိုင်တာကြောင့်ခက်ခဲပါတယ်။ ဒါပေမယ့် အပြောင်းအလဲကို လက်ခံကြိုဆိုခြင်းဟာ တိုးတက်ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍပါ။
အောက်ဖော်ပြပါအချက်တွေက နေ့စဉ်လုပ်ငန်းသံသရာကို ချိုးဖောက်ပြီး အောင်မြင်မှုဆီကို ဦးတည်စေပါလိမ့်မယ်။
▫️ ပန်းတိုင်တိတိကျကျသတ်မှတ်ပါ။
ဘာကိုရချင်တာလဲဆိုတာကိုသတ်မှတ်ပြီး အဲဒီသွားဖို့လမ်းစဉ်ကိုပါ ဖန်တီးပါ။ အဲလိုလုပ်ခြင်းဟာ အာရုံစူးစိုက်မှုကိုပို ကောင်းစေပေးပြီး အပြုအမူတွေပြောင်းလဲဖို့အတွက်motivationပေးနိုင်ပါတယ်။
▫️ လုပ်ဆောင်ဖို့ စီမံချက်ရေးဆွဲပါ။
ပန်းတိုင်ကို အသေးစားလေးတွေခွဲပြီးတစ်ခုချင်းစီကိုရရှိနိုင်ဖို့အချိန်ဇယားနဲ့လုပ်ဆောင်ပါ။ အဲလိုလုပ်တာဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီကို သွားနေချိန်မှာ တိုးတက်မှုကိုတိုင်းတာဖို့နဲ့ လမ်းကြောင်းမှန်ပေါ်မှာပဲရှိနေဖို့ ကူညီပေးပါတယ်။
▫️ အကူအညီရှာဖွေပါ။
လမ်းပြဖို့နဲ့ အားပေးမှုတွေရဖို့ သူငယ်ချင်း၊မိသားစု၊ ဆရာတွေနဲ့ ဆက်သွယ်ပါ။ အားပေးတဲ့ ရပ်ဝန်းလေးရှိခြင်းဟာ အခက်အခဲတွေ၊ နောက်ပြန်ဆွဲတဲ့အခြေအနေတွေကို ဖြတ်ကျော်ဖို့ ပိုပြီးလွယ်ကူစေပါတယ်။
▫️ ရှုံးနိမ့်မှုကို လက်ခံပါ။
ကျရှုံးခြင်းဟာ တိုးတက်မှုနဲ့ သင်ယူခြင်းရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်ဆိုတာကို သဘောပေါက်ပါ။ တွန့်ဆုတ်နေမယ့်အစား အခက်အခဲတစ်ခုစီကိုသင်ယူမွမ်းမံဖို့အတွက် အခွင့်အရေးအဖြစ်အသုံးချပါ။
▫️ ကြီးပွားတိုးတက်ချင်စိတ်ကိုမွေးမြူပါ။
တိုးတက်မှုနဲ့ လိုက်လျောညီထွေနေနိုင်တဲ့ ကိုယ့်အရည်အချင်းကို ယုံကြည်ပါ။ စိန် ခေါ်မှုတွေကို အရည်အချင်းအသစ်တွေတိုးတက်ဖို့အခွင့်အရေးလိုရှုမြင်ပြီးလက်ခံကြိုဆိုပါ။
လိုချင်တဲ့ရလဒ်ကို ပြောင်းဖို့ လုပ်နေကျလုပ်ရပ်တွေကိုပြောင်းရပါမယ်။ ပြောင်းရာမှာလည်း
▪️အားထုတ်မှု၊ ▪️တစိုက်မတ်မတ်လုပ်ဆောင်မှုနဲ့ ▪️သက်တောင့်သက်သာဇုံထဲကနေ ထွက်ချင်တဲ့ ဆန္ဒရှိရပါမယ်။
ဒီခရီးစဉ်ဟာ အကွေ့အကောက်အလှည့်အပြောင်းတွေများပေမယ့်
?ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့
?မှန်ကန်တဲ့စိတ်ထားတွေနဲ့သာဆိုရင် ပန်းတိုင်ဆီကိုတိုးတက်မှုနည်းနည်းစီဖြည့်ရင်းချဉ်းကပ်နိုင်မှာပါ။အဲဒီနောက်စိတ်ကူးပုံဖော်ထားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်မှာပါ။
Keep Reading