Author's Profile Photo

Lunar

3/10/2024

ဆန္ဒနှင့်မာန၏ အားပြိုင်မှု

2 mins read
Life Style
Personal Development
General Knowledge
ဆန္ဒနှင့်မာန၏ အားပြိုင်မှု's photo

ဆန္ဒဆိုသည်မှာ လိုချင်မှု၊အလိုရှိမှုဖြစ်သည်။မာနဆိုသည်မှာထောင်လွှားတက်ကြွမှုဖြစ်သည်။ဤအရာနှစ်ခုသည် ကျွန်မတို့လူသားတိုင်း၌ ရှိသည်။အနည်းအများပင် ကွာမည်။


အဖြစ်အပျက်တစ်ခုကို​ေပြာပြမည်။ရွာတစ်ရွာမှာပေါ့။ရွာနာမည်ကိုတော့ မဖော်ပြလိုပေ။ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမတို့၏သားတစ်ယောက်ရှိသည်။ကျေးလက်တောရွာဖြစ်သည့်အလျောက် ပညာတတ်လူတန်းစားနည်းပါးသည်။အစိုးရဝန်ထမ်းရှားပါးသည်။ထို့ကြောင့် လူတိုင်းကထိုဇနီးမောင်နှံကိုလေးစားကြပါသည်။ သို့သော်သူတို့၏သားက မောက်မာထောင်လွှားနေသည်။မိဘနှစ်ပါးဟာ တပည့်များစွာ သင်ကြားပေးနိုင်ပေမယ့် သားဖြစ်သူကိုမူ မဆုံးမနိုင်။မိဘနှစ်ပါးတွင် အဖေဖြစ်သူက ဆုံးမသွန်သင်ပေမယ့်လည်း အမေဖြစ်သူမှာတော့ အလိုလိုက်ကွယ်ကာပေးနေသည်။စည်းစိမ်လည်းရှိ၊မိဘများကလည်း ဂုဏ်သိက္ခါရှိသည့် လူတန်းစားဆိုတော့ သားဖြစ်သူမှာ ထောင်လွှားမောက်မာနေတာဟာ မဆန်း။အဖေဖြစ်သူမှာ အမေဖြစ်သူ၏သားအပေါ်ထားသည့် အတ္တကိုမဖယ်ရှားပေးနိုင်။သားကလည်း သွန်သင်ဆုံးမတာကို လက်မခံချေ။အဖေဖြစ်သူမှာ ဘာသာရေးကိုင်းရှိုင်းသူဖြစ်သည့်အလျောက် ဘုန်းကြီးကျောင်းသွားလေ့ရှိသည်။ရွာသူရွာသားများနှင့် ပူးပေါင်းဆောင်ရွက်ပြီးရပ်ရေးရွာရေးကို ကူညီထောက်ပံ့ပေးသည်။ဒီလိုနှင့်ပင် သွားဖြစ်သူမှာ တက္ကသိုလ်ဝင်တန်းသို့ ရောက်လာသည်။တစ်နေ့သ၌ အဖေဖြစ်သူမှာ ဘုန်းကြိးကျောင်းသို့ရောက်သောအခါ ဆရာတော်က ထိုကျောင်း၌နေ နေသော ဘုန်းကြီးကျောင်းသားလေးက တက္ကသိုလ် ဝင်တန်းရောက်နေပြီးဖြစ်သဖြင့် အိမ်သို့ခေါ်ယူ၍ အနီးကပ်သင်ကြားပေးနိုင်မလား ဟုမေးလေသည်။အဖေဖြစ်သူကလည်းလက်ခံလိုက်လေသည်။သို့သော် အမေဖြစ်သူနှင့်သားဖြစ်သူက သိပ်မကြည်ပေ။အဘယ်ကြောင့်ဆိုသော် အတန်းတူအရွယ်တူဖြစ်သောကြောင့် သားဖြစ်သူနဲ့ပြိုင်ဆိုင်ရမည်ကို သိသောကြောင့် ဖြစ်သည်။အဖေဖြစ်သူမှာတော့ တပည့်ကိုသားလိုသဘောထား ဆက်ဆံလေသည်။သားဖြစ်က အိမ်မှာရောကျောင်းမှာပါ ဘုန်းကြိးကျောင်းကသူငယ်လေးကို နှိမ်၍အမြဲခိုင်း၊အမြဲကဲ့ရဲ့နေလေ၏။ဤသို့ဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ဘုန်းကြီးကျောင်းကသူငယ်လးဟာ ဘုန်းကြီ​ေကျာင်းမှာပဲပြန်သွားနေလေသည်။ဒီလိုနှင့် အောင်စာရင်းထွက်သောအခါ ဘုန်းကြီးကျောင်းက သူကယ်လေးဟာ စာမေးပွဲဂုဏ်ထူးနှစ်ဘာသာနှင့်အောင်မြင်လေသည်။ဆရာကြီး၏သားမှာတော့ စာမေးပွဲကျလေသည်။ဒီတော့ ဆရာကြိးသားက ဘုန်ကြီးကျောင်းကသူငယ်လေးကိုရန်ရျာလေသည်။မင်းကဘာလို့အောင်တာလဲ စသည့်ဖြင့်ပေါ့

သူငယ်​ေလးပြန်ပြောသည်မျမှာ မင်းဟာ မိဘစုံ၊ပစ္စည်းဥစ္ဆာအပြည့်အစုံနှင့် နေရသည်။ဤတော့ မင်းကမာနနှင့်ပေါ့။ငါကမိဘမရှိ ဂုဏ်မရှိ ပစ္စည်းဥစ္ဆာမရှိ၊ငါ့မှာ ဆန္ဒ သာရှိသည်။ထိုဆန္ဒကပဲ ငါ့ကိုဇွဲ၊ဝီရိယတွေကို ဖြစ်စေပြီးကြိုးစားချင်စိတ်ရှိလာအောင်လုပ်ပေးတာ။မင်းသာ မာနကိုလျှော့ပြီး ဆန္ဒနှင့်ကြိုးစားမယ်ဆိုရင် ငါ့ထက်သာမျာပါကွာလို့ ပြန်ပြောလိုက်ပါသည်။


မာနဆိုသည်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် အနည်းငယ်ပင်ရှိသင့်သည်။ထို့ပြင်မာနသည် ဗုဒ္ဓဟောကြားခဲ့သော အကုသိုလ်စေတသိက် တစ်ဆယ့်လေးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ဤလောကတွင် ငါသာအမြတ်ဆုံး၊ငါသာအတော်ဆုံး ဟုကိုယ့်ကိုယ်ကိုမြှောက်ပင့်နေခြင်း ကိုမာနဟုခေါ်သည်။အလံတိုင်ရှိ အလံလိုလေတိုက်လျှင် တစ်လွင့်လွင့် လွင့်နေသလိုပင်ဖြစ်သည်။အလှအပကြောင့် ဘဝပျက်သလို မာနကြောင့်လည်းဘဝပျက်တတ်သည်ကို သတိချပ်သင့်ပေသည်။


ဆန္ဒသည် လိုချင်မှု၊အလိုရှိမှုဖြစ်သည်။ဆန္ဒသည် လောဘနျင့်ဆင်သည်။သို့သော်မတူညီပါ။ဆန္ဒသည် မြှားသမားတစ်ဦးလို အရပ်မျက်နှာတစ်ဖက်သို့ချိန်ရွယ်ပြီး ပစ်လွှတ်ချင်သည့် သဘောဖြစ်သည်။လောဘသည်  မျောက်တစ်ကောင် အစေးကို ကိုင်မိသလို လွှတ်ပစ်မရသလိုပင်ဖြစ်သည်။

မာနသည် ဆက်ဆံရေးတိုင်းအတွက် မရှိသင့်သည် အရာပင်ဖြစ်သည်။မာနရှိသူများသည် အမှားကိုဝန်ခံရန်၊မှားခဲ့လျှင် တောင်းပန်ရန်၊ဝေဖန်မှုကို လက်ခံရန် ၊ပွင့်လင်းမှု မရှိခြင်း စသည့်အချက်များကြောင့် ဆက်ဆံရေးကိုပျက်ပြားစေသည်။ထို့ပြင် မာနသည် သင်ယူရာတွင် အခွင့်အလမ်းနည်းစေသည်။မာနရှိသူသည် ဝေဖန်သုံးသပ်တုံ့​ပြန်မှု၊သူတစ်ပါး၏ပွင့်လင်းမှု ​မြင်ရန်ကိုရန်ခက် ပြီး တိုးတက်မှုကိုအဟန့်အတားဖြစ်စေသည်။မာနလွန်ကဲခြင်းသည် လူတစ်ဦးချင်းစီ၏ အမြင်များ သို့မဟုတ် လိုအပ်ချက်များကို လျစ်လျူရှုနိုင်စေပြီး ပေါင်းသင်းဆက်ဆံနိုင်မှုနှင့် စာနာမှုစွမ်းရည်ကို ကျဆင်းစေသည်။ပူးပေါင်းရန်ငြင်းဆန်ခြင်း၊ အကူအညီရယူခြင်း သို့မဟုတ် မသိနားမလည်ခြင်းကို ဝန်ခံခြင်းသည် တိုးတက်မှု၊ သင်ယူခြင်း သို့မဟုတ် အောင်မြင်မှုအတွက် အခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးစေနိုင်သည်။မာနသည် ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။

ဆန္ဒသည် လုပ်ဆောင်မှုကိုဖြစ်စေပြီး ကျွန်မတို့ကို ရည်မှန်းချက်၊အိမ်မက်၊ပန်းတိုင်တွေဆီကို ရောက်အောင် တွန်းအားပေးသည်။ဆန္ဒသည် ကျွန်မတို့၏ အာရုံစိုက်မှုကိုတိုးစေပြီး ဦးစားပေးသင့်သည့် အရာများကိုပိုမိုသိစေသည်။ခိုင်မာသည့်ဆန္ဒသည် ပြင်းထန်သည့်ဝီရိယနှင့်ခိုင်မာသည့် ဆုံးဖြတ်ချက်တွေကိုဖြစ်ပေါ်စေပြီး မည့်သည့်အတားအဆီးအခက်အခဲကိုမဆို ဖြတ်ကျော်နိုင်ရန်ကူညီပေးသည်။

မာနရှိသူသည် အောင်မြင်ရန်မလွယ်။ဆန္ဒရှိသူသာ အောင်မြင်မှုကိုရရန်အခွင့်အရေးပိုများသည်။ထို့ကြောင့်ပင် ကျွန်မတို့တွင် ဆန္ဒရှိလျှင် ဇွဲလုံ့လဝီရိယစသည်တို့နှင့်ကြိုးစားပြီး မိမိရောက်လိုသည့်ပန်းတိုင်၊ရယူလိုသော အောင်မြင်မှု၊အကောင်အထည်ဖော်ချင်သည့် ရည်မှန်းချက်တွေကို အမှန်တစ်ကယ်ဖြစ်လာရန်လုပ်နိုင်ကြောင်း စာဖတ်သူတွေကို သိမြင်စေချင်ပါသည်။

#ချစ်ခြင်းမေတ္တာဖြင့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)